Monday, November 16, 2015

ပေါလ်စခိုးအားနမူနာထားကြိုးစားမည်ဟု ဟာရဲရားပြော

မန်ယူအသင်း ကွင်းလယ်ကစားသမား ဟာရဲရားက မိမိအနေဖြင့် ပေါလ်စခိုးလ်ကို နမူနာထား ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပေါလ်စခိုးလ်သည် မန်ယူအသင်းတွင် ၁၉၉၄ မှ ၂၀၁၃ အထိ ပါဝင်ကစားခဲ့သူဖြစ်ပြီး ချန်ပီယံဆုများ ရယူပေးနိုင်ခဲ့သည်။ ပေါလ်စခိုးလ်သည် မန်ယူအတွက် ပွဲပေါင်း(၇၀၀)ကျော် ပါဝင်ကစားခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု (၁၁) ကြိမ် ရရှိခဲ့သည်။

ပေါလ်စခိုးလ်သည် မန်ယူအသင်းကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ခြင်းကြောင့် အားကျခဲ့သည်။ ထို့ကြောင့် ဟာရဲရားက ပေါလ်စခိုးလ်လိုဖြစ်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။

ဟာရဲရားက မိမိအနေဖြင့် ပေါလ်စခိုးလ် စွမ်းဆောင်ခဲ့သည့် အရာများကို မှတ်မိနေကြောင်း ပေါလ်စခိုးလ်သည် အရာအားလုံးကို ပြုလုပ်နိုင်သူဖြစ်ကြောင်း ဘောလုံးပေးပို့ခြင်း ရယူခြင်း ဂိုးသွင်းခြင်း ခံစစ်ကစားခြင်း စသည့်အရာများကို အကောင်းဆုံး စွမ်းဆောင်နိုင်သည့် ပြီးပြည့်စုံသော ကစားသမား တစ်ဦးဖြစ်ကြောင်း ပေါလ်စခိုးလ်လိုဖြစ်အောင် ပြုလုပ်ဖို့ မလွယ်ကူသော်လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း မိမိအနေဖြင့် ပေါလ်စခိုးလ်ထံမှ သင်ယူသွားမည်ဖြစ်ကြောင်း သို့သော် မိမိနှင့် ပေါလ်စခိုးလ်တို့သည် မတူညီသောပုံစံများ ရှိနေမည်ဖြစ်ကြောင်း ပေါလ်စခိုးလ်လိုပုံစံတူဖြစ်အောင် လုပ်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Credit : messenger

No comments:

Post a Comment