လာမည့် နိုဝင်ဘာလ (၂၂) ရက်နေ့၊ ညနေ (၄) နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် လာအိုတိုယိုတာအသင်းတို့၏ မဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဂိမ်းစ်နှင့် ကံစမ်းမဲ အစီအစဉ်များအပြင် နာမည်ကြီးအဆိုတော်များဖြစ်သည့် နီနီခင်ဇော်၊ Rဇာနည်နှင့်အိမ့်ချစ်တို့၏ ဖျော်ဖြေရေးအစီအစဉ်များပါထည့်သွင်းကျင်းပသွားမည် ဖြစ်ပါသည်။အဆိုပါပွဲလက်မှတ်များအားသုဝဏ္ဏအားကစားကွင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး၊အောင်ဆန်းကွင်းနှင့် ပဒုမ္မာကွင်းများ၌ နိုဝင်ဘာလ (၂၀) ရက်နေ့မှစတင်ပြီးနံနက်(၉း၃၀)နာရီမှညနေ(၅)နာရီအထိ ရောင်းချပေးသွားမည် ဖြစ်သည်။ လက်မှတ်ခများမှာ အထူးတန်း (၂) ထောင်ကျပ် နှင့် ရိုးရိုးတန်း (၁) ထောင်ကျပ် တို့ဖြစ်ကြသည်။ အဆိုပါပွဲအား မြ၀တီရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။ပြီးခဲ့သည့်၂၀၁၄တိုယိုတာမဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အိမ်ရှင် ဗီယက်နမ်ကလပ် BecamexBinh Duongက မြန်မာကလပ်ဧရာဝတီယူနိုက်တက်အသင်းကို(၄)ဂိုး(၁)ဂိုးဖြင့်အနိုင်ယူပြီးချန်ပီယံဘွဲ့ဆွတ်ခူးထားသည်။လာမည့် နိုဝင်ဘာလ (၂၂) ရက်နေ့၊ ညနေ (၄) နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့်လာအိုတိုယိုတာအသင်းတို့၏မဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင်အထူးအစီအစဉ်တစ်ခုအဖြစ်ပွဲကြည့်သည့်ပရိသတ်(၅) ယောက်တစ်အုပ်စီ စုဖွဲ့ပြီး ပွဲရလဒ်ခန့်မှန်းသည့် ၀င်ခွင့်ပုံစံ ရယူပြီး (တစ်အုပ်စုလျှင် ၀င်ခွင့်ပုံစံတစ်စောင်စီ) ဖြင့်ပွဲပြီးရလဒ်ကိုခန့်မှန်းဖြည့်စွက်ကာ ပေးပို့ရမည်ဖြစ်ပြီး ပွဲအပြီးတွင် ပွဲပြီးရလဒ်မှန်ကန်သည့်အုပ်စုများအားထပ်မံကံစမ်းမဲဖောက်ကာ
မဲပေါက်သည့် အုပ်စု မှာ ဘန်ကောက်တွင်ကျင်းပမည့်မဲခေါင်ကလပ်ချန်ပီယံရှစ် ဗိုလ်လုပွဲသို့သွားရောက်ကြည့်ရှုခွင့်ရမည် ဖြစ်သည်။ယင်းမဲခေါင်ကလပ်ချန်ပီယံရှစ် တွင် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်း စသည့်
နိုင်ငံများမှ ကလပ်အသင်းတစ်သင်းစီ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကာ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများက ပထမအဆင့် အိမ်ကွင်း၊ အဝေးကွင်း သုံးပွဲယှဉ်ပြိုင်ကစားပြီး ယင်းအဆင့်မှ တက်ရောက်လာသည့်အသင်းမှာ ဒုတိယအဆင့်တွင် ဗီယက်နမ်ကလပ်BecamexBinhDuong နှင့်ဒုတိယအဆင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။တတိယအဆင့်တွင်ဒုတိယအဆင့်မှတက်ရောက်သည့်အသင်းနှင့်ထိုင်းကလပ်အသင်းတို့ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ယင်းပွဲဆုကြေးများမှာ ချန်ပီယံဆုအတွက် အမေရိကန်ဒေါ်လာ (၇၅၀၀၀)၊ ဒုတိယဆုကန်ဒေါ်လာ(၅၀၀၀၀)၊တတိယဆုအတွက်(၃၀၀၀၀)၊စတုတ္ထအသင်းမှာကန်ဒေါ်လာ(၁၀၀၀၀) နှင့်ပဉ္စမဆုဆုကြေးဒေါ်လာ(၅၀၀၀)အသီးသီး ပေးအပ်ချီးမြှင့်ခံရမည်ဖြစ်ပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားမှာ ဆုကြေး အမေရိကန်ဒေါ်လာ (၃၀၀၀) ချီးမြှင့်ခံရမည်ဖြစ်သည်။
Credit - Myanmar Football Federation
No comments:
Post a Comment