Wednesday, November 18, 2015

နောက်ဆုံးရအားကစားသတင်းများ

ရွန်းနီနှင့်ဒီဂီယာကိုလာလီဂါကစားသမားအဖြစ်မြင်လိုသူ

       လာလီဂါဥက္ကဌ ဇာဗီယာတာဘက်စ်က ကမ္ဘာ့ထိပ်တန်း ကစားသမားများဖြစ်သည့် မန်ယူအသင်းခေါင်းဆောင် ရွန်နီနှင့် ဒီဂီယာတို့နှစ်ဦးအား လာလီဂါထိပ်သီးအသင်းများ၏ ကစားသမားများအဖြစ် ၊ ရီးရဲအသင်း၏ အမာခံပရိသတ်တစ်ဦးဖြစ်သည့် အပေါ်လည်း ၀န်ခံလိုကြောင်း ဖွင့်ဟပြောကြားသွားသည်။

ဥက္ကဌတာဘက်စ်အနေဖြင့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးဖြစ်သည့် ဘာစီလိုနာတိုက်စစ်မှုး မက်ဆီနှင့် ရီးရဲလ်တိုက်စစ်မှုး စီရော်နယ်ဒိုတို့ အနားယူဖြစ်ခဲ့ပါက ကမ္ဘာ့ဘောလုံးလောကတွင် လာလီဂါပွဲ၏ပုံရိပ် ဆက်လက် ရှင်သန်နေရေးအတွက် ဆန္ဒရှိခဲ့ပြီး ဒီဂီယာ ၊ရွန်နီတို့ကဲ့သို့ ထိပ်တန်းကစားသမားများ လာရောက်ကစားရန် လိုလားနေခြင်းဖြစ်သည်။

"ရွန်နီ၊ ဒီဂီယာတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေ လာလီဂါပြိုင်ပွဲမှာ လာရောက် ကစားစေချင်ပါတယ်။ အထူးသဖြင့် လာလီဂါရဲ့ပုံရိပ် ပိုမို ရှင်သန်နိုင်ဖို့အတွက် ပရီးမီးယားလိဂ် ထိပ်တန်း အားကစားသမားအားလုံးကို လာလီဂါ ကစားသမားအဖြစ် မြင်တွေ့ခွင့်ရချင်ပါတယ်။

ဒါ့အပြင် လီဝမ်ဒေါစကီး ၊ရီဘာရီတို့လို ဥရောပထိပ်တန်း ကစားသမားတွေ ကိုလည်း လာလီဂါမှာ ကစားဖို့အတွက် ဖိတ်ခေါ်ရမှာပါ"ဟု လာလီဂါဥက္ကဌ တာဘက်စ်က ဆိုခဲ့သည်။

ထို့အတူ ဥက္ကဌ တာဘက်စ်သည် ၄င်းအနေဖြင့် ရီးရဲလ်အသင်းအား ကလေးဘ၀ကတည်းက အစဉ်တစိုက် အားပေးခဲ့သူဖြစ်ကြောင်း သို့သော် လာလီဂါဥက္ကဌ ရာထူးရယူပြီးနောက် ဘက်လိုက်မှုများ ရှိလာနိုင်သည့်အတွက် အထိုက်အလျောက်သာ အားပေးခဲ့ရကြောင်း၊ ရီးရဲလ်အသင်း ချန်ပီယံဆု ရရှိသည့်အချိန်တိုင်း ငယ်သူငယ်ချင်းများနဲ့အတူ အောင်ပွဲခံလေ့ရှိကြောင်း AS.com နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် ၀န်ခံပြောကြား သွားခဲ့သည်။

Credit : Democracy Today
========================
ပီတာချက်ဦးထုပ်မပါပဲကစားလို

  ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း ဂိုးသမား ပီတာဆက်ခ်ျသည် အသင်းနှင့်အတူ ပွဲထွက်ကစားစဉ် ကာလအတွင်း ဦးထုပ်မပါဘဲကစားရန် ဆန္ဒရှိခဲ့သော်လည်း ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများအနေဖြင့် ထိုသို့လုပ်ဆောင်ရန် တားမြစ်ခဲ့ကြောင်း သိရသည်။

အသက်(၃၃)နှစ် အရွယ်ရှိ အာဆင်နယ် ဂိုးသမား ပီတာဆက်ခ်ျသည် ၂ဝဝ၆ ခုနှစ် ကတည်းက ဦးခေါင်းဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ပြိုင်ပွဲတိုင်း နီးပါးတွင် ဦးထုပ်ဆောင်း၍ ကစားခဲ့ရသူဖြစ်သည်။

၂ဝဝ၆ ခုနှစ် အတွင်းက ချယ်လ်ဆီးအသင်းနှင့် ရက်ဒင်းအသင်းတို့ ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် သုံးလကြာ အနားယူခဲ့ရသူဖြစ်သည်။ ပီတာဆက်ခ်ျသည် အရေးပေါ်ဦးနှောက် ခွဲစိတ်ကုသရန် လိုအပ်လျက်ရှိပြီး ရရှိခဲ့သည့် ဦးခေါင်းဒဏ်ရာကြောင့် လက်ရှိအချိန်အထိ ထိုဒဏ်ရာကို အကာအကွယ်ပေးရန် ဦးထုပ်ဆောင်းထားရဆဲ ဖြစ်သည်။

Credit : ကြေးမုံ
========================
ဘာစီလိုနာလက်ဦးမဲ့ပေါ့ဘာလုပွဲ

        ဂျူဗင်တပ်လူငယ်ကစားသမားပေါလ်ပေါ့ဘာက အခုမှ အသက်(၂၂)နှစ်သာ ရှိသေးပေမယ့် သူ့ကိုခေါ်ယူချင်တဲ့ အသင်းတွေက ဥရောပကလပ်တွေရဲ့ ထက်ဝက်လောက် ရှိနေပါပြီ။ ပေါ့ဘာက ပြင်သစ်ယူ-၁၆ လီဟက်ရီအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ပြီး အာဆင်နယ်နဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ ကမ်းလှမ်းမှုကိုငြင်းပယ်ကာ မန်ယူ လူငယ်အကယ်ဒမီကို ၂ဝဝ၉မှာ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဖာဂူဆန်က ပေါ့ဘာကို နေရာမပေးခဲ့ဘဲ စီနီယာ ကစားသမားတွေကိုသာ ခေါင်းမာမာနဲ့ ဆက်သုံးနေခဲ့လို့ နောက်ဆုံးမှာ ဂျူဗင်တပ်ကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ် ဇူလိုင် ၃ ရက်မှာ ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားပြီး နောက်မှာ ပေါ့ဘာရဲ့ အခန်းကဏ္ဍက ပေါ်လွင်လာခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမား တစ်ဦးအဖြစ် ရောက်ရှိလာခဲ့ပါတယ်။

ဒါ့ကြောင့် ခြေစွမ်းခြေစ ရှိလွန်းတဲ့ ပေါ့ဘာကို အဲဒီတုန်းက ဂျူဗင်တပ်နည်းပြ ကွန်တီက အဓိက ကစားသမားအဖြစ် ပွဲထုတ်ခဲ့သလို ပြင်သစ်နည်းပြ ဒီဒီယာ ဒက်ချွမ့်စ်ကလည်း ကမ္ဘာ့ဖလားလို ပွဲစဉ်မျိုးမှာတောင် ပွဲတိုင်း ဝင်ရောက်ကစားစေခဲ့လို့ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေက သူ့ကို အခြားလူငယ် ကစားသမားတွေထက် ပိုပြီး သတိပြုမိခဲ့ပါတယ်။

ပေါ့ဘာက ဂျူဗင်တပ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သလို ၂ဝ၁၅ ခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့တဲ့ ဥရောပ အကောင်းဆုံးကစားသမား ၁ဝ ဦးစာရင်းမှာလည်း ဝင်ရောက်ခဲ့ တာကြောင့် သူ့ရဲ့ခြေစွမ်း ဘယ်လောက်အထိ ထက်မြက်သလဲဆိုတာ ပရိသတ်တွေ ခန့်မှန်းနိုင်မှာပါ။

သူ့ကိုခေါ်ယူချင်နေတဲ့ ချယ်လ်ဆီး၊ မန်ယူ၊ အာဆင်နယ်၊ ရီးယဲလ်၊ ဘာစီလိုနာ၊ မန်စီးတီး စတဲ့အသင်းတွေထဲကမှ ပေါ့ဘာက ဘာကာကိုသာ သွားရောက်ကစားလိုစိတ် ပြင်းထန်နေသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ့ဘာဟာပြီးခဲ့တဲ့နွေဈေးကွက်မှာကတည်းက ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးပေမယ့် သူဟာဂျူဗီမှာပဲ လေ့လာ သင်ကြားစရာတွေ ကျန်ရှိနေသေးသလို ပီယာလို၊ တိဗက်ဇ်နဲ့ ဗီဒယ်လ်တို့ ထွက်ခွာသွားမှုနဲ့အတူ လိုအပ်နေတဲ့ လူအင်အားကြောင့် ဂျူဗီမှာပဲဆက်နေဖို့ ဆုံးဖြတ်ခဲ့သူပါ။

ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ ဂျူဗီက စီးရီးအေ အမှတ်ပေးဇယား အဆင့်(၇)နေရာမှာသာ ရပ်တည်နေသလို ချန်ပီယံလိဂ်မှာလည်း မန်စီးတီးရဲ့ နောက်ကောက်ချ ခံခဲ့ရပါတယ်။

ဂျူဗင်တပ်မှာ ရောက်ရှိနေခဲ့တာ သုံးနှစ်ကျော်လွန်လာတဲ့ အချိန်မှာ ပေါ့ဘာအနေနဲ့ အသင်းပြောင်းဖို့ အချိန်တန်ပြီဖြစ်သလို ဘာကာကိုသာ အနှေးနဲ့အမြန် ရောက်ရှိဖို့ရှိနေတယ်လို့ ဖီဖာ ကိုယ်စားလှယ်ဖြစ်သူ အာနက်စ္စတို ဘရောင်စတီက ခန့်မှန်းခဲ့ပါတယ်။

ပေါ့ဘာက အရင်ကတည်းက ပရီမီယာလိဂ်အသင်းတွေထက် စပိန်မြေမှာပဲ ကစားလိုတယ်လို့ ဆိုခဲ့ဖူးတာကြောင့် သူ့အနေနဲ့ ဘာကာအပြင် အခြားအသင်းကို ပြောင်းရွှေ့ဖို့ အလားအလာမရှိဘူးလို့ သုံးသပ်ရမှာပါ။

အရင်ကတော့ ပြင်သစ်အသင်းကစားဖော်ဖြစ်တဲ့ ဗာရာနီနဲ့ဘင်ဇီမာဆို့ရှိတဲ့ ရီးယဲလ်ကိုသာ ဦးစားပေး ပြောင်းရွှေ့လိုပေမယ့် လူမည်း ကစားသမားတွေကို နေရာပေးလေ့မရှိတဲ့ ရီးယဲလ်ဥက္ကဋ္ဌကြီး ပီရက်ဇ်ရဲ့ မူကြောင့် သူ့ကိုရီးယဲလ်ကို ပြောင်းရွှေ့ဖို့ အခြေအနေ မပေးခဲ့တာပါ။

ဒါကြောင့် ရီးယဲလ်ထက် သူ့ကို လိုလိုလားလား ခေါ်ယူလိုနေတဲ့ ဘာစီလိုနာက လွဲပြီး အခြားအသင်းကို ပြောင်းရွှေ့ဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် ဘာကာဂျာစီကို ဝတ်ဆင်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ဗိုလ်ဝင်ခံမယ်ဆိုတာ သံသယရှိစရာ မလိုတော့ပါဘူး။

Credit : ကြေးမုံ
========================
စနေနေ့မှာတွေ့ဆုံမဲ့ရီးယဲ-ဘာကာသမိုင်း

           တဒင်္ဂအတွင်းမှာပဲ လူပေါင်းသန်း၅၀၀ရဲ့စိတ်ကို ဆုပ်ကိုင်နိုင်တဲ့အရာ......

တိတိကျကျပြောရရင် အနုအရွ၊ အလှအပ၊ ညက်ညောမှုတွေ တဖန် ခက်ထန် ကြမ်းတမ်းမှုတွေပါ အရောင်အသွေးစုံနေတဲ့ ဖျော်ဖြေရေးပြိုင်ပွဲတစ်ခု

ထိုအရာကတော့.........

ကျနော်တို့ကလေးဘ၀ ကျောင်းသားအရွယ်မှာ ကြည့်ခဲ့တဲ့ဘောလုံးပွဲ တစ်ပွဲဟာ အဖြူအသင်းနှင့် အနက်အသင်း ထက်ရယ်လို့ အဓိပ္ပါယ်မပိုခဲ့ဘူး။

နောက်ဆက်တွဲ အားပေးမှုအနေနဲ့လဲ ဘာအရောင်အဆင်းမှမရှိ ဒါဘီက ဘာလဲဆိုတာသိဖို့ ဗာရာဏသီနှင့် အိုင်တီခေတ်လောက်ထိ အလှမ်းဝေးခဲ့ပါတယ်။

ယနေ့ခေတ် လူငယ်တွေကတော့ တကယ့်ကို အမြင်ကျယ်ကြပါဘိ။ ဒါဘီ ဆိုတာထက် ဒီနောက်က အကြောင်းအရာတွေပါ ခွဲခြမ်းစိတ်ဖြာတတ် လာပါပြီ။ ဘောလုံးပွဲတွေကို အရူးအမူးအားပေးတာနဲ့အညီ အသေးစိတ်ကို လေ့လာမှု အားကောင်းခဲ့ကြပါတယ်။

အထူးသဖြင့် ဘယ်ပွဲတွေက ပြိုင်ဆိုင်မှုပြင်းထန်သလဲ? ပေါက်ကွဲအား ပြင်းလွန်းသလဲဆိုတာ ဒါဘီပွဲစဉ်တွေ ကြည့်ပြီး ကောင်းကောင်း ခံစားတတ်နေပါပြီ။ ဘောလုံးလောကမှာ အပြင်းထန်ဆုံး ဒါဘီပေါင်းများစွာ ရှိသည့်အနက် အီတလီဒါဘီ၊၊ အင်္ဂလန်ဒါဘီ၊ လန်ဒန်ဒါဘီ၊ မန်ချက်စတာဒါဘီ၊ ဗျူနိုအေရီဒါဘီ စတာတွေက ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးအဖြစ် ရှိနေပေမယ့် ယနေ့ခေတ်မှာတော့ EL Clasico က ချွင်းချက်မရှိ ပရိတ်သတ်ကို အဆွဲဆောင်နိုင်ဆုံးပါ။

ဘောလုံးပြိုင်ပွဲကို နိုင်ငံရေးတွေပါ ဆက်နွယ်နေတာကတော့ မကောင်းတဲ့ ပြယုဒ်တစ်ခုပေါ့လေ။ ဒါဆို EL Clasico ကို လေ့လာကြည့်ကြမယ်။

EL Clasico လို့ဆိုလိုက်တာနဲ့ ကမ္ဘာ့ဘောလုံး ပရိတ်သတ်တွေရဲ့ ရင်ထဲကို ဆွဲဆောင်မှု အမြင့်ဆုံးဒါဘီ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးဒါဘီ အပြင် နောက်ဆက်တွဲ အနေနဲ့ နှစ်ဖက်အသင်းရဲ့ သမိုင်းကြောင်းသြဇာ ကြီးမားမှုအသင်းတွေရဲ့ ပြိုင်ဆိုင်မှုတင်မကပဲ ကစားသမားတွေရဲ့ တစ်ဦးခြင်းစီ ပြိုင်ဆိုင်မှုတွေပါ ဒွန်တွဲနေတာ မြင်တွေ့ရမှာ ပါလိမ့်မယ်။

ကမ္ဘာ့အကောင်းဆုံးဆု ၄ကြိမ်ဆက်တိုက်ဆုရှင် လီယွန်နယ် မက်ဆီ နှင့် လက်ရှိ ကမ္ဘာ့အကောင်းဆုံးဆုရှင် ခရစ္စတီယာနို ရော်နယ်ဒို၊ တောင်အမေရိက ရဲ့ အကောင်းဆုံးမျိုးဆက်သစ် နေမာ၊ ဥရောပရဲ့ အကောင်းဆုံးမျိုးဆက်သစ် ဂါးရက်ဘေးလ်၊ လူးဝစ်ဆွာရတ်၊ ဂျိမ်းစ်ရိုဒရီဂွဒ် တို့ရဲ့ ပြိုင်ဆိုင်မှုတွေကလဲ ယခင်အကြိမ်တွေထက် ပိုပြီးပြင်းထန်စေမှာကတော့ ဧကန်မုချပါပဲ။

ဒါကြောင့် ယနေ့ EL Clasico ပွဲစဉ်တွေ မကြည့်ဖူးတဲ့ သူတွေဟာ ခေတ်တစ်ခေတ် နောက်ကျ ကျန်ခဲ့ပြီလို့ ပြောစမှတ်ပြုကြတာလဲ မှားမယ်မထင်။

သမိုင်းကြောင်း ။ ။ စပိန်ထိပ်သီး ၂ သင်းဖြစ်တဲ့ ရီးယဲ-ဘာကာ အသင်းတွေ့ဆုံမှုကို စပိန်လို EL Clasico လို့ခေါ်ခဲ့ကြပါတယ်။ ဂန္တ၀င်မြောက်တဲ့ ပြိုင်ပွဲလို့ အဓိပ္ပါယ်ရပါတယ်။ ပထမဆုံးအနေနဲ့ တွေ့ဆုံခဲ့တာကတော့ ၁၉၂၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကမ့်နူးလ်မှာ စတွေ့ဆုံခဲ့တာဖြစ်ပြီး ရီးယဲအသင်းက ၁-၂ နဲ့ နိုင်ခဲ့ပါတယ်။

အစပိုင်းက လာလီဂါမှာတင် ခေါ်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ဘာကာ-ရီးယဲ တွေ့ဆုံမှုတိုင်းအားလုံးကို သုံးနှုန်းခေါ်ဝေါ်ခဲ့ကြပါတယ်။ ရီးယဲမက်ဒရစ် အသင်းဟာ စပိန်နိုင်ငံရဲ့ မြို့တော် မက်ထရစ်ဒေသမှာ အခြေစိုက်ပြီး စပိန်အာဏာရှင် ရီဗာရာ၊ ဖရန်ကို တို့လို တော်ဝင်မျိုးနွယ်စုတွေ အားပေးခဲ့တဲ့ အသင်းပါ။

ဘာကာအသင်းကတော့ ကတ်တလန်ဒေသ ဘာစီလိုနာမြို့မှာ အခြေစိုက်ပြီး အခြေခံလူတန်းစားတွေ အားပေးတဲ့အသင်းဖြစ်တာကြောင့် တွေ့ဆုံမှုတိုင်းမှာ နိုင်ငံရေး အငွေ့အသက်မကင်းပေမဲ့ ပြိုင်ဆိုင်မှုကိုကတော့ အထွတ်အထိပ် ဖြစ်ခဲ့ပါတယ်။

ပိုပြီးဆိုးတာကတော့ ဒီစတီဖာနို အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး အာဏာရှင် ဖရန်ကိုရဲ့ မသမာမှုနောက်ဆက်တွဲ အနေနဲ့ ရီးယဲမက်ဒရစ် အသင်းထံရောက်အောင် လုပ်ဆောင်ခဲ့တာတွေ၊ လူးဝစ်ဖီဂိုရဲ့ အပြောင်းအရွှေ့ တစိတ်တဒေသကလည်း ပြိုင်ပွဲကို ပိုပြီးပြင်းထန်စေခဲ့တဲ့ အဓိက သာဓကတွေပါပဲ။

ပေါက်ကွဲအား ပြင်းထန်လွန်းသလို ၊ နှစ်ဖက်အသင်းတွေမှာလဲ ကမ္ဘာ့တန်ဖိုးကြီး ကစားသမားတွေ ၊ စွမ်းရည်မြင့် ကစားသမား အစုအဖွဲ့တွေကို ပိုင်ဆိုင်ထားပြီး နှစ်သင်းလုံးဟာ ကမ္ဘာ့အချမ်းသာဆုံး အားကစားအသင်းများ စာရင်းမှာလည်း ဦးဆောင်နေတာကြောင့် စပိန်ပြည်တွင်းမှာသာမက တစ်ကမ္ဘာလုံးကပါ စောင့်ကြည့်လာရတဲ့အထိ El Clasico ရဲ့အရှိန်အဝါဟာ ကြီးမားလာခဲ့ပါတယ်။

ဒါကြောင့် နောက်ဆုံး ကစားခဲ့တဲ့ El Clasico ပွဲစဉ်ကို ကမ္ဘာတစ်ဝှမ်း ကြည့်ရှုအားပေးသူ ပရိသတ်ပေါင်း သန်း 400 ကျော်တဲ့ အထိ မြင့်တက်လာခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ် ပွဲစဉ်ပြီးရင် ပရိသတ်ဒုတိယ အားပေးအများဆုံး ပွဲစဉ်တစ်ခုအဖြစ်လည်း ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည်နေခဲ့သလို ယခုလာမည့်ပွဲစဉ်မှာလဲ ခန့်မှန်းချေ ကမ္ဘာအနှံ့ကြည့်ရှုသူ သန်း ၅၀၀ ခန့်ရှိမယ်လို့ ဘီဘီစီစပေါ့က ဆိုထားပါတယ်။

Head to Head ။ ။ ဒီနှစ်သင်းရဲ့ သမိုင်းကြောင်းတွေ့ဆုံမှု အနေနဲ့ကတော့ ၂၆၂ ပွဲဖြစ်ပြီး ရီးယဲက ၉၂ ပွဲနိုင် ၅၈ ပွဲသရေ ဘာကာက ၁၀၈ ပွဲ နိုင်ထားပါတယ်။ တရားဝင်ပြိုင်ပွဲတွေမှာတော့ ၂၂၉ ပွဲဖြစ်ပြီး ရီးယဲလ်က ၉၂ ပွဲနိုင် ၄၈ ပွဲသရေ ဘာကာက ၈၉ ပွဲနိုင်ထားလို့ ထိပ်တိုက်တွေ့ဆုံမှုကတော့ ကွာခြားမှု မရှိပါဘူး။

လက်ရှိခြေစွမ်းကလဲ ၂ သင်းလုံးဟာ အကောင်းဆုံး အခြအနေရောက်နေတာကြောင့် ပိုပြီးတော့ မြိုင်ဆိုင်ပါလိမ့်မယ်။ ဘာစီလိုနာ အသင်းဟာ လာလီဂါမှာ ၁၁ ပွဲကစားပြီး ၉ ပွဲနိုင်၊၂ ပွဲရှုံး ၊ရဂိုး ၂၅ ဂိုး၊ ပေးဂိုး ၁၂ ဂိုး ရီးယဲလ်အသင်းကလဲ ၁၁ ပွဲကစားပြီးချိန် ၇ ပွဲနိုင်၊၃ ပွဲသရေ၊ ၁ပွဲရှုံး ရဂိုး ၂၆ ဂိုး၊ ပေးဂိုး ၇ ဂိုးဖြစ်ပါတယ်။

၂၀၁၅-၁၆ ရာသီရဲ့ El Clasico တိုက်ပွဲကတော့ ကမ္ဘာ့ဘောလုံး ပရိတ်သတ်တွေအတွက် ဆက်လက်ပြီး ရသမျိုးစုံ၊ စိတ်ခံစားမှု အနိမ့်အမြင့်တွေ ရောပြွမ်းပေးစွမ်းဦးမှာတော့ မြေကြီးလက်ခတ် မလွဲပင်ဖြစ်တော့မည်။

နောက်ဆုံး ၅ကြိမ်တွေ့ဆုံမှုမှတ်တမ်း
ဘာစီလိုနာ ၂ - ၁ ရီးရဲလ်
ရီးရဲလ် ၃ - ၁ ဘာစီလိုနာ
ရီးရဲလ် ၃ - ၄ ဘာစီလိုနာ
ဘာစီလိုနာ ၂ - ၁ ရီးရဲလ်
ရီးရဲလ် ၂ - ၁ ဘာစီလိုနာ

Credit : myawady
========================
ဧရာဝတီလူငယ်အသင်း ကစားလိုသူများရွေးချယ်ခံနိုင်

           ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အသက်(၁၉)နှစ်အောက် လူငယ် အမှတ်ပေးပြိုင်ပွဲဝင် ဧရာဝတီအသင်း၌ ပါဝင်ကစားလိုသည့် လူငယ်ကစားသမားများ အနေဖြင့် ဧရာဝတီယူနိုက်တက် အသင်း၏ လေ့ကျင့်ရေး အစီအစဉ်များ၌ လာရောက် ရွေးချယ်ခံနိုင်ကြောင်း သတင်းရရှိသည်။

ဧရာဝတီယူနိုက်တက် အသင်းသည် ယခင်နှစ် လူငယ်လိဂ် ပြိုင်ပွဲဝင်အသင်းမှ အသက်မီသည့် ကစားသမား ၁၆ ဦး ကျန်ရှိနေသော်လည်း အသင်းတစ်သင်း ဖွဲ့စည်းရန် ကစားသမား မလုံလောက်မှုကြောင့် ရွေးချယ်ခံလိုသည့် ကစားသမားများ အနေဖြင့် ဧရာဝတီအသင်း၏ လေ့ကျင့်ရေးကွင်းသို့ လာရောက်ရွေးချယ်ခံနိုင်ပြီး နည်းပြ ကြိုက်နှစ်သက်ပါက ခေါ်ယူ စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း ဧရာဝတီအသင်း တာဝန်ရှိသူက ပြောသည်။

‘‘ဒီနှစ်မှာ အရင်နှစ်တွေကလို လူရွေးပွဲ သီးသန့်မလုပ်တော့ဘူး။ ပုသိမ်မှာ လုပ်ခဲ့တဲ့ ခရိုင်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကနေ ကစားသမား ၃၀ ရွေးထားတယ်။ အသက်မီတဲ့သူတွေလည်း ရှိသလို မမီတဲ့သူတွေလည်း ရှိတယ်။ ဒါ့ကြောင့် လူငယ်အသင်းမှာ ကစားချင်တဲ့သူတွေကို ဖိတ်ခေါ်ပါတယ်။ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်ပြီး ရွေးချယ်ခံနိုင်တယ်။ နည်းပြက ကြိုက်တယ်ဆိုရင် တရားဝင် ခေါ်ယူမယ်’’ဟု ဧရာဝတီယူနိုက်တက် အသင်းမန်နေဂျာ ဦးအောင်ချို က ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်သည် ပြီးခဲ့သည့် ၂၀၁၅ မြန်မာလိဂ်လူငယ် ပြိုင်ပွဲကို အသက်(၂၀)နှစ်အောက် ပြိုင်ပွဲအဖြစ် ကျင်းပခဲ့သော်လည်း လာမည့် ၂၀၁၆ မြန်မာလိဂ်လူငယ်ပြိုင်ပွဲ ကို ယူ-၁၉ ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမည် ဖြစ်သည်။

ထို့ကြောင့် ယခင်နှစ် လူငယ်လိဂ်ပြိုင်ပွဲတွင် ကလပ်အသင်းများ၌ ကစားခဲ့သည့် ကစားသမား အများစုသည် အသက်ကျော်နေခြင်းကြောင့် လာမည့် လူငယ်လိဂ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မည် မဟုတ်ပေ။

လာမည့်ရာသီ လူငယ်လိဂ် ပြိုင်ပွဲအတွက် ကလပ်အသင်းများ အနေဖြင့် လူငယ်ကစားသမား ပြန်လည်ရွေးချယ်မှုများ ပြုလုပ်လျက်ရှိပြီး လက်ရှိ လူငယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်၊ ဇေယျာရွှေမြေ အစရှိသည့် အသင်းများသည် လူရွေးချယ်ပွဲများ ပြုလုပ်လျက်ရှိသည်။

Credit : 7Day Daily
========================
ဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲဝင်မြန်မာ U-21လူစရင်းထုတ်ပြန်

                ဗီယက်နမ် နိုင်ငံတွင် နိုဝင်ဘာလ ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် International U-21 Football Tournament Youth Newspaper Cup 2015 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်း၏ လူစာရင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ယနေ့ ထုတ်ပြန်လိုက်သည်။

မြန်မာ ယူ-၂၁ အသင်း၏ အပြီးသတ် လူစာရင်းတွင် ကစားသမား ၂၀ ဦးသာ ပါဝင်လာခဲ့ပြီး ဂိုးသမား ၂ ဦးနှင့် ကစားသမား ၁၈ ဦး ရွေးချယ်ထားသည်။ အဆိုပါ အပြီးသတ်လူစာရင်းတွင် ပြီးခဲ့သည့် နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းမှ ကစားသမား ၉ ဦးဖြင့် အများဆုံး ပါဝင်နေပြီး အာရှ ယူ-၁၉ ခြေစစ်ပွဲဝင်အသင်းမှ ကစားသမား ၆ ဦး ပြန်လည်ပါဝင်လာသည်။

မြန်မာ ယူ-၂၁ အသင်းသည် အဆိုပါ ပြိုင်ပွဲတွင် အုပ်စု (ခ)၌ HAGL ယူ-၂၁ အသင်း၊ တောင်ကိုရီးယား ယူ-၁၉ အသင်းတို့နှင့် အတူ ကျရောက်နေပြီး အုပ်စု အဖွင့်ပွဲအဖြစ် နိုဝင်ဘာလ ၂၀ ရက်တွင် အာဆင်နယ် အကယ်ဒမီ ယူ-၂၁ အသင်း ဖြစ်သည့် HAGL ယူ-၂၁ အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

မြန်မာ ယူ-၂၁ အသင်းသည် ဒုတိယ ပွဲအဖြစ် နိုဝင်ဘာလ ၂၂ တွင် တောင်ကိုရီးယား ယူ-၁၉ အသင်းနှင့် ကစားရမည် ဖြစ်သည်။ အဆိုပါ ပွဲစဉ် ၂ ပွဲတွင် အခြေအနေ ကောင်းခဲ့ပါက ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်မည်ဖြစ်ပြီး အုပ်စု အောက်ဆုံး၌သာ ရပ်တည်ခဲ့ပါက ပဉ္စမနေရာလုပွဲကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

ပဉ္စမ နေရာလုပွဲနှင့် ဆီမီးဖိုင်နယ် ပွဲစဉ် ၁ ကို နိုဝင်ဘာ ၂၆ တွင် ကျင်းပမည် ဖြစ်ပြီး၊ ဆီမီးဖိုင်နယ် ပွဲစဉ် ၂ ကို နိုဝင်ဘာ ၂၇ တွင် ကျင်းပမည် ဖြစ်သည်။ ဗိုလ်လုပွဲနှင့် တတိယနေရာ လုပွဲများကိုမူ နိုဝင်ဘာလ ၂၉ တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

မြန်မာ ယူ-၂၁ အသင်း၏ အုပ်ချုပ်/နည်းပြများ မှာ ဦးတင်မြင့်အောင် (အသင်းအုပ်ချုပ်သူ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) အဲရစ်ဝီလျံ (နည်းပြချုပ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ဦးညီညီလတ် (လက်ထောက်နည်းပြ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ဦးယဉ်မင်းအောင် (ဂိုးနည်းပြ၊ ရတနာပုံ) ဦးကျော်သန့်ဇင် (ဆရာဝန်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) တို့ ဖြစ်ကြသည်။

မြန်မာ ယူ-၂၁ အသင်း ကစားသမားများ
ဂိုး – ဘုန်းသစ္စာမင်း၊ ဆန်းဆက်နိုင် (MFF Youth)။

နောက်တန်း – ထိုက်ထိုက်အောင် (ဧရာဝတီ ယူနိုက်တက်)၊ သိန်းဇော် (ဇွဲကပင် ယူနိုက်တက်)၊ နိုင်လင်းထွန်း (မကွေး)၊ နန်းဝေမင်း (ရန်ကုန် ယူနိုက်တက်)၊ ရဲရင့်အောင်၊ စိုးမိုးထွန်း (MFF Youth)။

အလယ်တန်း – မျိုးကိုထွန်း (ရတနာပုံ)၊ ရန်နိုင်ဦး (ဇေယျာရွှေမြေ)၊ စွမ်းထက်အောင် (ရန်ကုန် ယူနိုက်တက် လူငယ်)၊ ကျော်ဇေယျ၊ မောင်မောင်လွင် (ဟံသာဝတီ ယူနိုက်တက်)၊ လှိုင်မျိုးအောင် (ကမ္ဘောဇ)၊ ဇင်ဖြိုးအောင် (ဇွဲကပင် ယူနိုက်တက်)၊ အောင်မိုးသူ (MFF Youth)။

ရှေ့တန်း – သန်းဇော်ဟိန်း၊ မောင်မောင်စိုး (မကွေး)၊ သန်းပိုင် (ရန်ကုန် ယူနိုက်တက်)၊ ရှိုင်းသူရ (ရတနာပုံ) တို့ဖြစ်ကြသည်

========================
ယခုအပတ်အတွက်လာလီဂါပွဲကြို

               ဒီတစ်ပတ်ကတော့ အားလုံးမျှော်လင့်နေတဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာ ထိပ်တိုက်တွေ့ချိန်ပါ။ ရီးရဲလ်က အိမ်ကွင်းအားသာချက် ရှိပေမယ့် နောက်ဆုံးပွဲမှာ ရှုံးထားပြီး ဘာစီလိုနာကတော့ တိုက်စစ်အတွဲ ခြေစွမ်းပြနေတာကြောင့် မျှနေပါတယ်။ ထိပ်ဆုံးနေရာပြန်ရမယ့် အခွင့်အရေးကို ရီးရဲလ် ယူနိုင်မလား....
ဆိုစီဒက် - ဆီဗီလာ 
ဆိုစီဒက်ကွင်းမှာ ဆီဗီလာ မနိုင်တာကြာပြီ ဖြစ်သလို လက်ရှိအဝေးကွင်း ရလဒ်ပိုင်းကလည်း မကောင်းပါဘူး။ မွိုက်စ်ခေတ်လွန် ဆိုစီဒက် အိမ်ကွင်းမှာ အမှတ်ရနိုင်ပါတယ်။

အက်စပန်ညို - မာလာဂါ
ရလဒ်တွေကျနေတဲ့ နှစ်သင်းတွေ့ကြတာ ဖြစ်ပြီး မာလာဂါကတော့ အဝေးကွင်းနိုင်ပွဲ မရသေးပါဘူး။ အက်စပန်ညိုကို မနိုင်တာလည်း (၆)ပွဲ ရှိပါပြီ။ အိမ်ရှင်ကိုပဲ ရွေးချင်ပါတယ်။

ဗလင်စီယာ - လက်စ်ပါမားစ်
လက်စ်ပါမားစ်က နိုင်ပွဲပြန်ရလာပေမယ့် တိုက်စစ်ဂိုးမြူးနေတဲ့ ဗလင်စီယာကို ဂိုးပြတတ်မရှုံးဖို့ပဲ ကြိုးစားရမှာပါ။ ဆုံခဲ့သမျှ ရာနှုန်းပြည့်အနိုင်ရထားတဲ့ ဗလင်စီယာ အနိုင်သေချာပါတယ်။

စပို့တင်းဂီဂျွန် - လီဗန်တေး 
စပို့တင်းဂီဂျွန်က ခံစစ်ကို ပိုဂရုစိုက်လာတာကြောင့် ဇယားအောက်ဆုံးက လီဗန်တေး ဂိုးရဖို့ မလွယ်ပါဘူး။ အိမ်ရှင်(၁-၀)ကို ကြိုက်ပါတယ်။

ရီးရဲလ် - ဘာစီလိုနာ
ဘာစီလိုနာမှာ မက်ဆီပါဝင်ဖို့ မသေချာသေးပေမယ့် နေမာနှင့်ဆွာရက်ဇ်အတွဲ အကောင်းဆုံးပုံစံရနေတာကြောင့် ရီးရဲလ် ခက်ခက်ခဲခဲ ကျော်ဖြတ်ရမှာပါ။ ဘာနေဗျူးမှာတော့ အမှတ်မပြတ်အောင် ကြိုးစားမယ့် ဘာစီလိုနာပဲ ရွေးချယ်ချင်ပါတယ်။

ဒီပို့တီဗို - ဆယ်လ်တာဗီဂို 
ဗလင်စီယာကို ဂိုးပြတ်ရှုံးခဲ့ရပေမယ့် ဆယ်လ်တာဗီဂို တိုက်စစ်ပိုင်း ဂိုးကံခေနေခဲ့လို့သာ ဖြစ်ပြီး ခြေစွမ်းကမညံ့ပါဘူး။ ဒီပို့ကလည်း ကစားပုံကောင်းလာတာကြောင့် အကြိတ်အနယ်ရှိမယ့်ပွဲပါ။ ဆယ်လ်တာဗီဂို အနိမ့်ဆုံး သရေရနိုင်ပါတယ်။

ဗီလာရီးရဲလ် - အီဘာ
နိုင်ပွဲဆက်ရလဒ်တွေနဲ့ အီဘာ အသင်းကြီးတွေကိုတောင် ဒုက္ခပေးလာပါတယ်။ ဗီလာရီးရဲလ်က ယူရိုပါလိဂ်ရှိရင် ယိုင်သွားတတ်ပါတယ်။ အီဘာ အမှတ်ခွဲယူနိုင်စွမ်း ရှိပါတယ်။

ဂရန်နာဒါ - ဘီလ်ဘာအို
ဂရန်နာဒါက နိုင်ပွဲမဲ့ရပ်ဝန်းမှာ ၀ဲလည်နေပြီး ဘီလ်ဘာအို ကတော့ နောက်ဆုံး(၅)ပွဲမှာ (၄)ပွဲ အနိုင်ရထားပါတယ်။ ဂရန်နာဒါမှာ အိမ်ကွင်းတစ်ခုပဲ အားကိုးစရာရှိပါတယ်။ သရေပွဲပါ။

ဘက်တစ် - အက်သလက်တီကို
ရီးရဲလ်နဲ့ ဘာစီလိုနာ ထပ်တိုက်တွေ့ချိန်မှာ အက်သလက်တီကို အမှတ်ပြည့်ယူနိုင်ဖို့ ကြိုးစားမှာပါ။ ဘက်တစ်ရဲ့ခြေစွမ်း မဆိုးပေမယ့် တီကိုနဲ့ ဂိုးအနည်းပဲ ရွေးသင့်တယ်။

ဂီတာဖေး - ဗယ်လက်ကာနို
ဒီနှစ်သင်းတွေ့တိုင်း သရေပွဲ မရှိသေးပါဘူး။ အစဉ်အလာပိုင်း သာသလို၊ ရုန်းအားလည်း ပိုကောင်းတဲ့ ဗယ်လက်ကာနိုကိုပဲ ပိုကြိုက်ပါတယ်။

Credit : First Eleven
========================
အောင်မြင့်မြတ်စုစည်းတင်ပြသည်
         
      

No comments:

Post a Comment