ဘာစီလိုနာ တိုက်စစ်မှူး Messi ဟာ မန်စီးတီးအသင်းနဲ့ တစ်ပတ်ကို ပေါင်ရှစ်သိန်းအထိ ပေးချေရမယ့် အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
The Sun သတင်းစာရဲ့ ဖော်ပြချက်အရတော့ Messi ရဲ့ အေးဂျင့်ဖြစ်သူတွေဟာ ကစားသမားဖြစ်သူ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး သူ့ရဲ့ တစ်နှစ်လုပ်ခကို ပေါင်သန်း လေးဆယ်လောက်အထိ စံချိန်တင် ပေးချေဖို့ ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အေးဂျင့်ဖြစ်သူတွေကတော့ Messi ကို လာလီဂါကနေ ခေါ်ထုတ်ပြီး နောက်နှစ် နွေရာသီမှာ ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့ ကစားစေလိုနေတာလည်း ဖြစ်ပါတယ်။
Messi ဟာ ဘာစီလိုနာမှာ တစ်ပတ်ကို ပေါင်ငါးသိန်းအထိ စံချိန်တင်ရရှိနေတဲ့ စာချုပ်သက်တမ်းကတော့ နှစ်နှစ်လောက် ကျန်နေသေးပြီး သူနဲ့ တွဲဖက်တိုက်စစ်မှူးဖြစ်တဲ့ Neymar ဟာလည်း အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် မန်စီးတီးအသင်းကတော့ Messi သာ အသင်းကနေ ထွက်ဖို့ဆန္ဒရှိမယ်ဆိုရင်တော့ ငွေအလုံးအရင်းသုံးပြီး အင်္ဂလန်မြေကို ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။
လတ်တလော ထုတ်ပြန်ချက်တွေအရ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲမယ့် အသင်းဟာဆိုရင်တော့ တစ်နှစ်ကို ရုပ်သံဝင်ငွေ ပေါင်သန်း ၁၅၀ လောက်အထိ ရရှိနိုင်မယ်ဆိုတာကြောင့် ချန်ပီယံမျှော်မှန်းနေတဲ့ အသင်းဖြစ်တဲ့ မန်စီးတီးအနေနဲ့ Messi ကို ခေါ်ယူနိုင်ဖွယ် ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
မန်စီးတီးဟာ ဘာကာနည်းပြဟောင်း Guardiola ကိုလည်း အသင်းမှာ လာရောက်နည်းပြဖို့ မျှော်လင့်နေပြီး အကယ်လို့သာ ရောက်ရှိသွားရင် Messi အနေနဲ့ ဆရာဟောင်းနဲ့သာ ပြန်လက်တွဲချင်မှာ ဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။
Credit : 7Day Daily
No comments:
Post a Comment