Tuesday, October 13, 2015

ရွှေဖိနပ်ဆုသည်မက်ဆီအတွက်သီးသန့် ဆုဖြစ်ကြောင်းနေမာပြောကြားခဲ့

ဘာစီလိုနာအသင်း တိုက်စစ်မှုး နေမာက ဖီဖာ ရွှေဖိနပ်ဆုသည် ကစားသမား မက်ဆီအတွက် သီးသန့်ဆုဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ဖီဖာရွှေဖိနပ်ဆုသည် တစ်ဦးချင်း ထူးချွန်သော ကစားသမားကို ပေးအပ်ခြင်းဖြစ်ပြီး မက်ဆီသည် အကောင်းဆုံး ကစားသမား ဖြစ်သောကြောင့် ယင်းဆုနှင့် ထိုက်တန်သူဖြစ်ကြောင်း နေမာက ဆိုခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် ၂၀၁၅ အတွင်း ဘာစီလိုနာကို တစ်ရာသီအတွင်း ဖလားသုံးလုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်း ၊ အာဂျင်တီးနား အသင်းနှင့်အတူ ကိုပါ အမေရိကဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ခြင်း စသည့်အချက်များကြောင့် ဖီဖာရွှေဖိနပ်ဆု ရရှိရန် ရေပန်းအစားဆုံး ဖြစ်နေသည်။

ဘရာဇီး လက်ရွေးစင် ကစားသမား နေမာကလည်း မိမိအနေဖြင့် မက်ဆီကို ဖီဖာရွှေဖိနပ်ဆု ရစေချင်ကြောင်း၊ မက်ဆီသည် ဖီဖာရွှေဖိနပ်ဆုနှင့် ထိုက်တန်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။

နေမာက မိမိသည် ဖီဖာရွှေဖိနပ်ဆု ဆန်ခါတင် သုံးဦး စာရင်းထဲတွင် မျှော်မှန်း ထားသော်လည်း ယင်းဆုနှင့် အမှန်တကယ် ထိုက်တန်သူမှာ မက်ဆီ တစ်ဦးတည်းသာရှိကြောင်း မိမိသည် မက်ဆီကြောင့် တိုးတက်လာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မက်ဆီသည် ဒဏ်ရကြောင့် အနားယူရခြင်းကြောင့် ဘာစီလိုနာ တိုက်စစ်ကို နေမာက ဦးဆောင်နေရပြီး ဖိအားများ ကြုံတွေ့နေရကြောင်း သိရသည်။

နေမာက မိမိသည် ဆန်းတို့စ်တွင် ကစားစဉ် ငယ်ရွယ်သူဖြစ်သော်လည်း ဖိအားများကို ကိုင်တွယ်နိုင်ကြောင်း၊ ဘာစီလိုနာအသင်းသို့ ရောက်သောအခါ အရာရာ မတူညီတော့ကြောင်း သို့သော်လည်း မိမိအနေဖြင့် ဖိအားများကို ကြောက်နေမည် မဟုတ်ကြောင်း မက်ဆီ ဒဏ်ရာမှ ပြန်လည် သက်သာရန် ဆုတောင်းပေးနေကြောင်း ပြောကြားခဲ့သည်

No comments:

Post a Comment