Saturday, November 7, 2015

ဒါက်ဂလပ်စ်နှင့် ဆန်းတို့စ်တို့ပါဝင်လာ ဘရာဇီးအသင်းတွင် ပေါ်လစ်စတာ ဒေါက်ဂလပ်စ်နှင့် ဆန်းတို့စ်တို့ပါဝင်လာ

အာဂျင်တီးနား၊ ပီရူးတို့နှင့် ယခုလအတွင်း ကစားမည့် ကမ္ဘာ့ ဖလားခြေစစ်ပွဲများအတွက်  ဘ ရာဇီးလက်ရွေးစင်အသင်းတွင် အာဆင်နယ်နောက်တန်းလူ ပေါ် လစ်စတာ၊ ဘရာဇီးကလပ် မီနာ ဂီယိုမှ တောင်ပံကစားသမား ဒေါက်ဂလပ်စ်တို့ကို ဘရာဇီးအ သင်းက ခေါ်ယူခဲ့သည်။

ရီးရဲလ်မှ မာဆယ်လိုနှင့် ပီ အက်စ်ဂျီမှ မာကွင်ဟိုတို့ ဒဏ်ရာ ရရှိသွားပြီးနောက် ဘရာဇီးနည်း ပြ ဒွန်ဂါက ယင်းကစားသမားနှစ် ဦးကို ခေါ်ယူလိုက်ခြင်းဖြစ်သည်။

ဘရာဇီးအသင်းသည် နိုဝင် ဘာ ၁၂ ရက်တွင် ဗျူနိုအေးရစ် မြို့၌ အာဂျင်တီးနားနှင့် ရင်ဆိုင်ရ မည်ဖြစ်ကာ နိုဝင်ဘာ ၁၇ ရက် တွင် ပီရူးကို လက်ခံကစားရမည် ဖြစ်သည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲ ကစားပြီးချိန်တွင် ဘရာဇီးက သုံး မှတ်ရရှိထားကာ အာဂျင်တီးနား က တစ်မှတ်သာရထားသည်။ ပီ ရူးက နှစ်ပွဲစလုံးရှုံးနိမ့်ထားသည်။

-Ref:Ap

No comments:

Post a Comment