Saturday, November 7, 2015

အာဆင်နယ် အသင်းတွင် ဒဏ်ရာပြဿနာများပြားနေခြင်း ကို အလွန်စိုးရိမ်နေသည်ဟု အာ စင်ဝင်းဂါးက ပြောကြားပြီး ယနေ့ ကစားမည့် စပါးနှင့် လန်ဒန်ဒါဘီ ပွဲအား ဘယ်လာရင် လွဲချောမည် ဖြစ်ကာ ကွန်ဆီယယ်နီမှာလည်း ကြံ့ခိုင်မှု စစ်ဆေးခံရမည်ဟုပြော သည်။ အာဆင်နယ်တွင် ဦးစားပေး ကစားသမားအများအပြား ဒဏ် ရာရရှိနေပြီး ထိုအထဲ၌ နောက် တန်းယာအစွန်လူ ဘယ်လာရင်နှင့် ကွန်ဆီယယ်နီတို့လည်း ပါဝင် သည်။ ဗဟိုနောက်တန်းလူ ကွန် ဆီယယ်နီမပါဝင်ခဲ့၍ အာဆင် နယ်က ချန်ပီယံလိဂ်တွင် ဘိုင် ယန်အား ၅-၁ ဖြင့် မရှုမလှရှုံးနိမ့် ခဲ့သည်။ ‘‘ကွန်ဆီယယ်နီပါကောင်း ပါနိုင်ပါတယ်။ ဘယ်လာရင်က တော့မကစားနိုင်ပါဘူး’’ဟု ဒါဘီ ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲ တွင် ၀င်းဂါးက ပြောကြားသည်။ ဆက်လက်၍ ‘‘ကျွန်တော်အရမ်း ကို စိုးရိမ်နေပါတယ်။ နိုဝင်ဘာပဲ ရှိသေးတယ်။ ကစားသမားအ များကြီးမရှိဘူးဖြစ်နေတယ်။ ခရစ္စမတ်ကာလကိုလည်း ဖြတ်ကျော်ရ ဦးမယ့်အချိန်မှာ ဒဏ်ရာရကစား သမားတွေများနေလို့ အလွန်ပဲ စိုး ရိမ်ပူပန်နေပါတယ်’’ဟု ၀င်းဂါး က ပြောသည်။ ချိန်ဘာလိန်၊ ၀ဲလ်ကော့၊ ရမ်ဆေးတို့သည် နိုဝင်ဘာလကုန် ပိုင်းအထိ ပါဝင်နိုင်မည်မဟုတ်ဘဲ ၀ီလ်ရှိုင်းယားမှာ ဒီဇင်ဘာလ လယ်ကျမှ ပါလာဖွယ်ရှိသည်။ ရို ဆစ်စကီးနှင့် ၀ဲလ်ဘတ်တို့မှာ လည်း ဇန်န၀ါရီအထိ ကစားနိုင် မည်မဟုတ်ပေ။ စပါးနှင့် ပွဲသည်ခါတိုင်းနှစ်များကဲ့သို့ပင် ခက်ခဲလိမ့်မည်ဟု ၀င်းဂါးကဆက်လက်ပြော သည်။              -Ref:Reuters

အာဆင်နယ် အသင်းတွင် ဒဏ်ရာပြဿနာများပြားနေခြင်း ကို အလွန်စိုးရိမ်နေသည်ဟု အာ စင်ဝင်းဂါးက ပြောကြားပြီး ယနေ့ ကစားမည့် စပါးနှင့် လန်ဒန်ဒါဘီ ပွဲအား ဘယ်လာရင် လွဲချောမည် ဖြစ်ကာ ကွန်ဆီယယ်နီမှာလည်း ကြံ့ခိုင်မှု စစ်ဆေးခံရမည်ဟုပြော သည်။

အာဆင်နယ်တွင် ဦးစားပေး ကစားသမားအများအပြား ဒဏ် ရာရရှိနေပြီး ထိုအထဲ၌ နောက် တန်းယာအစွန်လူ ဘယ်လာရင်နှင့် ကွန်ဆီယယ်နီတို့လည်း ပါဝင် သည်။ ဗဟိုနောက်တန်းလူ ကွန် ဆီယယ်နီမပါဝင်ခဲ့၍ အာဆင် နယ်က ချန်ပီယံလိဂ်တွင် ဘိုင် ယန်အား ၅-၁ ဖြင့် မရှုမလှရှုံးနိမ့် ခဲ့သည်။

‘‘ကွန်ဆီယယ်နီပါကောင်း ပါနိုင်ပါတယ်။ ဘယ်လာရင်က တော့မကစားနိုင်ပါဘူး’’ဟု ဒါဘီ ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲ တွင် ၀င်းဂါးက ပြောကြားသည်။

ဆက်လက်၍ ‘‘ကျွန်တော်အရမ်း ကို စိုးရိမ်နေပါတယ်။ နိုဝင်ဘာပဲ ရှိသေးတယ်။ ကစားသမားအ များကြီးမရှိဘူးဖြစ်နေတယ်။ ခရစ္စမတ်ကာလကိုလည်း ဖြတ်ကျော်ရ ဦးမယ့်အချိန်မှာ ဒဏ်ရာရကစား သမားတွေများနေလို့ အလွန်ပဲ စိုး ရိမ်ပူပန်နေပါတယ်’’ဟု ၀င်းဂါး က ပြောသည်။

ချိန်ဘာလိန်၊ ၀ဲလ်ကော့၊ ရမ်ဆေးတို့သည် နိုဝင်ဘာလကုန် ပိုင်းအထိ ပါဝင်နိုင်မည်မဟုတ်ဘဲ ၀ီလ်ရှိုင်းယားမှာ ဒီဇင်ဘာလ လယ်ကျမှ ပါလာဖွယ်ရှိသည်။ ရို ဆစ်စကီးနှင့် ၀ဲလ်ဘတ်တို့မှာ လည်း ဇန်န၀ါရီအထိ ကစားနိုင် မည်မဟုတ်ပေ။ စပါးနှင့် ပွဲသည်ခါတိုင်းနှစ်များကဲ့သို့ပင် ခက်ခဲလိမ့်မည်ဟု ၀င်းဂါးကဆက်လက်ပြော သည်။              -Ref:Reuters

No comments:

Post a Comment