၂၀၁၈ ကမ္ဘာ့ဖလားအာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲ(ဒုတိယအကျော့)အဖြစ် မြန်မာအသင်းကိုအိမ်ကွင်း၌ ဧည့်ခံယှဉ်ပြိုင်ရမည့် တောင်ကိုရီးယားအသင်း၏ လူစာရင်း၌ အင်္ဂလန်ပရီးမီးယားလိဂ် အခြေစိုက် ကစားသမားသုံးဦးပါဝင်လာသည့်အပြင် ဘွန်ဒက်စ်လီဂါအခြေစိုက် ကစားသမားများလည်း ပါဝင်လာခဲ့သည်။
မြန်မာအသင်းနှင့် ပွဲစဉ် တောင်ကိုရီးယားအသင်း၏ စပိန်နည်းပြ အူလီစတယ်လိုက်ထုတ်ပြန်ခဲ့သည့် ကစားသမား ၂၃ ဦးစာရင်းတွင် ကွင်းလယ်ဖန်တီးရှင်များဖြစ်သည့် ဆွမ်ဆီးအသင်းမှ ကီဆွန်ယောင်း၊ စပါးအသင်းမှ ဆွန်ဟောင်မင်းနှင့် ခရစ္စတယ်ပဲ လေ့စ်အသင်းမှ လီချန်ယောင်းတို့ ပါဝင်လာသည့်အပြင် ဂျာမန်ဘွန် ဒက်စ်လီဂါ အခြေစိုက်ကစားသ မားများလည်းပါဝင်လာသည်။
‘‘ဒီကစားသမားတွေက အ သင်းရဲ့ အမာခံကစားသမားတွေ ပါ။ ဒါပေမဲ့ ကီဆွန်ယောင်းတစ် ဦးပဲ အပြည့်အ၀ကစားနိုင်မယ့် အနေအထားမှာ ရှိသေးတယ်။ ကျန်တဲ့ ကစားသမားတွေက ဒဏ် ရာကြောင့် ရာနှုန်းပြည့် ကစားပေး နိုင်မယ့် အနေအထားမရှိဘူး’’ဟု အူလီစတယ်လိုက်က ပြောသည်။
တောင်ကိုရီးယားအသင်းနှင့် မြန်မာအသင်းတို့၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို နိုဝင်ဘာ ၁၂ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅နာရီခွဲ၌ တောင်ကိုရီးယားနိုင်ငံ Suwon မြို့ရှိ Suwon အားကစားကွင်း၌ ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းခြေစစ်ပွဲ ကို ပြည်တွင်းရှိ Channel 7 နှင့် For Sports ရုပ်သံလိုင်းများမှ တိုက်ရိုက်ပြသမည်ဖြစ်သည်။
မြန်မာအသင်းသည် ထိုင်း နိုင်ငံ ဘန်ကောက်မြို့တွင် ယှဉ် ပြိုင်ခဲ့သည့် တောင်ကိုရီးယားအ သင်းနှင့် ပထမအကျော့တွင် နှစ် ဂိုးပြတ်ရှုံးနိမ့်ထားသည်။ မြန်မာ အသင်းသည် တောင်ကိုရီးယား အသင်းနှင့် ပွဲစဉ်မတိုင်မီ နိုဝင်ဘာ ၇ ရက်က ဟောင်ကောင်လက်ရွေး စင်အသင်းနှင့် ဟောင်ကောင်အိမ် ကွင်း၌ ခြေစမ်းကစားခဲ့ရာ ငါးဂိုး ပြတ်ရှုံးနိမ့်ခဲ့သည်။ ယင်းမှာ နည်း ပြသစ်ဂတ်ဖရိုင်းဒရစ်လက်ထက် မြန်မာအသင်းအနေဖြင့် ပထမဦး ဆုံးနိုင်ငံတကာ ရှုံးပွဲကြုံတွေ့ခဲ့ ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအ ဆင့် ခြေစစ်ပွဲအုပ်စု(ဆ)၌ တောင် ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုအသင်းတို့နှင့်အတူ ပါဝင် ပြီး ပွဲစဉ်(၅) အပြီးတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ သုံးပွဲရှုံးရလဒ်ဖြင့် ရ မှတ်လေးမှတ်ရရှိထားကာ အုပ်စု အတွင်း အဆင့်(၄)နေရာ၌ရပ်တည်နေသည်။
မြန်မာအသင်းသည် တောင်ကိုရီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၈ ရက်ကတည်းက တောင်ကိုရီးယားနိုင်ငံ သို့ ရောက်ရှိလေ့ကျင့်လျက် ရှိသည်
7daydaily
No comments:
Post a Comment