Wednesday, October 14, 2015

လာမဲ့ရာသီတွင်ပရီးမီးယားလိဂ်အသင်းတစ်စင်းကိုကိုင်တွယ်လိုကြောင်းအန်တယ်လော့တီပြော

ချယ်လ်ဆီးအသင်းကို ၂၀၀၉-၁၀ ရာသီတွင် ဖလားနှစ် လုံးရအောင် စွမ်းဆောင်ပေးခဲ့ သည့် ရီးရဲလ်နည်းပြဟောင်း အန်ဆယ်လော့တီက ၎င်းသည် အနားမယူမီ ပရီးမီးယားသို့ ပြန် လာပြီး ၂၀၁၆ ရာသီအစတွင် အ သင်းတစ်သင်းကို ကိုင်တွယ်လို ကြောင်း ထုတ်ဖော်ပြောသည်။

အန်ဆယ်လော့တီသည် ထို ရာသီတွင် ချယ်လ်ဆီးနှင့် ပရီးမီး ယားလိဂ် ချန်ပီယံဆုနှင့် အက်ဖ် အေဖလား နှစ်လုံးရခဲ့သော်လည်း နောက်တစ်ရာသီတွင် ဆုများကို မကာကွယ်နိုင်ခဲ့၍ အသင်းမှ ထွက်ခဲ့ရသည်။

ထို့နောက် ပီအက်စ်ဂျီကို ၂၀၁၂-၁၃ ရာသီတွင် လီဂူးဝမ်း ဖလားရအောင် လုပ်ပေးပြီး နောက် ရီးရဲလ်သို့ ပြောင်းခဲ့ကာ ထိုအသင်းနှင့် ချန်ပီယံလိဂ်ဖလား ရခဲ့ပြီးနောက် ယမန်နှစ်က ထွက် ခွာခဲ့သည်။

၎င်းသည် မကြာမီက လီဗာ ပူးနည်းပြ ဖြစ်လာရန် သတင်း များ ထွက်ခဲ့သော်လည်း ဂျာဂန် ကလော့ပ်က ထိုနေရာသို့ ရောက် ရှိခဲ့ပြီ ဖြစ်သည်။

‘‘ပရီးမီးယားလိဂ်မှာ ယှဉ် ပြိုင်ရတာကို ကျွန်တော် အိပ်မက် ခဲ့ပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ အချိန်ကိုလည်း ကျွန်တော် စဉ်းစားရပါတယ်။ အခုဆိုရင် လာမယ့် နှစ်ကုန်အထိ နားမယ်လို့ ကျွန်တော်ကိုယ့်ဘာသာ ပြောထားပါတယ်။ ဇန်နဝါရီလကစလို့ ကျွန်တော် အလုပ်ပြန်လုပ်ဖို့ အဆင်သင့်ဖြစ်မှာပါ။ ဘယ်ကိုသွားရမလဲ မသိပေးပေမယ့် ကမ်းလှမ်းမှုတွေကို အဲဒီအချိန်ကျရင် အကဲဖြတ်သွားမှာပါ’’ ဟု အန်ဆယ်လော့တီက ဆိုသည်။

—Ref: ESPN
အောင်မြင့်မြတ်

No comments:

Post a Comment