ဂျာမနီ၊ အင်္ဂလန်တို့နှင့် ခြေစမ်းပွဲများ ကစားမည့် ပြင်သစ်အသင်းတွင် တိုက်စစ်မှူး ဘန်ဇီးမားနှင့် ကွင်းလယ်လူ ဗော်ဘူနာ တို့ နှစ်ဦးစလုံးကို ချန်လှပ်ထား ခဲ့သည်။
ဗော်ဘူနာပါဝင် ပတ်သက် သော ညစ်ညမ်းခွေစုံစမ်းစစ်ဆေး မှု တစ်စိတ်တစ်ပိုင်းအရ ငွေညှစ် ရန် ကြိုးပမ်းမှု၊ ရာဇ၀တ်မှုဆိုင်ရာ ပူးပေါင်းကြံစည်မှုများ၌ ပါဝင်မှု ဖြင့် ဘန်ဇီးမားကို ပြင်သစ် အစိုးရရှေ့နေများက တရားစွဲဆို ထားသည်။
ဘန်ဇီးမား၏ ရှေ့နေက အမှုကို ငြင်းဆိုထားသည်။ သို့သော်ဘန်ဇီးမားသည် ပေါင်ဒဏ် ရာလည်း ရရှိထားသဖြင့် ပြင်သစ် နည်းပြ ဒက်စ်ချမ့်က ၎င်းအား ချန်လှပ်ထားခဲ့သည်။
‘‘ဘန်ဇီးမားဒဏ်ရာရနေပါ တယ်။ ဒါကြောင့် သူအသင်းမှာ မပါပါဘူး’’ဟု ဒက်စ်ချမ့်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လိုင်ယွန်ကွင်းလယ်လူ ဗော်လ်ဘူနာသည်လည်း လတ်တလော၌ မှန်ကန်သော စိတ်အခြေအနေတွင် မရှိဟု ၎င်းကဆက်လက်ပြောပြီး အနားပေးရန် ဆုံးဖြတ်လိုက်သည်ဟုဆိုသည်။
ပြင်သစ်အသင်းသည် ဂျာမနီကို နိုဝင်ဘာ ၁၄ ရက်တွင် ပါရီမြို့၌ ဧည့်ခံကစားမည်ဖြစ်ကာ နောက် လေးရက်အကြာတွင် အင်္ဂလန် သို့ သွားရောက်ကစားရမည်ဖြစ် သည်။
—Ref:Goal
No comments:
Post a Comment