Sunday, November 1, 2015

မ်ာရင်ဟိုကို ရီးရဲလ်က ပြန်လည်ကြိုဆိုမည်ဟု အသင်းဥက္ကဋ္ဌဟောင်း ပြောကြား

ရီးရဲလ်မက်ဒရစ်အ သင်း၏ လက်ရှိနည်းပြ ဘင်နီ တက်စ်သည် အသင်း၏ နည်းပြ ရာထူးအတွက် စတုတ္ထမြောက် ရွေးချယ်မှုဖြစ်ပြီး ရီးရဲလ်က မော် ရင်ဟိုကို ပြန်လည်ကြိုဆိုမည်ဟု ရီးရဲလ်အသင်း ဥက္ကဋ္ဌဟောင်း ရာ မွန်ကင်ဒါရွန်က ပြောကြားလိုက်သည်။


လက်ရှိ ရီးရဲလ်အသင်းဥက္က ဋ္ဌ ပီရက်ဇ်က ၂၀၁၅-၁၆ ဘော လုံးရာသီအတွက် အသင်းနည်းပြ အဖြစ် အန်ဆယ်လော့တီ၏ နေ ရာတွင် အမှန်တကယ် အစားထိုး လိုသူမှာ မောရင်ဟိုဖြစ်သည်ဟု ကင်ဒါရွန်က BeIn အားကစားသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။

သို့သော် စပယ်ရှယ်ဝမ်းက ငြင်းဆိုခဲ့ပြီး ရီးရဲလ်အသင်းနည်းပြ ရာထူးအတွက် ဘင်နီတက်ဇ် ထက် ပိုသဘောကျခံရသူများတွင် ဂျိုအာချင်လိုနှင့် လက်ရှိ လီဗာပူး နည်းပြ ဂျာဂန်ကလော့ပ်တို့ဖြစ် ကြောင်း ကယ်လ်ဒါရွန်က ပြော ကြားသည်။

‘‘အမှန်တကယ်က ရီးရဲလ် ရဲ့ နည်းပြလျာထားစာရင်းမှာ ဘင်နီတက်ဇ်ဟာ စတုတ္ထနေရာ မှာ ရှိခဲ့တာ။ ပီရက်ဇ်က မော်ရင် ဟိုကို ရီးရဲလ်ဆီ ပြန်ခေါ်ဖို့ ကြိုး စားနေတုန်းပဲလို့ ကျွန်တော်ထင် တယ်။ ပီရက်ဇ်က မော်ရင်ဟိုကို တကယ်သဘောကျတယ်’’ ဟု ကယ်လ်ဒါရွန်က ပြောသည်။

အကယ်၍ မော်ရင်ဟို ချယ်လ်ဆီးအသင်း၌ ရှိမနေတော့ ပါက ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီး ရက်ဇ်က မော်ရင်ဟိုကို ပြန်ခေါ် ရန် အမှန်တကယ် ဆန္ဒရှိလိမ့်မည် ဟု ကင်ဒါရွန်က ပြောကြားသည်။

—Ref: ESPN

No comments:

Post a Comment