Sunday, November 1, 2015

ချယ်လ်ဆီးအိမ်ကွင်းတွင် လီဗာပူးကို ဂိုးပြတ်ရှုံး၊ ဘိုင်ယန် ၁၀ ပွဲဆက် နိုင်ပွဲစံချိန်ရပ်တန်

 စနေညပိုင်း အစောဆုံး ကစားခဲ့သည့် ပရီးမီးယားပွဲစဉ် ၁၁တွင် လက်ရှိချန်ပီယံ ချယ်လ်ဆီးသည် အိမ်ကွင်း၌  လီဗာပူးကို၃-၁ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး လီဗာပူးနည်းပြသစ် ကလော့ပ်အတွက် ပထမဆုံးလိဂ်နိုင်ပွဲဖြစ်သွားစေခဲ့သည်။

လီဗာပူးသည် တိုက်စစ်တွင် ဒဏ်ရာမှပြန်ကောင်းလာသော ဘန်တီကီကို ထည့်သွင်းကစားခဲ့ ပြီး ၎င်းနှင့် ကော်တင်ဟိုတို့ ခြေစွမ်းပြခဲ့ကာ ဖာမီနိုမှာလည်း တွဲဖက်ကစားနိုင်ခဲ့သည်။ ပွဲအစပိုင်းတွင် ချယ်လ်ဆီးမှ ရာမီးရက်စ် သွင်းသောဂိုးကို နောက်မှလိုက် ကစားခဲ့ပြီးမှ ပထမပိုင်းပြီးခါနီး ၌ ကော်တင်ဟိုက တစ်ဂိုးသွင်း ယူပြီး ၇၄ မိနစ်တွင် တစ်ဂိုးထပ်မံသွင်းပြီးနောက် ဘန်တီကီက ၈၃ မိနစ်တွင် တတိယဂိုးထပ် သွင်းပြီး ချယ်လ်ဆီးကို ထိန်းချုပ်သွားနိုင်ခဲ့သည်။

ချယ်လ်ဆီးသည် ပွဲအစ ၄မိနစ်တွင် ရာမီးရက်စ်ခေါင်းတိုက်ဂိုးကြောင့် ဦးဆောင်နိုင်ခဲ့သော်လည်း လီဗာပူးသည်ကွင်းလယ်နှင့် တိုက်စစ်အပေးအယူမျှခဲ့ပြီး ချေပဂိုးကို ပထမပိုင်းပြီးခါနီးအချိန်ပို ၄၅ မိနစ်တွင် ကော်တင်ဟိုက ဂိုးရှေ့မှ ထောင့်ကွေးကန်သွင်းပြီး ချေပဂိုးရယူခဲ့သည်။

ထို့နောက် ချယ်လ်ဆီးတို့ ပြန်လည်ဖိအားပေးရန်ကြိုးစားသော်လည်း လီဗာပူးက ပိုကောင်းခဲ့ပြီး ၇၄ မိနစ်တွင် ဆက်ခိုပေးပို့သောဘောလုံးကို ဘန်တီကီက ချပေးရာ ကော်တင်ဟိုက ချယ်လ်ဆီးမှ တယ်ရီနှင့် ဂိုးသမား ဘီဂိုဗစ်တို့ ကြားမှ ဖြတ်သွင်းပြီး ဒုတိယဂိုးရ ခဲ့သည်။

ဒုတိယဂိုးပေးရပြီးနောက် ချယ်လ်ဆီးဘောလုံးပိုင်ဆိုင်မှုရ ရန် ကြိုးစားသော်လည်း လီဗာပူး က ဖိကစားနိုင်သောကြောင့် အရာ မရောက်ဘဲဖြစ်နေရာ ပြီးခါနီး ၈၃ မိနစ်တွင်မူ လူကပ်မခံထားရသော ဘန်တီကီက ပင်နယ်တီ အစပ်မှ အပိုင်ကန်သွင်းပြီး တတိယဂိုးရယူခဲ့သည်။ ချယ်လ်ဆီးသည် ယခုပွဲအရှုံးကြောင့် ပရီးမီးယားလိဂ် ၁၁ ပွဲတွင် သုံးပွဲသာနိုင်သေးသည်။ နည်းပြသစ်ကလော့ပ် မှာမူ လီဗာပူးနှင့်ကတ်ပီတယ်ဝမ်းဖလားတွင်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင်လည်း ချယ်လ်ဆီးကို အဝေးကွင်းအနိုင်ရကာ မျက်နှာပန်းလှခဲ့သည်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲ တွင်  ပရီးမီးယားလိဂ် ဆက်တိုက် ရှုံးပွဲများကြောင့် ရာထူးမှ ထုတ်ပယ်ခံရမည်ဟု သတင်းထွက်နေ သည့် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုသည် မည်သည့်မေးခွန်းမှဖြေ စရာမရှိဟုဆိုကာ ငြင်းပယ်ခဲ့ သည်။

စနေနံနက်အစောပိုင်း ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ် (၁၁) တွင်မူ ဘိုင်ယန်မြူးနစ်သည် ဖရန့်ဖတ်နှင့် အဝေးကွင်းပွဲ ကစားခဲ့ရာ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးခဲ့ကာ ယခုရာသီတွင် ၁၀ ပွဲဆက်နိုင်လာခဲ့သည့် စံချိန်ပထမ ဆုံးရပ်တန့်သွားခဲ့သည်။

—Ref:Goa

No comments:

Post a Comment