လန်ဒန်-ချန်ပီယံလိဂ် အုပ်စုပွဲစဉ် များကို ကြာသပတေး နံနက်အ စောပိုင်း ကစားခဲ့ရာ အာဆင်နယ်အသင်းသည် ဘိုင်ယန်ကို ထင်မှတ်သလို မကျော်ဖြတ်နိုင်ဘဲ ၅-၁ ဂိုးပြတ် ရှုံးခဲ့ကာ အုပ်စု တက်ရေး မရေမရာဖြစ်ခဲ့ပြီး ချယ်လ်ဆီးမှာမူ ဒိုင်နမို အသင်း ကို ၂-၁ ဂိုးဖြင့် နိုင်ကာ အခြေအနေ ပြန်ကောင်းသွားသည်။
ယခုနံနက်ပိုင်း ပွဲများအပြီးတွင် ရုရှားကလပ် ဇင်းနစ်က လိုင်ယွန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရ ပြီးနောက် အုပ်စုမှတက်ရန် သေ ချာသွားသည့် တတိယမြောက်အ သင်း ဖြစ်ခဲ့ကာ ရီးရဲလ်နှင့် မန် စီးတီးတို့နောက် ထပ်မံရောက်ရှိ လာခြင်းဖြစ်သည်။
ဘိုင်ယန်သည် ပထမအ ကျော့ အာဆင်နယ်နှင့် တွေ့ဆုံ စဉ် ၂-၀ ဂိုးဖြင့် လန်ဒန်၌ ရှုံးခဲ့ရ ခြင်းကို ယခုအိမ်ကွင်းပွဲတွင် လက် စားချေနိုင်ခဲ့ပြီး အုပ်စုပထမဖြင့် တက်နိုင်ရန် နီးစပ်သလောက် ဖြစ် သွားသည်။
ယခုပွဲတွင် ဘိုင်ယန်အတွက် အဖွင့်ဂိုးကို လီဝမ်ဒေါစကီးက ၁၀ မိနစ်၌ သွင်းယူခဲ့ပြီးနောက် မူလာ၊ အလာဘာ၊ ရော်ဘင်တို့က ဂိုးများ ဆက်တိုက်သွင်းကာ ပွဲပြီးခါနီး ၈၉ မိနစ်တွင် မူလာက ၎င်း၏ ဒုတိယ မြောက်ဂိုးကို ထပ်သွင်းကာ ၅-၁ ဂိုးရလဒ်ဖြင့် အောင်ပွဲခံခဲ့သည်။
အာဆင်နယ်သည် ပွဲတွင်ဂိုး ပေးများ သကဲ့သို့ ဘောလုံးပိုင်ဆိုင် မှုလည်း နည်းခဲ့ရပြီး ဂျီရော့ဒ်က ၆၉ မိနစ် လေးဂိုးပြတ် ရှုံးနေ ချိန်တွင် ချေပဂိုးတစ်ဂိုး ပြန်သွင်း နိုင်ခဲ့ခြင်းသာ ရှိခဲ့သည်။
ပရီးမီးယားလိဂ်၏ နောက်ထပ်တစ်သင်း ဖြစ်သည့် ချယ်လ် ဆီးကလည်း အိမ်ကွင်းတွင် ဒိုင် နမိုကိယက်ကို နိုင်ခဲ့သောကြောင့် အုပ်စု (G) ၌ ဒုတိယ ဖြစ်လာခဲ့ပြီး တတိယဒိုင်နမိုကို ၂ မှတ်ဖြတ်ကာ အုပ်စုတက်ရန် အခြေအနေ ပို ကောင်းသွားသည်။
ထိုပွဲတွင် ချယ်လ်ဆီးအတွက်အဖွင့်ဂိုးကို ကွင်းလယ်လူဝီလီယမ်၏ ညာတောင်ပံ ဖြတ်တင်ဘောကို ဒိုင်နမိုမှ ဒရာဂိုဗစ်နှင့် ထိမိပြီး ဝင်ခဲ့သောကြောင့် ကိုယ့်ဂိုးကိုယ်သွင်း၍ တစ်ဂိုးရခဲ့ပြီး ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒရာဂိုဗစ်က ဒုတိ ယပိုင်း ၇၇ မိနစ်တွင် ချေပဂိုး ပြန်သွင်းရာ သရေဖြစ်နေပြီး ချယ်လ်ဆီးက ကြိုးစားခဲ့သည်။
ထို့နောက် ဝီလီယမ်ကပင် ပွဲပြီးခါနီး ၈၃ မိနစ်တွင် ဖရီး ကစ်တစ်ဂိုး အပိုင်ကန်သွင်းပြီး ချယ်လ်ဆီးအတွက် အနိုင်သုံး မှတ် သေချာခဲ့သည်။
ကျန်ပွဲများတွင် ဘာစီလိုနာ က ဘိတ်ကို အိမ်ကွင်း၌ ၃-၀ ဂိုးပြတ်ဖြင့် နိုင်ခဲ့ပြီး အုပ်စု (E) တွင် ၁၆သင်းအဆင့် တက်လုနီး ဖြစ်ခဲ့ကာ ထုံးစံအတိုင်း နေမာနှစ် ဂိုး၊ ဆွာရက်ဇ်တစ်ဂိုး သွင်းယူပေး ခဲ့သည်။
အီတာလျံအသင်း ရိုးမားက လေဗာကူဆင်ကို အိမ်ကွင်းနိုင်ပွဲ ၃-၂ ဂိုးဖြင့် ရခဲ့ပြီး အခြားစပိန်အသင်းဖြစ်သည့် ဗလင်စီယာမှာမူ ဘယ်လ်ဂျီယံကလပ် ဂျန့် ကို ၁-၀ ဂိုးဖြင့် အဝေးကွင်း၌ ရှုံးခဲ့ရသည်။
ရိုးမားသည် ယခုနိုင်ပွဲကြောင့် အုပ်စု (E) ဒုတိယဖြစ်ခဲ့ပြီး ပေါ် တိုကလည်း အဝေးကွင်းတွင် အစ္စ ရေးကလပ် မက်ကာဘီကို ၃-၁ ဂိုးဖြင့် နိုင်ကာ အုပ်စု (G) ထိပ်ဆုံး ဖြစ်ကာ နောက်တစ်ဆင့် ၁၆ သင်းအဆင့် တက်ရန် ပိုမိုနီးစပ်ခဲ့ သည်။ —Ref: Goal
No comments:
Post a Comment