Wednesday, November 25, 2015

ရိုးမရန်ကုန်မာရသွန်ပြိုင်ပွဲဇန်နဝါရီ၁၇တွင်ကျင်းပမည်

စတုတ္တအကြိမ် မြောက်ကျင်းပမဲ့ (၂၀၁၆)ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် နောက်ဆုံးထားပြီးစာရင်ပေးသွင်းပေးရမယ့်ဒီဇင်ဘာ(၁၈)ရက်နေ့ ပြည့်ဖို့ ရက်သတ္တပတ်(၄) ပတ်အလိုမှာပဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် အပြေးပြိုင်ပွဲဝင်ပေါင်း(၃၅၀၀)ကျော်စာရင်းပေးသွင်းပြီးဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီကသတင်းထုတ်ပြန်လိုက်ပါတယ်။Yoma Strategic Holdings, Ltd ရဲ့  ပြိုင်ပွဲကျင်းပရေး Project Manager ဦးဉာဏ်မင်းစိုးက “ ရန်ကုန်ရိုးမအပြည်အပြည်ဆိုင်ရာ မာရသွန်(၂၀၁၆)ပြိုင်ပွဲနီးလာတာနဲ့အမျှပြိုင်ပွဲဝင်ဖို့စာရင်းပေးတဲ့လူဦးရေဟာလည်းပိုမိုများလာပါတယ်။ပြီးခဲ့တဲ့ နှစ်တွေကပြိုင်ပွဲဝင်ဟောင်း တွေရော ဒီနှစ်မှာမှ စပြိုင်မယ့် ပြိုင်ပွဲဝင်သစ်တွေရော ခုလို အားတက်သရောနဲ့တက်တက်ကြွကြွပါဝင်လာကြတာကို တွေ့ရတာဟာဂုဏ်ယူဝမ်းမြောက်စရာပါပဲ။ကျွန်တော်တို့ရဲ့လူမှုအကူအညီအထောက်အပံ့တွေမှသည် ဖျော်ဖြေမှုတွေအပါအဝင်အပြေးလမ်းကြောင်းတွေကိုတစ်နှစ်ထက်တစ်နှစ်ပိုပြီးကြီးမားခမ်းနားလာအောင် ပိုပြီး ကောင်းမွန်လာအောင် အားထုတ်ထားပါတယ်” လို့ ဆိုခဲ့ပါတယ်။ဒီနှစ် ကျင်းပမယ့် ပြိုင်ပွဲတွေ ကတော (့၄၂ ) ကီလိုမီ တာ (အပြည့်မာရသွန်ပြိုင်ပွဲ)၊ (၂၁ )ကီလိုမီတာ (တစ်ဝက်မာရသွန်ပြိုင်ပွဲ)၊ (၁၀) ကီလိုမီတာပြိုင်ပွဲ နဲ (့၅ ) ကီလိုမီတာ (သို့) ၃ ကီလိုမီတာ လမ်းလျှောက်ပြေးပွဲ ပါဝင်မှာဖြစ်ပါတယ်။ဆုကြေးတွေ ကတော့ (၄၂ ) ကီလိုတန်း မှာ ပထမ အမေရိကန်ဒေါ်လာ ၂,၇၀၀၊ ဒုတိယ ၁,၄၀၀၊ တတိယ ၉၀၀၊ ၂၁ ကီလိုပြိုင်ပွဲမှာ ပထမ အမေရိကန် ဒေါ်လာ၁,၆၀၀၊ ဒုတိယ ၉၀၀၊ တတိယ ၅၀၀၊ ၁၀ ကီလိုပြိုင်ပွဲမှာ ပထမ အမေရိကန်ဒ်ါလာ ၈၀၀၊ ဒုတိယ ၄၀၀၊ တတိယ ၂၅၀ ချီးမြှင့်မှာဖြစ်ပါတယ်။(၂၀၁၆) ရိုးမ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန် ပြိုင်ပွဲကိုတော့ ဇန်န၀ါရီ(၁၇)ရက်နေ့ မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment