အချက် (၅) ချက်
ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲတွေမကြည့်ခင်မှာဒါအရင်ဖတ်
သွားဖို့တိုက်တွန်းလိုက်ပါတယ်။ပရီးမီးယားလိဂ်ပွဲစဉ်၁၄ကို
နိုဝင်ဘာ၂၈ရက်နေ့ဖြစ်တဲ့(ဒီကနေ့)နဲ့၂၉ရက်နေ့မှာယှဉ်ပြိုင်ကြမှာ
ဖြစ်ပါတယ်။
ဒီတပတ်ပရီးမီးယားလိဂ်မှာ လက်စတာနဲ့ မန်ယူတွေ့မယ့်ပွဲ အပါအဝင်အခြားသောစိတ်ဝင်စားစရာအကြောင်းအရာအချို့
လည်းရှိနေပါသေးတယ်။စနေနေ့မှာကစားမယ့်ပွဲတွေမတိုင်ခင်
ပရီးမီးယားလိဂ်ပရိသတ်တစ်ယောက်အတွက် စိတ်ဝင်စားစရာ အချက် ၅ ချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ လက်စတာထိပ်ဆုံးမှာ ဆက်ရှိနေမလား
ထိပ်ဆုံးက လက်စတာနဲ့ ဒုတိယနေရာက မန်ယူတို့ တွေ့ကြတဲ့ပွဲ
အသင်းနှစ်သင်းကြား အောင်မြင်မှုက ကွာခြားလွန်းပေမယ့် လက်ရှိအချိန်မှာတော့ ပြိုင်ဘက်ကောင်းတွေ ဖြစ်နေပါတယ်။ ပထမနေရာက လက်စတာနဲ့ ဒုတိယနေရာက မန်ယူတို့ဟာ တစ်မှတ်ပဲကွာပါတယ်။ မန်ယူနိုင်ရင် မန်ယူက အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာပါ။ လက်စတာအသင်း ခြေစွမ်းကောင်းကို ဆက်ထိန်းပြီး ပထမနေရာမှာ ဆက်ရှိနေမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဂိုးသွင်းဘုရင် ဖြစ်နေတဲ့ ဗာဒီရော ဂိုးထပ်သွင်းဦးမှာလားဆိုတာ စိတ်ဝင်စားစရာမှာ။ သူတို့က စနေနေ့ညပွဲမှာ အဖြေထုတ်ကြပါလိမ့်မယ်။
၂။ စပါးရလဒ် ထပ်ကောင်းနိုင်ဦးမလား
နိုင်ပွဲတွေ ဆက်နေတဲ့ စပါးက ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမှာပါ
စပါးက ရလဒ်တွေသိပ်ကောင်းနေတဲ့ အသင်းပါ။ လက်စတာတိုက်စစ်မှူး ဗာဒီလောက် ဂိုးမသွင်းနိုင်ပေမယ့် စပါးတိုက်စစ်မှူးဟယ်ရီကိန်းရဲ့ ဂိုးသွင်းခြေကလည်း အတော်လေး ထက်မြက်နေတာပါ။ နောက်ဆုံးခြောက်ပွဲမှာ ကိုးဂိုးသွင်းထားတဲ့ ဟယ်ရီကိန်းကြောင့် စပါးဟာ ဒီအခြေအနေ ရောက်နေရတာပါ။ ဒါပေမယ့် စပါးနဲ့ ရင်ဆိုင်ရမှာက ချယ်လ်ဆီးဖြစ်ပါတယ်။ နိုင်ပွဲတွေ ပျောက်လွန်လို့ ဖိအားများနေတဲ့ ချယ်လ်ဆီးနဲ့ အတွေ့မှာ စပါးရလဒ်ကောင်းပါဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။
၃။ မန်စီးတီး နိုင်ပွဲ ပြန်ရမှာလား
မန်စီးတီက သုံးပွဲဆက်တိုက် နိုင်ပွဲ ပျောက်နေပါတယ်
လီဗာပူးနဲ့ ဂျူဗင်တပ်ကို တစ်ပတ်အတွင်း နှစ်ပွဲဆက် ရှုံးခဲ့တဲ့ မန်စီးတီး ဒီတစ်ပတ်မှာ နိုင်ပွဲ ပြန်ယူနိုင်ပါ့မလား။ မေးခွန်းက ဖြေဖို့တော့ ခက်ပါတယ်။ အက်စတွန်ဗီလာကိုပါ ဂိုးမရှိသရေကျခဲ့တဲ့ပွဲကို ထည့်တွက်လိုက်ရင် မန်စီးတီး နိုင်ပွဲပျောက်တာ သုံးပွဲရှိပါပြီ။ ဆောက်သမ်တန်နဲ့ ဒီကနေ့ည ကစားမယ့်ပွဲမှာ မန်စီးတီး နိုင်ပွဲ ပြန်ရမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းလာပါပြီ။ ဂိုးသမားဂျိုးဟတ်နဲ့ ကွန်ပနီတို့ မပါတဲ့ မန်စီးတီး တကယ်ပဲ ရလဒ်ကောင်းပါ့မလားဆိုတာလည်း စောင့်ကြည့်ရမှာပါ။
၎။ ရှုံးပွဲတွေကို ဆွမ်ဆီးရပ်တန့်နိုင်မလား
ဆွမ်ဆီးက ရှုံးပွဲဆက်နေတာပါ
ဆွမ်ဆီးပရီးမီးယားလိဂ်မှာ နိုင်ပွဲမရတာ တစ်လကျော်ကြာပါပြီ။ နောက်ဆုံးနိုင်ခဲ့တာ အက်စတွန်ဗီလာကို ဖြစ်ပြီး အဲဒီပွဲက အောက်တိုဘာ လတုန်းကပါ။ သုံးပွဲဆက်တိုက် ပရီးမီးယားလိဂ်မှာ ရှုံးပွဲတွေ့ပြီးနောက် ဆွမ်ဆီး ဒီကနေ့ပွဲမှာ နိုင်ပွဲရမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမယ့် ဆွမ်ဆီးရင်ဆိုင်ရမှာက ချယ်လ်ဆီးနဲ့ မန်စီးတီးကို အနိုင်ယူထားတဲ့ လီဗာပူး ဖြစ်လို့နေပါတယ်။ ဆွမ်ဆီး နိုင်ပွဲရှာတွေ့မလား ရှုံးပွဲဆက်မလားဆိုတာ ရင်ခုန်ကြရမှာပါ။
၅။ အောက်ခြေက အသင်းတွေ ရလဒ်ကောင်းကြမလား
တန်းဆင်းဇုံထဲရောက်နေတဲ့ ဆန်းဒါးလန်းနဲ့ ဘုန်းမောက်တို့ ဒီတစ်ပတ် ရလဒ်ကောင်းနိုင်မယ့် အခြေအနေတွေ တွေ့နေရပါတယ်။ ဆန်းဒါးလန်းက နိုင်ပွဲပြန်ရပြီး လန်းလန်းဆန်းဆန်းဖြစ်လာသလို ဘုန်းမောက်ကလည်း ဒီတစ်ပတ်အိမ်ကွင်းမှာ အဲဗာတန်ကို ရင်ဆိုင်ရမှာပါ။ အဓိကအချက်ကတော့ ဆန်းဒါးလန်း နိုင်ပွဲရခဲ့ရင် တန်းဆင်းဇုန်ထဲက လွတ်သွားနိုင်ပါတယ်။ သူ့အပေါ်မှာ တစ်မှတ်ပဲကွာတဲ့ နယူးကာဆယ်က ခြေစွမ်းကောင်းတဲ့ ပဲလေ့စ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်လို့ ရလဒ်ကောင်းဖို့ မလွယ်ပါဘူး။ ဆန်းဒါးလန်းရဲ့ အလှည့်အပြောင်းကို တွေ့ရနိုင်ပါတယ်။
Credit – Duwun
No comments:
Post a Comment