မြန်မာနေရှင်နယ်လိဂ် ထိပ်တန်းကလပ် ကမ္ဘောဇအက်ဖ် စီအသင်းသည် လက်ရှိအသင်း၏ အမည်ကို အခြားအမည်တစ်ခုသို့ ပြောင်းလဲရန်စီစဉ်နေပြီး ယင်း အမည်သစ်ဖြင့် ၂၀၁၆ မြန်မာ လိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။
‘‘ကမ္ဘောဇအသင်းက ရာသီ သစ်မှာ အသင်းနာမည်အသစ် တစ်ခုနဲ့ ၀င်ပြိုင်ဖို့ စီစဉ်နေတယ်။ အဖွဲ့ချုပ်ကိုတော့ တရားဝင်စာ တင်တာ မရှိသေးပေမယ့် အသင်း နာမည်ပြောင်းဖို့ စီစဉ်နေတာ တော့ မှန်ပါတယ်’’ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးကပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ကိုယ်စားပြု ကမ္ဘောဇအက်ဖ်စီအ သင်းသည် ၂၀၀၉ မြန်မာလိဂ်ပြိုင် ပွဲများ စတင်ကျင်းပစဉ်ကတည်း က ယှဉ်ပြိုင်ခဲ့သည့် အသင်းဖြစ်ပြီး ၂၀၁၀ အမှတ်ပေးပြိုင်ပွဲတွင် ဒုတိ ယနေရာရရှိခဲ့သော်လည်း အမှတ် ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခြင်း မရှိသေးပေ။ သို့သော် ၂၀၁၃တွင် စင်ကာပူလူမျိုး ဆီဗာဂျီလက် ထက်၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် ရှုံးထွက်ချန်ပီယံဆုဖလားကို ရရှိခဲ့သည်။
ကမ္ဘောဇအသင်းအား ကမ္ဘောဇဘဏ်လီမိတက်က အဓိကပံ့ပိုးထားပြီး အသင်း၏ အိမ်ကွင်းအဖြစ် ပရိသတ်ခုနစ်ထောင်ဆံ့ တောင်ကြီးအားကစားကွင်း ကို အသုံးပြုထားသည်။
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းများတွင် ပဲခူးတိုင်း ကိုယ်စားပြု ဥဿာယူနိုက်တက် အသင်းက ဟံသာဝတီယူနိုက်တက်အသင်းအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ်ကိုယ်စားပြု ရက္ခပူရအသင်းက ရခိုင်ယူနိုက်တက်အသင်းအဖြစ်လည်းကောင်း အသင်း၏ အမည်များကို ပြောင်းလဲ ယှဉ်ပြိုင်ခဲ့သည်
No comments:
Post a Comment