မန်ယူအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေမှာ ဒဏ်ရာရခဲ့တဲ့ ကစားသမားတွေကြောင့် အခက်ကြုံနေရတယ်လို့ သိရပါတယ်။ မန်ယူအသင်းရဲ့ အားထားရတဲ့ လူငယ်ကစားသမား အန်သိုနီမာရှယ်ဟာ မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ပွဲစဉ်မှာ အနည်းငယ်ပြင်းထန်တဲ့ ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
သူဟာ ပွဲချိန် ၆၇ မိနစ်မှာတော့ Greizmann နဲ့ လူစားလဲခံခဲ့ရပါတယ်။ အင်္ဂလန်အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ပြင်သစ်နည်းပြ Deschamps ကတော့ ဘယ်လောက် အနားယူရမယ်ဆိုတာကို ပြောခဲ့ခြင်း မရှိဘဲ "မာရှယ်ဟာ အနည်းငယ် နာကျင်သွားပုံပါပဲ။ သူရဲ့ ခြေထောက်နားကို ထိတာ နည်းနည်းပြင်းတဲ့ပုံပဲ"လို့သာ ပြောခဲ့ပါတယ်။
အဲ့ဒီပွဲမှာတော့ ပြင်သစ်အသင်းဟာ Alli, Rooney တို့ရဲ့ဂိုးတွေနဲ့ အင်္ဂလန်အသင်းကို အရှုံးပေးခဲ့ရပါတယ်။ အင်္ဂလန်အသင်းကတော့ သူတို့ရဲ့ ချိုမြိန်တဲ့နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး အကောင်းဆုံးပုံစံကို တွေ့ခဲ့ရပါတယ်။ မန်ယူအသင်းကတော့ နိုင်ငံတကာပွဲတွေမှာ အဓိက ကစားသမားတွေဖြစ်တဲ့ မာရှယ် နဲ့ ကာရစ်တို့ ဒဏ်ရာရခဲ့တာကြောင့် အခက်ကြုံနေရတယ် လို့လည်း သိရပါတယ်။
ကာရစ်ကတော့ စပိန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ကာရစ်ရဲ့ ဒဏ်ရာကတော့ ခန့်မှန်းထားသလောက် မဆိုးဝါးခဲ့ဘဲ ဒီဇင်ဘာလအစမှာ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။
မာရှယ်ဒဏ်ရာကတော့ ဘယ်လောက် အနားယူရမယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒဏ်ရာရနေတဲ့ မန်ယူရဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီကတော့ ဒဏ်ရာကနေ ပြန်ကောင်းလာပြီဖြစ်ပြီး လေ့ကျင့်ခန်း ပြန် ဆင်းနေနိုင်ပြီလို့ သိရပါတယ်။
သူကတော့ ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်း ကနေ နှုတ်ထွက်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မန်ယူနည်းပြ Van Gaal ကတော့ ကစားသမားတွေရဲ့ ဒဏ်ရာကြောင့် ခေါင်းခဲလျက်ရှိပြီး ဗလင်စီယာ၊ မာရှယ်၊ ကာရစ်တို့ကတော့ ဒဏ်ရာရစာရင်းကို ထပ်တိုးစေခဲ့တာပါ။
နိုင်ငံတကာပွဲစဉ်တွေရဲ့ အကျိုးသက်ရောက်မှုတွေကို မန်ယူအသင်းကတော့ ခါးစည်းခံနေရပါတယ်။
Credit : Thithtoolwin
No comments:
Post a Comment