Sunday, November 29, 2015

2016မှာမြန်မာနိုင်ငံအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်အားကစား၃ပွဲ

၂၀၁၆ အတွင်း  မြန်မာနိုင်ငံက  ဆူဇူကီးဖလား မဲနှိုက်ရွေးချယ်ခြင်း အပါအ၀င် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲ သုံးပွဲ ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

၂၀၁၆ နိုဝင်ဘာ ၁၉ ရက် မှ ဒီဇင်ဘာ ၁၇ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုရေးဆွဲခြင်း အခမ်းအနားကို သြဂုတ်  ၃ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုလတွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံပြိုင်ပွဲကို လာမည့်နှစ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားပြီး ပြိုင်ပွဲကို ၂၀၁၆ ဇူလိုင် ၇ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်သည်။

ထို့ပြင် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မန္တလေးမြို့၌ ၂၀၁၆ ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့လက်ရွေးစင်အသင်း ၀င်ရောက်ယှဉ်ပြိုင်မည့် အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလား နောက်ဆုံးအဆင့် ပြိုင်ပွဲကို ရန်ကုန်မြို့၌ နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပြိုင်ပွဲများ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် အာဆီယံဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် အပါအ၀င် တာဝန်ရှိသူများ အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Credit : 7Day Daily

No comments:

Post a Comment