Sunday, November 1, 2015

၂၀၁၅ မြန်မာလိဂ်ပြိုင်ပွဲအပြီး မနောမြေနှင့် နေပြည်တော်အသင်းတို့ လိဂ်-၂ သို့ တန်းဆင်း

၂၀၁၅ မြန်မာနေရှင်နယ် လိဂ် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၂၂) ဒုတိယရက်ပွဲများအပြီးတွင် မနော မြေနှင့် နေပြည်တော်အသင်းတို့ ပြိုင်ဘက်အသင်းများကို ရှုံးနိမ့် ကာ တန်းဆင်းခဲ့ရသည်။


အောက်တိုဘာ ၃၁ ရက်က တန်းဆင်းအန္တရာယ်နှင့် ရင်ဆိုင် နေရသော နေပြည်တော်၊ ရခိုင် နှင့် မနောမြေအသင်းတို့ ပွဲများကို တစ်ချိန်တည်းယှဉ်ပြိုင်ကစားခဲ့ပြီး နေပြည်တော်အသင်းက ဟံသာ ၀တီအသင်းကို၂-၁ ဂိုးဖြင့် ရှုံးနိမ့် ကာ တန်းဆင်းခဲ့ရသည်။

အောင်ဆန်းကွင်းတွင် ယှဉ် ပြိုင်ခဲ့သည့် ရခိုင်နှင့် ကမ္ဘောဇအ သင်းတို့ပွဲ၌ ရခိုင်အသင်း အနိုင် ရရှိမှသာ တန်းဆင်းဇုန်မှလွတ်မြောက်မည်ဖြစ်၍ ကမ္ဘောဇအသင်းကို ဖိအားပေးကစားခဲ့သော်လည်း ကမ္ဘောဇအသင်း၏ တန်ပြန်တိုက်စစ်ကို တားဆီးနိုင်ခြင်းမရှိသောကြောင့် ပွဲချိန် ၁၇ မိနစ်တွင် ကမ္ဘောဇအသင်းတိုက်စစ်မှူး အိုဘာတန်ခေါင်းတိုက်ကာ အ ဖွင့်ဂိုးသွင်းယူခဲ့ရသည်။

ဦးဆောင်ဂိုးခွင့်ပြုလိုက်ရ သည့် ရခိုင်အသင်းက တိုက်စစ် မြှင့်ကစားလာပြီး ပွဲချိန် ၂၆ မိနစ် တွင် ကမ္ဘောဇဂိုးသမား မျိုးမင်း လတ်၏ အမှားမှတစ်ဆင့် တိုက် စစ်မှူးအောင်စိုးမိုးက အပိုင်ပိတ် သွင်းကာ ရခိုင်အသင်းချေပဂိုးရရှိ ခဲ့သည်။ ဒုတိယပိုင်းတွင် ရခိုင်အ သင်းမှ ကစားသမားအချို့အ ပြောင်းအလဲပြုလုပ်ကာ ရင်ဆိုင် ခဲ့ပြီး ကမ္ဘောဇအသင်းကို ဖိအား ပေးနိုင်ခဲ့သော်လည်း ပွဲချိန် ၁၅ မိနစ်တွင် ကမ္ဘောဇအသင်း ပြစ် ဒဏ်ဘောမှတစ်ဆင့် တိုက်စစ်မှူး ဖိုလန်က အပိုင်ခေါင်းတိုက်ကာ ကမ္ဘောဇအသင်း ဦးဆောင်ဂိုး ထပ်မံရရှိခဲ့သည်။

ရခိုင်အသင်းက ချေပဂိုး ရရှိ ရန် တရစပ်ထိုးဖောက်ကစားခဲ့ပြီး ပွဲချိန် ၅၅ မိနစ်တွင် လူစားဝင် ကစားသမားညီညီနိုင်က ကမ္ဘောဇ အသင်းနောက်တန်းနှင့် ဂိုးသမား တို့ နားလည်မှုလွဲခဲ့ခြင်းကိုအခွင့် ကောင်းယူကာ ချေပဂိုးပြန်လည် သွင်းယူခဲ့သည်။

ပွဲချိန် ၇၉ မိနစ်တွင် ရခိုင် အသင်းတိုက်စစ်မှူး ပြည်မိုး၏ တစ်ကိုယ်တော်ထိုးဖောက်မှုကို ဂိုးသမားမျိုးမင်းလတ်ကာကွယ် နိုင်ခြင်းမရှိခဲ့သောကြောင့် ရခိုင် အသင်းဦးဆောင်ဂိုး ရရှိခဲ့သည်။ လက်ကျန်ပွဲကစားချိန်တွင် ရခိုင် အသင်းက ခံစစ်ဖြင့်သာ ကစားခဲ့ ပြီး ဒုတိယပိုင်းပြီးဆုံးချိန်၌ ရခိုင် အသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရရှိ ကာ မြန်မာနေရှင်နယ်လိဂ်တွင် တန်းတင်ကျန်ခဲ့သည်။

ပုသိမ်မြို့ ကျောက်တိုင်ကွင်း တွင် ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီနှင့် ဇေယျာရွှေမြေအသင်းတို့ပွဲ၌ တစ် ဖက်နှစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့သည်။ မန္တလေးမြို့ ဗထူးကွင်း၌ ယှဉ်ပြိုင် ခဲ့သည့် ရတနာပုံနှင့် မနောမြေအ သင်းတို့ပွဲတွင် ရတနာပုံအသင်း က ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အတွက် မနောမြေအသင်းမှာ ရခိုင်အသင်းနှင့် ရမှတ်နှစ်မှတ် ကွာဟခဲ့သောကြောင့် တန်းဆင်း ခဲ့ရသည်။

၂၀၁၅ မြန်မာလိဂ် အမှတ် ပေးဘောလုံးပြိုင်ပွဲအပြီးတွင် ရန် ကုန်အသင်းက ရမှတ် ၅၃ မှတ် ဖြင့် ဗိုလ်စွဲခဲ့ပြီး ချန်ပီယံဆု ရယူ နိုင်ခဲ့ကာ ရတနာပုံအသင်းက ၄၆ မှတ်ဖြင့် ဒုတိယနေရာ၌ ရပ်တည် ခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်-၂သို့ တန်းဆင်းသွားခဲ့ရသည့် နှစ် သင်းတွင် နေပြည်တော်အသင်း က ၁၇ မှတ်ဖြင့် အဆင့်အောက် ဆုံး၌ ရပ်တည်ခဲ့ပြီး မနောမြေအ သင်းက ရမှတ် ၁၉ မှတ်ဖြင့် အ ဆင့် ၁၁ နေရာတွင် ရပ်တည်ခဲ့ ကာ တန်းဆင်းခဲ့ရခြင်းဖြစ်သည်

No comments:

Post a Comment