မြန်မာ့လက်ရွေးစင် အသင်းသည် ၂၀၁၆ ခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်လေ့ကျင့်ဖွယ် ရှိနေကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအပြီးတွင် နိုင်ငံတကာပွဲများ ယှဉ်ပြိုင်ရန် မရှိသောကြောင့် လေ့ကျင့်မှု ရပ်နားထားပြီး ၂၀၁၆ ခုနှစ်အတွင်း ပြုလုပ်မည့် အစီအစဉ်များနှင့် ပတ်သတ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်တို့ ညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် ၂၀၁၆ ခုနှစ်အတွင်း ဇန်န၀ါရီလတွင် Merlion Cup ပြိုင်ပွဲ ၊ မတ်လတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ် ဇွန်လတွင် အာရှဖလား ခြေစစ်ပွဲနှင့် နိုဝင်ဘာလတွင် ဆူဇူကီးဖလားပြိုင်ပွဲတို့ ယှဉ်ပြိုင်ရန် ရှိနေကြောင်း သိရသည်။
Credit : Daily Eleven
No comments:
Post a Comment