ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက အသစ်ထုတ်ပြန်သော ကမ္ဘာ့အဆင့်သတ်မှတ်ချက်စာ ရင်းတွင် ဘယ်လ်ဂျီယံနိုင်ငံက ပထမဆုံးအကြိမ် နံပါတ် (၁) နေ ရာသို့ တက်လှမ်းသွားခဲ့သည်။
ယမန်နှစ် ကမ္ဘာ့ဖလားတွင် ကွာတားဖိုင်နယ်အထိသာ တက် ရောက်ခဲ့သော်လည်း ယူရို ၂၀၁၆ ခြေစစ်ပွဲများ၌ နှစ်ပွဲအနိုင်ရရှိ ပြီးနောက် ဘယ်လ်ဂျီယံက (၂) ဆင့် မြင့်တက်ခဲ့သည်။
ကမ္ဘာ့ဖလားချန်ပီယံ ဂျာမ နီက အာဂျင်တီးနား၏ အထက်အဆင့်(၂) နေရာတွင် ရှိနေသည်။ပေါ်တူဂီက နံပါတ် (၄) နေရာရ ယူထားပြီး ချီလီက (၅) နေရာတွင် ရှိနေသည်။ ထိပ်ဆုံး (၂၀) စာရင်းကို ဥရောပနှင့် တောင်အမေရိ ကအသင်းများက လွှမ်းမိုးထား သည်။
မက္ကဆီကိုသည် ကွန်ကာကဖ် ဇုန် ထိပ်သီးအသင်းဖြစ်ပြီး (၂၃) တွင် ရပ်တည်နေသည်။ အယ်လ်ဂျီးရီးယားက အာဖရိကအကောင်းဆုံးအဖြစ် နံပါတ် (၂၅) နေရာတွင်ရှိနေသည်။ အီရန်က အာရှထိပ်သီးအဖြစ် နံပါတ် (၄၃) ကို ရယူထားသည်။
—Ref:AP
No comments:
Post a Comment