Monday, October 12, 2015

နယ်သာလန်နှင့်အတူပွဲ ၁၀၀ပြည့်စံချိန်တင်ခဲ့တဲ့ဗန်ပါစီ


ဖီနာဘာချီအသင်း တိုက်စစ်မှူး ဗန်ပါစီသည် နယ်သာလန် အသင်းနှင့်အတူ ပွဲ (၁၀၀) ပြည့်ခဲ့သည့် စံချိန်တစ်ရပ် ရှိခဲ့ကြောင်း သိရသည်။

နယ်သာလန်က ကာဇက်စတန်ကို (၁-၂) ဂိုးဖြင့် အနိုင်ရသည့် ပွဲတွင် အာဆင်နယ်နှင့် မန်ယူ ကစားသမားဟောင်း ဗန်ပါစီသည် လူစားလဲ ကစားသမားအဖြစ် ၀င်ရောက် ကစားရင်း ပွဲ(၁၀၀)ပြည့် စံချိန်တင်ခဲ့သည်။

အဆိုပါ ပွဲတွင် နယ်သာလန်အတွက် အနိုင်ဂိုးများကို ၀ီနယ်လ်ဒမ်နှင့် ဆနိုက်ဒါ တို့က သွင်းယူခဲ့ခြင်း ဖြစ်သည်။ နယ်သာလန်အသင်းသည် နိုင်ပွဲ ရခဲ့သော်လည်း တူရကီအသင်း၏ ပွဲစဉ်ကို စောင့်ကြည့်ရမည် ဖြစ်ပြီး ပလေးအော့ဖ် ၀င်ခွင့်ရရှိရေး ခက်ခဲသွားပြီ ဖြစ်သည်။

ဗန်ပါစီက အရေးပါသည့် နိုင်ပွဲရရှိခဲ့ခြင်းကြောင့် ကျေနပ်မိကြောင်း၊ သို့သော် ပွဲ (၁၀၀) ပြည့်တွင် လူစားလဲအဖြစ် ပါဝင်ခွင့်ရခြင်းကို မနှစ်သက်ကြောင်း၊ မိမိတို့ အသင်းတွင် အဓိက ဂိုးသမားများ ဒဏ်ရာရနေခြင်းကို စိတ်ပျက်မိကြောင်း ဟြေခဲ့သည်။

နယ်သာလန်အသင်း နည်းပြ ဒန်နီဘလင်းက ဗန်ပါစီ၏ ကြံ့ခိုင်မှု အကောင်းဆုံး ပုံစံတွင် မရှိသောကြောင့် ပွဲထွက် ကစားသမားအဖြစ် အသုံးမပြုခြင်း ဖြစ်ကြောင်း ဟြေကြားခဲ့သည်။

Credit : Messenger
အောင်မြင့်မြတ်

No comments:

Post a Comment