ဒီ ဟဲဗီးဝိတ်လက်ဝှေ့သမား Badr Hari နဲ့ Ronaldo တို့ဟာ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ပြီး မော်ရိုကိုနိုင်ငံက ရေကူးကန်တစ်ခုမှာ အတူအပန်းဖြေခဲ့ကြတာပါ။
အဲ့လို အပန်းဖြေနေတဲ့ ဓာတ်ပုံတွေကို Hari ကဝေမျှခဲ့ပြီး Ronaldo ကို ပွေ့ချီထားတဲ့ပုံအောက်မှာ "ဟားဟား ကြင်စဦး ဇနီးမောင်နှံလေးပေါ့" လို့ ရေးသားထားတာပါ။ Ronaldo ကတော့ ပေါ်တူဂီအသင်းဟာ ယူရိုပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် သေချာသွားပြီဖြစ်လို့ စိတ်ချလက်ချ အနားယူနေတာပါ။
Ronaldo ဟာ သူငယ်ချင်းတွေနဲ့အတူ ပင်လယ်စာတွေကို ပျော်ပျော်ပါးပါး စားသောက်ရင်း အနားယူနေခဲ့တာပါ။ ညဘက်မှာတော့ Dinner တစ်ခုကို ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။
ကမ္ဘာကျော်စူပါစတားဟာ အရင်ကတော့ ဒီလိုအချိန်တွေမှာ ချစ်သူဖြစ်သူ အိုင်ရီနာရှက်ခ်နဲ့ အတူ အနားယူခဲ့ပေမယ့် အခုလောလောဆယ်မှာတော့ သူငယ်ချင်းတွေနဲ့ပဲ နှစ်ပါးသွားနေရပါတယ်။
သူဟာ FIFA Balloon D'Or ဆုကို တတိယအကြိမ်မြောက် ရရှိဖို့ ရေပန်းစားနေပြီး သူ့ရဲ့ ယခုနှစ်ရာသီအစ ခြေစွမ်းတွေကလည်း အားရစရာကောင်းနေခဲ့ပါတယ်။
ဒါကြောင့် Ronaldo အတွက်တော့ ယခုလက်ရှိ ကာလတွေဟာ ပျော်စရာကာလတွေနဲ့ ပြည့်နေခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင်ရေမွှေး မှတ်တမ်းရုပ်ရှင်တွေ ကြောင့်လည်း လူပြောများလျက် ရှိနေပါတယ်။
Paing A K
- Credit : Thithtoolwin
No comments:
Post a Comment