ရိုးမားတောင်ပံလူ ဆာလာသည် တနင်္ဂနွေနေ့က ရောမဒါဘီပွဲ လာဇီယိုကို နိုင်ခဲ့သည့်ပွဲတွင် ဒူးဒဏ်ရာရခဲ့ပြီး ခြောက်ပတ်ကြာ နားရ တော့မည်ဖြစ်သည်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××
လီဗာပူးနှင့် ပဲလေ့စ်တို့ ပွဲတွင် ဒဏ်ရာရခဲ့သည့် နောက်ခံလူ ဆက် ခိုနေရာ စိန့်အက်တီယန် နောက်ခံလူ လွိုက်ပါရင်ကို ပြင်သစ်နည်းပြ ဒီဒီယာဒက်ချမ့်စ်က လက်ရွေးစင်အသင်းအတွက် အစားထိုးခေါ် ယူခဲ့သည်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××
လာပါးမတ်စ် အသင်းကို ရှုံးခဲ့ပြီးနောက် ဆိုစီဒက်နည်းပြ ဒေးဗစ် မိုယက်စ်သည် အသင်းနည်းပြ ရာထူးမှ ပြုတ်ရန် နီးစပ်နေပြီဖြစ် သည်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××
အာဆင်နယ်မှ တိုက်စစ်မှူး ဂျီရော့ဒ်နှင့် အိုဇေးလ်တို့သည် အောက် တိုဘာလ၏ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု ဆန်ခါ တင်စာရင်းတွင် ကီဗင် ဒီဘရိုင်နီ၊ ဂျေမီဗာဒီတို့နှင့်အတူ တွဲဖက်ပါ ဝင်နေသည်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ခရစ္စတယ်ပဲလေ့စ်အား ၂-၁ ဖြင့် ရှူံးနိမ့်သောပွဲတွင် ပွဲပြီးခါနီး အိမ်ကွင်းပရိသတ်များ ထပြန်သွားခဲ့၍ တစ်ဦးတည်းအထီးကျန်သလို ခံစားရသည်ဟု လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောသည်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××
စနေနေ့က ကိုးပွဲဆက်တိုက် ဂိုးသွင်းယူခဲ့ပြီးနောက် ဆယ်ပွဲ ဆက် တိုက် ဂိုးသွင်းယူနိုင်ခဲ့သည့် မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်း ၏ ဆယ်ပွဲဆက်တိုက် ဂိုးသွင်းယူမှုစံချိန်ကို လိုက်မီရန် ကြံရွယ်နေ သည်ဟု လက်စ်တာစီးတီးအသင်းမှ တိုက်စစ်မှူး ဂျေမီဗာဒီက ကြုံး ၀ါးပြောကြားသည်
7daydaily
No comments:
Post a Comment