လန်ဒန်- လီဗာပူးတိုက်စစ်မှူး ခရစ်စတီယန် ဘန်တီကီသည် ယနေ့ညချယ်လ်ဆီးနှင့်ပွဲတွင် ပါဝင်ရန် ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်ကြောင်း ၎င်းကိုယ်တိုင် ထုတ်ဖော် ပြော ကြားသည်။
ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဘန်တီကီ (၂၄) နှစ်သည် ပြီးခဲ့သည့်အပတ် ပရီးမီးယားလိဂ်၌ ဆောက်သမ်တန်နှင့် သရေကျ သောပွဲတွင် အသင်းအတွက် တစ်လုံးတည်းသောဂိုးကို သွင်းခဲ့ပြီး ဒူးဒဏ်ရာအနည်းငယ်ရခဲ့ကာ လိဂ်ဖလားပွဲတွင် ဘုန်းမောက်ကို နိုင်ပြီး လီဗာပူးကွာတားတက် ခဲ့ရာတွင်မူ မပါဝင်နိုင်ခဲ့ပေ။
‘‘ကျွန်တော် အခြေအနေ ကောင်းပါတယ်။ ပြီးခဲ့တဲ့အပတ် ဆောက်သမ်တန်နဲ့ ပွဲမှာ နည်းနည်းခံစားခဲ့ရပေမယ့် အခုတော့ချယ်လ်ဆီးနဲ့ ပွဲကစားဖို့ပဲ အာရုံစိုက်နေပါတယ်’’ဟု ဘန်တီကီက လီဗာပူးဝက်ဘ်ဆိုက်အား ပြောကြားသည်။
ဘန်တီကီ မပါဝင်ခဲ့သဖြင့် လီဗာပူးသည် လိဂ်ဖလားခေါ် ကက်ပီတယ်ဝမ်းပြိုင်ပွဲတွင် တိုက်စစ်မှူးများအဖြစ် ရော်ဘတ်တို ဖာမီနိုနှင့် အိုရီဂီတို့ကို ထုတ်သုံးခဲ့သည် ။
ဘန်တီကီက ထိုတိုက်စစ်မှူး နှစ်ဦးစလုံးကို ချီးကျူးခဲ့ပြီး အတူတွဲဖက်ကစားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဤအတွင်း ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုကလည်း သောကြာနေ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ၎င်းတို့အသင်း ရာသီကုန်အဆင့်လေးအတွင်း ဝင်ရေး ကတိမပေးနိုင်ကြောင်း ဆိုခဲ့သည်။
လက်ရှိတွင် ဘွတ်ကီဒိုင်များကလည်း ရာသီကုန်အဆင့် လေးအတွင်း ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သည့် အသင်းများဖြစ်လာ ရန် ဝက်စ်ဟမ်း၊ မန်ယူ၊ လက်စတာ၊ စပါးတို့ နောက်တွင်သာ ချယ်လ်ဆီးကို အလေးပေးထား သည်။ —Ref:Goal
No comments:
Post a Comment