ယမန်နေ့က ကစားသော အစောပိုင်းပွဲစဉ်များတွင် ဂျာမနီ ဘွန်ဒက်စ်လီဂါ၌ ဖရန့်ဖတ်အ သင်းနှင့် ဂိုးမရှိသရေကျခဲ့သဖြင့် ဘိုင်ယန်မြူးနစ်၏ ရာသီအစ ဆယ်ပွဲဆက်တိုက် နိုင်ပွဲအဆုံး သတ်သွားခဲ့သည်။
ယင်းအတွက် ၁၉၆၀-၆၁ က အင်္ဂလန်မှ စပါးအသင်း တင် ထားခဲ့သော ရာသီအစ ၁၁ ပွဲ ဆက်တိုက်နိုင်သော စံချိန်ကို လိုက်မမီခဲ့ပေ။
စပါး၏ စံချိန်မှာ ဥရောပ ထိပ်တန်းဘောလုံးလိဂ် ငါးခုတွင် အကောင်းဆုံးဖြစ်နေဆဲ ဖြစ်သည်။
ဘိုင်ယန်အတွက် အကောင်း ဆုံး အခွင့်အရေးကို ပွဲချိန် ၁၁ မိနစ်တွင် ဗီဒယ်က ရရှိခဲ့သော် လည်း ဖရန့်ဖတ်ဂိုးသမား လူ ကက်စ်က အကောင်းဆုံး တုံ့ပြန် ခဲ့သည်။
ဘိုင်ယန်နှင့် တွေ့ဆုံသော နောက်ဆုံးခြောက်ပွဲ ရှုံးနိမ့်ထား သည့် ဖရန့်ဖတ်အတွက် ကျေ နပ်စရာဖြစ်သည်။
စပိန်နိုင်ငံတွင် ဒီပို့တီဗိုနှင့် တစ်ဂိုးစီ သရေကျခဲ့သော အက် သလက်တီကို မက်ဒရစ်မှာလည်း ယာယီအားဖြင့် ဇယားထိပ် ရောက်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။
အက်သလက်တီကိုအတွက် သီယာဂို ဂိုးသွင်းခဲ့ပြီး ပီရက်ဇ်က ဒီပို့ဒီဗိုအတွက် ချေပဂိုးသွင်းယူ သွားခဲ့သည်။
ပြင်သစ်မှ ပီအက်စ်ဂျီ၏ ရန်း နက်စ်အသင်းအပေါ် နိုင်ပွဲတွင် ဒီမာရီယာက တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သည်။
ယင်းအတွက် အင်္ဂါနေ့တွင် ရီးရဲလ်နှင့် ချန်ပီယံလိဂ်ပွဲ ကစား ရမည့် ပီအက်စ်ဂျီအတွက် တွန်း အားတစ်ရပ်ဖြစ်ခဲ့သည်။
—Ref: AP
No comments:
Post a Comment