Sunday, November 15, 2015

ဗန်ပါစီပိုမိုသန်မာသည့်ပုံစံဖြင့်ပြန်လာလိမ့်မည်ဟုစနိုက်ဒါဆို

နယ်သာလန်အသင်း၏ ကွင်းလယ်လူ ဆနိုက်ဒါက တိုက်စစ်မှုးဗန်ပါစီသည် ပိုမိုသန်မာသည့်ပုံစံဖြင့် ပြန်လာလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၃၂နှစ်အရွယ်ရှိ ဗန်ပါစီသည် နယ်သာလန်အသင်းအတွက် ၁၀၁ ပွဲကစား ၅၀ ဂိုးသွင်းယူခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသော်လည်း ယခုတစ်ပတ် ခြေစမ်းပွဲများ အတွက် နယ်သာလန်အသင်း၏ လူစာရင်းတွင် ရွေးချယ်ခြင်း မခံခဲ့ရချေ။

ဆနိုက်ဒါက ဗန်ပါစီရွေးချယ်ခြင်း မခံခဲ့ရခြင်းမှာ ကြံ့ခိုင်မှုကြောင့်သာ ဖြစ်နိုင်ပြီး ကြံ့ခိုင်မှုပြည့်ဝလာပါက အသင်းလူစာရင်းတွင် ပါဝင်လာမည်ဖြစ်ကြောင်း ဆိုခဲ့သည်
credit-beetalk publicaccount

No comments:

Post a Comment