Thursday, November 12, 2015

မက်ဆီ၊ အဂူရိုနှင့် တီဗက်ဇ်မပါသော်လည်း ဘရာဇီးကို အာဂျင်တီးနား ခြိမ်းခြောက်နို

သောကြာနေ့တွင် ကစားမည့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ပြိုင် ဘက်အာဂျင်တီးနားအသင်းတွင် မက်ဆီ၊ အဂူရိုနှင့် တီဗက်ဇ်တို့မပါဝင်နိုင်သော်လည်း ဘရာဇီးကို အပြည့်အဝခြိမ်းခြောက်နိုင်ကြောင်း ဂိုးသမားကတ်ဆီယိုက သတိပေးသည်။


ကိုရင်သီယန်ဂိုးသမား ကတ်ဆီယိုသည် ဗျူနိုအေးရိစ်တွင် အဝေးကွင်းသွားကစားရ မည့် ထိုခြေစစ်ပွဲ၌ ၎င်းတို့ ဘရာဇီးက ဒဏ်ရာရထိပ်တန်းကစား သမားများ ရှိနေသည့် အိမ်ရှင် အာဂျင်တီးနားကို သက်သက်သာသာယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ဆိုသည်။ သို့သော် အာဂျင်တိုင်းအသင်းသည် တောင့်တင်း ကြောင်း သတိပေးသည်။

‘‘သူတို့ တစ်ဦးချင်းရဲ့ အရည်အသွေးတွေကို ကျွန်တော်သိပါ တယ်။ ဒါပေမဲ့ မက်ဆီ မရှိလို့ ဆို

ပြီး သူတို့ကို အထင်မသေးသင့် ပါဘူး။ အာရုံစိုက်ကစားဖို့ လိုပါတယ်။ အာဂျင်တီးနားဟာ အမြဲပဲတောင့်တင်းပါတယ်’’ ဟု ကတ်ဆီယိုက ဆိုသည်။

ကတ်ဆီယိုသည် အာဂျင်တီးနားနှင့်ပွဲတွင် ပထမဂိုးသမား အဖြစ် ပွဲထွက်ရန် မျှော်လင့်နေပြီး ၎င်းသည် ကိုရင်သီယန်နှင့် ယခုရာသီတွင် ဂိုးကာကွယ်မှု (၉၇) ကြိမ်လုပ်ပေးခဲ့ကာ အသင်းကို ဘရာဇီးလိဂ်တွင် ဂိုးပေးရ အနည်းဆုံးဖြစ်အောင် ပြုလုပ်ပေး ထားသည်။

—Ref:Goal
အောင်မြင့်မြတ်

No comments:

Post a Comment