Sunday, October 11, 2015

စပိန်နဲ့ဆွစ်ဇာလန်ယူရိုခြေစစ်ပွဲအောင်


စပိန်နှင့် ဆွစ်ဇာလန် အသင်းတို့သည် လူဇင်ဘတ်နှင့် ဆန်မာရီနိုအသင်းတို့ကို အသီး သီး အနိုင်ရပြီး ယူရို ၂၀၁၆ ပြိုင်ပွဲ တွင် ပါဝင်ခွင့်ရထားသည်။

လာမည့် နွေရာသီ ပြင်သစ် နိုင်ငံတွင် ကျင်းပမည့် ယူရို ၂၀၁၆ သို့ အသင်းကိုးသင်း ခြေစစ်ပွဲ အောင်မြင်ထားရာ စပိန်နှင့် ဆွစ် ဇာလန်တို့သည် အိမ်ရှင်ပြင်သစ် နှင့်အတူ အင်္ဂလန်၊ ချက်၊ အိုက် စလန်၊ သြစတြီးယား၊ မြောက် အိုင်ယာလန်နှင့် ပေါ်တူဂီနိုင်ငံတို့ နှင့်အတူ ယှဉ်ပြိုင်ခွင့်ရရှိခြင်း ဖြစ် သည်။

စပိန်က လူဇင်ဘတ်ကို လေး ဂိုးဂိုးမရှိဖြင့် အနိုင်ရရာတွင် ကာဇို လာနှင့် ပါကိုအယ်ဆာကာတို့က နှစ်ဂိုးစီ သွင်းယူခဲ့ကြသည်။

ယူရို လက်ရှိချန်ပီယံ စပိန် အသင်းတွင် ဒါဆေးလ်ဗားနှင့် မော်ရက်တာတို့ ဒဏ်ရာများ ကြောင့် စောစီးစွာထွက်ခဲ့ရသော် လည်း လူဇင်ဘတ်ကို သက် သောင့်သက်သာ အနိုင်ရခဲ့သည်။

ယင်းဒဏ်ရာကြောင့် ဆေးလ် ဗားမှာ တစ်လအထိ အနားယူရ ဖွယ်ရှိသည်။

ဆွစ်ဇာလန်က ဆန်မာရီယို အသင်းကို ၅၅ မိနစ်မှ တစ်ဂိုး သွင်းနိုင်ခဲ့သော်လည်း ဒုတိယပိုင်း တွင် ဧည့်သည် ဆန်မာရီယိုအ သင်း ကစားကွက်ပြိုလဲပြီး ခုနစ် ဂိုး ဂိုးမရှိ ရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ယင်းပွဲတွင် ဆွစ်ဇာလန်အ သင်း ပင်နယ်တီသုံးလုံး ရရှိခဲ့ သည်။

နောက်ပွဲစဉ်တစ်ခုတွင် အင်္ဂ လန်က အာဆင်နယ်တိုက်စစ်မှူး ၀ဲလ်ကော့နှင့် စတာလင်တို့၏ ဂိုး များဖြင့် အက်စတိုနီးယားကို နှစ် ဂိုးဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် နည်း ပြရှိုင်းဟော့ဆန်၏ အင်္ဂလန်အ သင်း၏ ယခုအနိုင်ပွဲမှာ ခြေစစ်ပွဲ ကိုးပွဲလုံး အနိုင်ရခြင်းဖြစ်သည်။

အင်္ဂလန် ဦးဆောင်ထား သော အုပ်စု (E) မှာပင် စလိုဗေး နီးယားက လစ်သူယေးနီးယားနှင့် တစ်ဂိုးစီသရေကျခဲ့သဖြင့် စလို ဗေးနီးယား၏ တိုက်ရိုက်ခြေစစ်ပွဲ အောင်ရေး မျှော်လင့်ချက် ဆုံး ခန်းတိုင်ခဲ့သည်။

သို့သော် စလိုဗေးနီးယား အသင်း တတိယနေရာဖြင့် ပြီးဆုံး နိုင်ခြေများ၍ ရှုံးထွက်ကစားပြီး ခြေစစ်ပွဲအောင်နိုင်ခြေ ရှိသည်။

ဆွီဒင်က လက်ချင်စတိန်း ကို ၂-၀ ဂိုးဖြင့် နိုင်သောပွဲတွင် အဖွင့်ဂိုးကို ဘာ့ဂ်က သွင်းယူခဲ့ပြီး နောက် ပထမပိုင်းတွင်ရသော ပင်နယ်တီကို ပီအက်စ်ဂျီ တိုက် စစ်မှူး အဗရာဟီမိုဗစ်က မကန် သွင်းနိုင်ခဲ့သော်လည်း ဒုတိယပိုင်း တွင် တစ်ဂိုး သွင်းယူခဲ့၍ ၂-၀ ရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ယင်းဂိုးမှာ အီဗရာဟီမိုဗစ် ၏ ၅၈ ဂိုးမြောက် နိုင်ငံတကာ သွင်းဂိုးဖြစ်သည်။

အုပ်စု (G) တွင် ရုရှားက မွန်တီနီဂရိုးနှင့် နောက်ဆုံးပွဲကို သရေကျရုံဖြင့် ခြေစစ်ပွဲ တိုက် ရိုက်အောင်မြင်မည်ဖြစ်ကာ ဆွီ ဒင်မှာ တတိယနေရာ ရရှိနိုင် သည်။

Credit :7Day Daily
အောင်မြင့်မြတ်

No comments:

Post a Comment