၁၅ အတွက် Ballon d’Or ဆုကိုတော့ ဘာစီလိုနာရဲ့ တိုက်စစ်မှူး Messi သာ ရရှိနိုင်ပြီး သူကတော့ လာမယ့်နှစ်တွေမှာ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ ရီးရဲလ်စတား Ronaldo က ITV ရဲ့ Jonathan Ross Show မှာ ခန့်မှန်းစကားပြောခဲ့တာပါ။
Ronaldo ဟာ Ballon d’Or ဆုကို နှစ်နှစ်ဆက်တိုက် ရရှိထားပြီး အခုနှစ်မှာတော့ မက်ဆီဟာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် ဘာစီလိုနာ အသင်းနဲ့အတူ အောင်မြင်မှုတွေ ဆွတ်ခူးထားနိုင်ခဲ့တာကြောင့် Messi က ပိုပြီး ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။
"ဒီဆုဟာ မဲပေးတဲ့သူတွေပေါ်မှာ မူတည်ပြီး Messi ကသာရရှိဖို့ အခြေအနေ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ခြေစွမ်းက မနှစ်က အတော်လေး ကို ကောင်းမွန်ခဲ့ပြီး ကိုယ့်ကိုကိုယ်တော့ အားရမိပါတယ်။ သူကတော့ လာလီဂါ နဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရယူနိုင်ခဲ့တော့ ပိုကောင်းမွန်ခဲ့ပါတယ်။ ကစားသမားဘဝ တစ်လျှောက်မှာ အကောင်းမွန်ဆုံး ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဥရောပမှာ ဂိုးသွင်းအများဆုံး တိုက်စစ်မှူး ဖြစ်ခဲ့လို့ ဂုဏ်ယူမိတယ်ဗျာ"လို့ ပြောပါတယ်။
" FIFA က ဒီဆုကို ပေးတာ ရှစ်နှစ်ရှိပြီ အကြိမ်ရေ အများစုကိုတော့ ကျွန်တော်တို့ နှစ်ယောက်ကပဲ ရယူနိုင်ခဲ့လို့ ဂုဏ်ယူမိတယ်။ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ သူနဲ့ ကျွန်တော်က ငယ်သူငယ်ချင်းတွေ မဟုတ်ကြ ပေမယ့်လည်း တစ်ယောက်ကို တစ်ယောက် လေးစားမှု အပြည့်ရှိတယ်"လို့ CR7 က ပြောပါတယ်။
ဒါပေမယ့် Ronaldo ဟာ လာမယ့်နှစ်တွေမှာတော့ ဒီဆုကို ရရှိနိုင်အုံးမယ်လို့ ယုံကြည်နေပြီး မြင့်မားတဲ့ ခြေစွမ်းကို နောက်ထပ် သုံးလေးနှစ်လောက်အထိ ထိန်းထားနိုင်အုံးမယ်လို့ ယုံကြည်နေပါတယ်။
"နောက်ထပ် ငါးနှစ် ၊ ခြောက်နှစ်လောက် ဆက်ကစားချင်သေးတယ်။ ကျွန်တော်ကတော့ အမှတ်တရဖြစ်စေမယ့် ပစ္စည်းတွေကို ရယူချင်သေးတယ်။ အဲ့လို ပစ္စည်းတွေကို မရယူနိုင်ခဲ့ရင် တစ်ဦးချင်း ထူးချွန်ဆုတွေလည်း ရနိုင်မှာ မဟုတ်ဘူးထင်တယ်"လို့ ထပ်မံပြောကြားခဲ့ပါတယ်။
Credit : Thithtoolwin
No comments:
Post a Comment