မန်ယူကွင်းလယ်ဖန်တီးရှင် ဒီကစားသမားကတော့ မန်ယူမှာပဲ ပျော်ရွှင်နေပြီး စပိန်ကိုပြန်မယ်ဆိုတဲ့ သတင်းတွေက ကောလဟာလာမျှသာ ဖြစ်တယ်လို့ ပြောပါတယ်။
Mata ဟာ အင်္ဂလန်ကို ၂၀၁၁ ခုနှစ်မှာ ရောက်ခဲ့တာဖြစ်ပြီး ဗလင်စီယာ အသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းခဲ့တာပါ။ အဲ့ဒီနောက် ၂၀၁၄ ဇန်နဝါရီမှာ ချယ်လ်ဆီးကနေ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။
အခုဆိုရင်တော့ အင်္ဂလန်မြေမှာ Mata ကျင်လည်နေတာ ငါးနှစ်ကျော်ခဲ့ပါပြီ။ ငါးနှစ် အတောအတွင်း အောင်မြင်မှုတွေရခဲ့သလို အတွေ့အကြုံတွေလည်း ရနေပါပြီလို့ Mata က ပြောပါတယ်
"ကျွန်တော် မန်ယူမှာ ပျော်နေပါပြီ။ တစ်ခါတစ်လေတော့ စပိန်မြေက မိသားစုလေးကို လွမ်းပေမယ့် ကျွန်တော် အင်္ဂလန်မှာ လုပ်ပြစရာတွေ အများကြီး ကျန်သေးတယ်လို့ ထင်ပါတယ်။
အင်္ဂလန်မှာ ကစားရတာကတော့ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းတွေ ရစေတယ်လေ။ ဒီနိုင်ငံရဲ့ ဘောလုံးလိဂ် တည်ဆောက်ပုံနဲ့ ပရိတ်သတ်တွေရဲ့ ဘောလုံးကို ရူးသွပ်မှုတွေက အင်္ဂလန်ရဲ့ အကောင်းဆုံး အချက်တွေပေါ့။ ကစားသမားတိုင်း အင်္ဂလန်မှာ တစ်နှစ်လောက်လာရောက် ကစားစေချင်ပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် သူက "ကစားသမားတွေမှာ တစ်ယောက်ကို တစ်ယောက် လေးစားမှုတွေရှိသလို ရိုင်းပင်းမှုတွေလည်း ရှိတယ်လေ။ နာမည်ကျော် အသင်းကြီးတွေရဲ့ ပရိသတ်တွေကတော့ ဘယ်လောက်ပဲ ရှုံးရှုံး အားပေးမြဲပဲ။ ဒီလို စိတ်ဓာတ်မာကျောတဲ့ ပရိသတ်တွေက ကစားသမားတွေကို ပိုကြိုးစားဖို့ တွန်းအားပေးတယ်လေ။ ဒါကတော့ စပိန်နဲ့ကွာတဲ့ အချက်ပဲ။ ဒီက ပရိသတ်တွေက ဘောလုံးအကြောင်းကို ပိုနားလည်ကြတယ်" လို့ El Pais သတင်းနဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာပါ။
No comments:
Post a Comment