Wednesday, October 14, 2015

ကျော်မင်းဦးအားဒဏ်ကြေးငွေသိန်း၂၀၀ပေးဆောင်ရန်ဧရာဝတီယူနိုက်တတ်ချမှတ်

မြန်မာ့ လက်ရွေးစင် အသင်းရဲ့ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်သူ ကျော်မင်းဦးအား အသင်း ဂုဏ်သိက္ခာ ထိခိုက်စေမှုဖြင့် ဒဏ်ကြေးငွေ ကျပ်သိန်းနှစ်ရာ ပေးဆောင်ရန် ဧရာဝတီ ယူနိုက်တက် အသင်းမှ ဒဏ်ကြေးငွေ ကျပ်သိန်းနှစ်ရာ ပေးဆောင်ရန် ဆုံးဖြတ် ခဲ့တယ်လို့ သိရပါသည်။
ကျော်မင်းဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြေကြားခဲ့တဲ့ hyper sport အွန်လိုင်းဂျာနယ် တစ်စောင်မှာ အသင်းပြောင်းမယ့် အခြေအနေနဲ့ လက်ရှိ အသင်းမှာ သူရင်ဆိုင်နေရတဲ့ အ ခြေအနေကို ထည့်သွင်း ဖြေကြားခဲ့တာ ဖြစ်ပြီး အဆိုပါ ကိစ္စနဲ့ ပတ်သတ်ပြီး အသင်း တာဝန် ရှိသူတွေက အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ် ခဲ့တာလို့ သိရပါသည်။ “ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက် အနေနဲ့ လက်ရှိ အသင်းထက် လစာတွေ ပိုပေးနိုင်မယ့် အသင်းကိုပဲ ဖြစ်ဖြစ် တစ်စုံတစ်ရာ ထောက်ပံ့မှု ပိုပေးနိုင်မယ့် အသင်းကို ပြောင်းချင်တာ သဘာဝပါ။ဒါပေမယ့် သည်အသင်းမှာ ရှိနေစဉ် သည်အသင်း လစာငွေကို ရယူ ခံစားနေချိန်မှာ အသင်း ဂုဏ်သိက္ခာကို ထိခိုက်အောင် မီဒီယာက ပြောကြားတာကိုတော့ လက်မခံနိုင်ပါဘူး”လို့ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း အထွေထွေ မန်နေဂျာ ကိုဇွဲလှိုင်မှီက ပြောပါသည်။
ဧရာဝတီ ယူနိုက်တက် ဘောလုံးအသင်းဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေနဲ့ ချုပ်ဆိုသည့် စာချုပ်မှာ ပါဝင်တဲ့ အပိုဒ်၁၁၊၁၂၊၁၅နဲ့ ၁၆မှာ ပါရှိတဲ့ နောက်ဆက်တွဲ ဇယား(၁-ဃ) မှာ ပါရှိတဲ့ စည်းကမ်းချက်များ အရ ခုလို အရေးယူခြင်း ဖြစ်တယ်လို့ သိရပါသည်။ ကျော်မင်းဦးဟာ၂၀၁၅ ယူ၂၀ ကမ္ဘာဖလား ပြိုင်ပွဲဝင် မြန်မာ ယူ၂၀အသင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး၂၀၁၅ခုနှစ် အာဆီယံ အကောင်းဆုံး ကစားသမား ဆန်ကာတင် သုံးယောက်စာရင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါသည်။ ယခုလို ဒဏ်ကြေးငွေ ချမှတ်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ကျော်မင်းဦးကို ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် မြန်မာ့ လက်ရွေးစင် အသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံကို ရောက်ရှိနေတာကြောင့် ဆက်သွယ် မရခဲ့ပါ။
သို့သော် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးအား ဖုန်းမှတဆင့် တောင်းပန်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ “သား အမှတ်တမဲ့ ပြောလိုက်မိတဲ့ စကားအတွက် အားလုံးကို တောင်းပန်ချင်ပါတယ်။ အထူးသဖြင့် ဧရာဝတီအသင်းက ပိုင်ရှင်တွေ အကြီးအကဲတွေ တာဝန်ရှိသူတွေ အားလုံးကို အနူးအညွှတ် တောင်းပန်ချင်ပါတယ်။ လူငယ်စိတ်နဲ့ အင်တာဗျူးတစ်ခုမှ မဆင်မခြင်ဘဲ အမှတ်တမဲ့ ပြောလိုက်မိတဲ့ စကားကြောင့် အသင်း သိက္ခာကို နည်းနည်းထိခိုက်မိသလို ဖြစ်သွားတဲ့ အတွက် အရမ်းပဲ စိတ်မကောင်းဖြစ်ပြီး နောင်တရမိပါတယ်။ ကျွန်တော် ဒီလို အဓိပ္ပါယ်မျိုး ပြောတာ မဟုတ်ပါဘူး။ အသင်းကို ထိခိုက်စေလိုတဲ့ ဆန္ဒလုံးဝ မရှိပါဘူး။ လက်ရွေးစင် အသင်းကြီးနဲ့ အရေးကြီးပွဲ ကစားရမှာမို့ ဖုန်းတွေ ပေးထားရလို့ သေချာ မတောင်းပန်နိုင်သေးတာပါ။ မြန်မာပြည် ပြန်ရောက်ရင်လည်း သေချာတောင်းပန်ပါဦးမယ်”လို့ အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်
credit soccer myanmar
အောင်မြင့်မြတ်

No comments:

Post a Comment