ကစားသမားအချို့ (ဓာတ်ပုံ − MFF)
တောင်ကိုရီးယားတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်ကိုရီးယားအ သင်းနှင့် မြန်မာအသင်းတို့၏ ပွဲ စဉ်အတွက် လက်မှတ်စောင်ရေ ၁၀၀ ကို မြန်မာအသင်းပရိသတ် များအား အခမဲ့ပေးဝေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်သည် တောင်ကိုရီးယား ရောက် မြန်မာဘောလုံးပရိသတ် များ ကွင်းအတွင်း ပိုမိုလာရောက် ကြည့်ရှုစေရန် ထိုကဲ့သို့ ပြုလုပ် ခြင်းဖြစ်ပြီး တောင်ကိုရီးယား- မြန်မာပွဲစဉ်မှ မြန်မာအသင်းရရှိ သည့် လက်မှတ်ခွဲတမ်း စောင်ရေ ၁၀၀ ကို အခမဲ့ပေးဝေခြင်းဖြစ် ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူက ဆိုသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲဒုတိယ အကျော့အဖြစ် တောင်ကိုရီးယား အသင်းနှင့် မြန်မာအသင်းတို့ သည် နိုဝင်ဘာ ၁၂ ရက် မြန်မာ စံတော်ချိန် ညနေ ၅ နာရီခွဲတွင် Suwon မြို့ရှိ Suwon အားကစား ကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ် သည်။
အဆိုပါပွဲစဉ်အတွက် လက် မှတ်များကို မြန်မာဘောလုံးအ သင်း တည်းခိုနေထိုင်ရာ Suwon မြို့ Suwon Novotel Hotel ၌ မြန် မာအသင်း အုပ်ချုပ်သူ ဦးသန်း တိုးအောင်နှင့် အသင်းအတွင်း ရေးမှူးတို့ထံ၌ သွားရောက်ထုတ် ယူနိုင်ကြောင်း သတင်းထုတ်ပြန် ထားသည်။
မြန်မာအသင်းသည် အိမ်ရှင်တောင်ကိုရီးယားအသင်းနှင့် ယှဉ် ပြိုင်ရန် နိုဝင်ဘာ ၈ ရက်ကတည်း က တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလေ့ကျင့်နေခြင်း ဖြစ် သည်။ တောင်ကိုရီးယားအသင်း သည် မြန်မာနှင့် ယှဉ်ပြိုင်ရမည့်ပွဲအတွက် ပရီးမီးယားလိဂ်နှင့် ဂျာမန် ဘွန်ဒက်စ်လီဂါအခြေစိုက် ကစားသမားအားလုံးနီးပါးကို ပြန်လည်ခေါ်ယူထားကာ နည်းပြ အူ စတယ်လိုက်က မြန်မာအသင်းကို အနိုင်ကစားမည်ဟု ဆိုထား သည်။
မြန်မာနှင့် တောင်ကိုရီးယား အသင်းတို့၏ ပွဲကို ပြည်တွင်းရှိ Channel 7 နှင့် For Sports ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ပြသပေးမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၌ က စားခဲ့သည့် ပထမအကျော့တွင် တောင်ကိုရီးယားအသင်းက ၂- ၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲ တွင် မြန်မာအသင်းသည် အုပ်စု (ဆ)၌ ပါဝင်နေပြီး ပွဲစဉ် (၅) ယှဉ် ပြိုင်ပြီးချိန်တွင် တောင်ကိုရီးယား အသင်းက တစ်ပွဲလျော့ ရမှတ် ၁၂ မှတ်ဖြင့် ပထမ၊ ကူဝိတ်အ သင်းက ရမှတ် ၁၀ မှတ်ဖြင့် ဒုတိ ယ၊ လက်ဘနွန်အသင်းက ရမှတ် ခုနစ်မှတ်ဖြင့် တတိယ၊ မြန်မာ အသင်းက ရမှတ်လေးမှတ်ဖြင့် စတုတ္ထ၊ လာအိုအသင်းက ရမှတ် တစ်မှတ်ဖြင့် အုပ်စုတွင် အစဉ် လိုက်ရပ်တည်နေသည်
credit-7daydaily
အောင်မြင့်မြတ်
No comments:
Post a Comment