Friday, November 6, 2015

၂၀၁၆ မြန်မာလိဂ်-၂ ပြိုင်ပွဲတွင် ကလပ်အသစ်လေးသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

၀၁၆ ရာသီ မြန်မာနေ ရှင်နယ်လိဂ်-၂ အမှတ်ပေး ဘော လုံးပြိုင်ပွဲတွင် ကလပ်အသင်း သစ်လေးသင်း ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး စုစုပေါင်း ၁၄ သင်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်။


 မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာလိဂ်ဌာနသို့ လာရောက်ဆက်သွယ်ထားသည့် အသင်းသစ်လေးသင်းမှာ တက္ကသိုလ်ကစား သမားများကို အခြေခံပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် TTU FC (သန်လျင်နည်းပညာတက္ကသိုလ်)၊ သရုပ်ဆောင်နှင့် ဇာတ်မင်းသား ဖိုးချစ် တည်ထောင်ပြီး လက်ရွေးစင် ဟောင်း ဇော်လင်းထွန်း နည်းပြအဖြစ် တာဝန်ယူမည့် Football Crazy Fc (FC FC) အသင်း၊ ဆေးတက္ကသိုလ် ကျောင်းသားများ၊ ဆရာဝန်လူငယ်များနှင့် လူငယ်ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် Doctors & Friends FC (DNF FC) အသင်းနှင့် United of Thanlyin FC အသင်းတို့ဖြစ် သည်။

 ‘‘MNL-2 ရာသီသစ်မှာ ကလပ်အသင်းလေးသင်း ဝင်ပြိုင် မှာပါ။ ပထမတုန်းက ကလပ်အ သင်းသစ် သုံးသင်းတည်းပါ။ United of Thanlyin FC အသင်း က နောက်ထပ်တိုးလာတာဖြစ်ပါ တယ်’’ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အသင်းသစ်လေး သင်းကို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲစည်းမျဉ်း သတ်မှတ်ချက် များ၊ စံချိန်စံညွှန်းများအတိုင်း လိုက်နာဆောင်ရွက်ပြီး ကလပ် အသင်းတစ်သင်း၌ရှိရမည့် စံနှုန်း များအတိုင်း ပြည့်မီအောင် ဖြည့် ဆည်း၍ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။

၂၀၁၆ မြန်မာလိဂ်-၂ ပြိုင် ပွဲကို ၂၀၁၅ မြန်မာနေရှင်နယ် လိဂ်-၁ မှ တန်းဆင်းခဲ့သည့် နေ ပြည်တော်နှင့် မနောမြေအသင်း၊ မောရဝတီ၊ မြဝတီ၊ တက္ကသိုလ် များ၊ Best United၊ ငွေကြယ်ပွင့် လေးများ၊ ဖုန်ကန်အက်ဖ်စီ၊ GFA၊ ဒဂုံအက်ဖ်စီနှင့် အထက်ပါ အသင်းသစ်လေးသင်း စုစုပေါင်း ၁၄ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

၂၀၁၆ မြန်မာနေရှင်နယ် လိဂ်-၁ နှင့် မြန်မာနေရှင်နယ် လိဂ်-၂ ပြိုင်ပွဲများကို ဇန်နဝါရီ ဒုတိယပတ်အတွင်း ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း မြန်မာနေရှင် နယ်လိဂ် ပြိုင်ပွဲကျင်းပရေးကော် မတီမှ သတင်းရရှိသည်

No comments:

Post a Comment