Thursday, November 19, 2015
ဖက်ဒါရာအကြိုဗိုလ်လုပွဲအဆင့်တတ်ရောက်
အတီပီတိုးဖိုင်နယ်ပွဲစဉ်ရဲ့ စတန်စမစ် အုပ်စုထဲက ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆီဒင်(၁) ဂျိုကိုဗစ်နဲ့  ဆီဒင်(၃)ရော်ဂျာဖက်ဒါရာ တို့ ပွဲစဉ်မှာဆီဒင်(၃) ရော်ဂျာဖက်ဒါရာက (၇-၅)၊(၆-၂)နဲ့ အနိုင်ရသွားခဲ့ပြီးအကြိုဗိုလ်လုပွဲအဆင့်ကိုတက်ရောက်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ဂျိုကိုဗစ်ဟာဖက်ဒါရာကိုရှုံးနိမ့်ခဲ့တဲ့အခုပွဲစဉ်အပါအ၀င် ဒီနှစ်ရာသီမှာ (၆)ပွဲမြောက်ရှုံးပွဲကြုံတွေ့ ခဲ့ရတာဖြစ်ပြီး သြဂုတ်လ (၂၃)ရက်က ယှဉ်ပြိုင်ခဲ့တဲ့ စင်စင်နတီ ဗိုလ်လုပွဲမှာ ဖက်ဒါရာကိုရှုံးနိမ်ခဲ့ပြီးနောက်ပိုင်းမှာ ပထမဆုံးရှုံးပွဲ နဲ့ ပြန်လည် ကြုံတွေ့ ခဲ့ရတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဂျိုကိုဗစ် ဟာသုံးနှစ်အတွင်းပထမဆုံးအင်ဒိုးပြိုင်ပွဲရဲ့ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်တယ်လို့ သိရပါတယ်။ဖက်ဒါရာက“ဒီပွဲကိုယှဉ်ပြိုင်ဖို့လာကထဲကရှင်းရှင်းလင်းလင်းပြတ်ပြတ်သားနဲ့ ယှဉ်ပြိုင်နိုင်ဖို့ စိတ်ကူးနဲ့ လာခဲ့တာပါ။အရမ်းကောင်းတဲ့ နည်းစနစ်မရှိပေမဲ့ ပွဲကို ကောင်းကောင်းမွန်မွန်နဲ့ တည်တည်ငြိမ်ငြိမ်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ဂျိုကှိုဗစ်ကျွန်တော့ထက်ပိုကောင်းအောင်ကစားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ အချို့ နေရာတွေမှာတော့ သူထက်ကျွန်တော်ပိုကောင်းပါတယ်”လို့ ဆိုခဲ့ပါတယ်။ဒီအုပ်စုရဲ့ အခြားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဆီဒင်(၈) နီရှီကိုရီ နဲ့ ဆီဒင် (၆) ဘာဒစ်ခ်ျ တို့  ပွဲမှာ နီရှီကိုရီ က အနိုင်ရရှိသွားခဲ့ပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment