Friday, November 27, 2015

လာလီဂါပွဲစဉ်၁၃ိံပွဲကြို

စပိန်လာလီဂါပွဲစဉ် ၁၂ မှာ ရီးယဲလ်မက်ဒရစ်က ဘာစီလိုနာကို အိမ်ကွင်းဘာနေဗျူးမှာ ဂိုးပြတ်ရှုံးတယ်။ ဒီတစ်ပတ်မှာလည်း ရီးယဲလ်မက်ဒရစ်ဟာ လက်ရှိခြေကောင်းနေတဲ့ အီဘားနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ရင်ဆိုင်ရမယ်။ ဒါကြောင့် ရီးယဲလ်မက်ဒရစ် အနေနဲ့ နိုင်ပွဲပြန်လည် ရယူနိုင်ပါ့မလား ဆိုတာကို စောင့်ကြည့်ရမယ်။

လီဗန်တေး - ဘက်တစ် (သောကြာ ည ၂ နာရီ)
လီဗန်တေးက ဒီရာသီမှာခြေစွမ်းပိုင်း အတော်လေး အားနည်းမှုတွေ ရှိနေတယ်။ အသင်းလိုက်ကစားပုံက ခံစစ်အားနည်းမှုတွေ ရှိနေပြီး အိမ်ကွင်းမှာ တစ်ပွဲသာ နိုင်သေးတယ်။ ဘက်တစ်ကတော့ အဝေးကွင်းကစားပုံ ကောင်းမွန်ပြီး အဝေးကွင်းတစ်ပွဲသာ ရှုံးသေးတယ်။ ဘက်တစ်ပဲ နိုင်ပွဲ ရသွားမှာပါ။

ဘာစီလိုနာ - ဆိုစီဒက် (ည စနေည ၉ နာရီ ၃၀ မိနစ်)
နည်းပြ အပြောင်းအလဲနဲ့အတူ ဆိုစီဒက် ခြေပြန်လည် တည်ငြိမ်လာကာ အိမ်ကွင်းမှာ ဆီဗီလာကို အနိုင်ရခဲ့တယ်။ ဒါပေမယ့် ဆိုစီဒက် အနေနဲ့ နူကမ့်မှာ ဘာစီလိုနာကို တုံ့ပြန်နိုင်ဖို့လောက် အထိတော့ ပြည့်စုံမှု မရှိသေးပါဘူး။ မက်ဆီပါ ပြန်ပွဲထွက်လာနိုင်တဲ့ ဘာစီလိုနာကသာ နိုင်ပွဲရသွားမှာပါ။

အက်သလက်တီကို - အက်စ်ပန်ညို (စနေည ၁၀ နာရီ ၄၅ မိနစ်)
အက်စ်ပန်ညိုက မာလာဂါကို အနိုင်ယူပြီး သုံးပွဲဆက်တိုက် ရလဒ်မကောင်းခဲ့မှုကို ရပ်တန့်နိုင်ခဲ့တယ်။ ဒါပေမယ့် အဝေးကွင်းပွဲစဉ်တွေမှာ ဆိုရင်တော့ အက်စ်ပန်ညို ဟာ ခံစစ်ကစားပုံ အားနည်းတတ်တာကို သတိပြုရမယ်။ အိမ်ကွင်းမှာ အက်သလက်တီကိုပဲ နိုင်ပွဲရသွားမှာပါ။

မာလာဂါ - ဂရန်နာဒါ (စနေည ၂ နာရီ)
မာလာဂါက အက်စ်ပန်ညိုကို ရှုံးနိမ့်မှုနဲ့အတူ တန်းဆင်းဇုန်ထဲကို ရောက်သွားတယ်။ မာလာဂါရဲ့ခြေစွမ်းနဲ့ တိုက်စစ်ပိုင်းကလည်း ဒီရာသီမှာ အတော်လေး အားနည်းတယ်။ ဒါပေမယ့် ဂရန်နာဒါကလည်း ခြေစွမ်းပိုင်း အားနည်းမှုတွေ များတယ်။ မာလာဂါ အိမ်ကွင်းမှာ ဒီပွဲတော့ အနိုင်ရသွားမှာပါ။

လက်စ်ပါးမက်စ် - ဒီပို့တီဗို (စနေည ၃ နာရီ ၃၀ မိနစ်)
လက်စ်ပါးမက်စ်က နောက်ဆုံးပွဲစဉ်မှာ ဗလန်စီယာကို သရေကစားတယ်။ စပါးအသင်း နောက်ဆုံးလေးပွဲမှာလည်း အရှုံးတစ်ပွဲသာ ရှိတယ်။ ဒါပေမယ့် ဒီပို့တီဗိုကလည်း နောက်ဆုံးပွဲစဉ်မှာ ဆယ်တာဗီဂိုကို အနိုင်ရခဲ့သလို ခြေစွမ်းလည်း မဆိုဘူး။ လက်စ်ပါးမက်စ်ကို သရေလောက်ပဲ ရမယ်။

ဆယ်တာဗီဂို - ဂီဂျွန် (စနေည ၃ နာရီ ၃၅ မိနစ်)
ဒီပို့တီဗိုကို ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးလေးပွဲမှာ သုံးပွဲမြောက်အရှုံးနဲ့ ရင်ဆိုင်လိုက်ရတဲ့ ဆယ်တာဗီဂိုခြေက ကျဆင်းလာပါတယ်။ အထူးသဖြင့် ခံစစ်ကျစ်လျစ်မှု ပျောက်ဆုံးလာပြီး အဲဒီလေးပွဲမှာ ၁၂ ဂိုးအထိ ပေးခဲ့ရပါတယ်။ ဒါပေမယ့် ဂီဂျွန်က ခြေမငြိမ်သလို ဆယ်တာဗီဂို ကွင်းလည်းဖြစ်တော့ ဆယ်တာဗီဂို နိုင်ဖို့တော့ရှိတယ်။

အီဘား - ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေ ည ၉ နာရီ ၃၀ မိနစ်)
အီဘားက အခုနောက်ပိုင်း ကစားပုံမဆိုးဘူးလို့ ဆိုနိုင်တယ်။ အထူးသဖြင့် အိမ်ကွင်းကစားပုံ ကောင်းမွန်မှုရှိပြီး အိမ်ကွင်းရှုံးပွဲ တစ်ပွဲသာ ရှိသေးတယ်။ ဒါပေမယ့် ရီးယဲလ်မက်ဒရစ်ကလည်း ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ရတာကြောင့် နိုင်ပွဲပြန်ရဖို့ အားစိုက်လာမှာပါ။ ရီးယဲလ်တို့ နိုင်ပွဲ ပြန်ရသွားဖို့တော့ ရှိပါတယ်။

ဗယ်လီကာနို - ဘီလ်ဘာအို (တနင်္ဂနွေ ည ၁၁ နာရီ ၄၅ မိနစ်)
ဘီလ်ဘာအိုက အိမ်ကွင်းနဲ့ အဝေးကွင်းခြေစွမ်း မမျှတပါဘူး။ ဘီလ်ဘာအိုဟာ အဝေးကွင်း ပွဲစဉ်တွေမှာဆိုရင် တိုက်စစ်ပိုင်းကအစ ဂိုးသွင်းအား သိသိသာသာ ကျဆင်းတတ်ပါတယ်။ ဗယ်လီကာနိုက ခြေသာမန်သာရှိပေမယ့် အိမ်ကွင်းအားနဲ့ ဖိကစားမှာပါ၊ ဘီလ်ဘာအိုတို့ နိုင်ရင်တောင်မှ မပြတ်သားနိုင်ဘူး။

ဆီဗီလာ - ဗလန်စီယာ (တနင်္ဂနွေည ၂ နာရီ)
ဆီဗီလာရော ဗလန်စီယာပါ ပွဲစဉ် ၁၂ မှာနိုင်ပွဲတွေ ပျောက်ဆုံးခဲ့ရတာကြောင့် ဒီပွဲမှာ နိုင်ပွဲပြန်ရဖို့ အားစိုက်လာမှာပါ။ ဒါပေမယ့် ဗလန်စီယာ အဝေးကွင်း ပွဲစဉ်တွေမှာ ခံစစ်ကစားပုံ မငြိမ်သလို ဆီဗီလာ တိုက်စစ်ကလည်း အိမ်ကွင်းပွဲတွေမှာ သိသိသာသာ အားကောင်းတတ်ပါတယ်။ ဆီဗီလာနိုင်ပွဲ ရသွားမှာပါ။

Credit : The Mirror

No comments:

Post a Comment