မန်ယူအသင်းသည် ဆောက်သမ်တန်မှ ဆီနီဂေါ လူ ငယ်တိုက်စစ်မှူး ဆာဒီယိုမန်နီ ကို လာမည့် ဇန်နဝါရီဈေးကွက် တွင် ခေါ်ယူနိုင်ရန် ပြင်ဆင်နေသည်။
မန်နီသည် မန်ယူက ကာလရှည် စောင့်ကြည့်ခဲ့သော ကစားသ မားဖြစ်ကာ ပြီးခဲ့သည့် နွေရာသီက ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
မန်နီ (၂၃) နှစ်သည် ၂၀၁၄ တွင် ရက်ဘူးလ်ဆောဘတ်ဇ် အသင်းမှ ရောက်ပြီးနောက် ခြေစွမ်း ပြနိုင်ခဲ့ကာ ပရီးမီးယားလိဂ် အကောင်းဆုံး တိုက်စစ်မှူးများအ နက် တစ်ဦး အပါအဝင် ဖြစ်လာသည်။ ၎င်းသည် ပြီးခဲ့သည့် ရာသီက ၂၆ ပွဲကစားပြီး ၁၀ ဂိုးသွင်းခဲ့ကာ ယခုရာသီတွင်လည်း ခြောက်ဂိုး သွင်းထားပြီး ယင်းတွင် ချယ်လ်ဆီးနှင့် လီဗာပူးတို့ကို သွင်းခဲ့သည့် ဂိုးများလည်း ပါဝင်သည်။
ချယ်လ်ဆီးကလည်း ၎င်းကို စိတ်ဝင်စားနေပြီး ဇန်နဝါရီ ဈေးကွက်တွင် မန်ယူနှင့်အပြိုင် ခေါ်ယူဖွယ်ရှိ သည်။ မန်ယူနည်းပြ ဗန်ဂါးလ်က အသင်းအတွက် တောင်ပံတိုက်စစ် ကစားသမားများ လိုအပ်နေကြောင်း ဆိုထားရာ မန်နီကို ခေါ် ယူရေးမှာ ဖြစ်မြောက်လာဖွယ်ရှိသည်
No comments:
Post a Comment