စတီဗင်ဂျရတ်သည် အသင်းဟောင်း လီဗာပူးသို့ လာမည့်သီတင်းပတ်တွင် လာရောက်လေ့ကျင့်မည်ဖြစ်ပြီး မန်နေဂျာသစ် ဂျာဂန်ကလော့ပ်ထံမှ လေ့လာသင်ယူမည်ဖြစ်သော်လည်း အသင်း၌ ပြန်လာကစားမည်မဟုတ်ဟု ဂျရတ်က ပယ်ချခဲ့သည်။
အမေရိကန် အယ်လ်အေ ဂလက်ဆီအသင်းတွင် ကစားနေသော ဂျရတ်သည် ယခုလအစောပိုင်းက ကလော့ပ်နှင့် တွေ့ဆုံခဲ့ပြီး ၎င်းအား မေဂျာလိဂ်ဘောလုံးရာသီ ပိတ်သိမ်းချိန်၌ အသင်းနှင့် လာရောက် လေ့ကျင့်ရန် ဂျာမန်နည်းပြ ကလော့ပ်က ဖိတ်ကြားခဲ့သည်။
‘‘လာမည့်အပတ်မှာ လီဗာပူးကို သွားပါမယ်။ သီတင်းပတ် အနည်းငယ်လောက် ကလော့ပ်နဲ့ အလုပ်လုပ်ပါမယ်။ အဲဒီအတွက် ကျွန်တော်တကယ်ပဲ စိတ်အား ထက်သန်နေပါတယ်။ သူ ဘယ်လိုလူလဲဆိုတာ လေ့လာပြီး သူဆီက သင်ယူလေ့လာဖို့ ကြိုးစားသွားပါမယ်’’ဟု (၃၅) နှစ်အရွယ်ရှိ ဂျရတ် BT Sport အားပြောသည်။
လီဗာပူးနည်းပြ ကလော့ပ်ကလည်း ဂျရတ်ပြန်လာကစား မည်ဆိုခြင်းကို ယခုလအတွင်း ငြင်းဆိုခဲ့သည်။
အယ်လ်အေဂလက်ဆီအသင်းနှင့် စာချုပ်ချုပ်ထားစဉ် ဂျရတ်အနေဖြင့် လီဗာပူးသို့ ပြန်လာကစားရန် အခွင့်အရေးမရှိဟု ကလော့ပ်က ပြောကြားခဲ့သည်။ ဂျရတ်သည် ပြီးခဲ့သည့် ဘောလုံး ရာသီကုန်က အယ်လ်အေဂလက် ဆီနှင့် ၁၈လ စာချုပ်ချုပ်ဆိုခဲ့ သည်။
Credit : 7Day Daily
No comments:
Post a Comment