Sunday, November 15, 2015
မြန်မာ့လက်ရွေးစင်အသင်းပါဝင်ယှဉ်ပြိုင်ဖို့ရှိနေတဲ့ Merlion Cup
မြန်မာ့လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်ဖို့ ရှိနေတဲ့  စင်ကာပူ Merlion Cup ကို Singapore Sports Hub ရှိ National Stadium မှာ လက်ခံကျင်းပနိုင်ဖို့  မသေချာသေးဘူးလို့ Channel New Asia မှာ ဖော်ပြခဲ့ပါတယ်။Sports Hub တာဝန်ရှိသူတွေကကွင်းဌားရမ်းခတွေကို(၂၀၁၆)ခုနှစ်ကျင်းပမယ့်ပြိုင်ပွဲအပြင်(၂၀၁၇)ခုနှစ်ပြိုင်ပွဲအတွက်ပါကြိုတင်ပေးချေဖို့တောင်းဆိုခဲ့တဲ့အတွက်ညှိနှိုင်းမှု နှောင့်နှေးနေခြင်း ဖြစ်တယ်လို့ သတင်းမှာဖော်ပြခဲ့ပါတယ်။စင်ကာပူဘောလုံး အဖွဲ့ ချုပ်ရဲ့  စပွန်ဆာကုမ္မဏီ MP & Silva က Sports Hub နဲ့ ညှိုနှိုင်းနေပြီး သဘောတူညီမှု အချိန်မီမရခဲ့ပါက စင်ကာပူနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတစ်ခုခု မှာ ကျင်းပဖို့ လည်း စဉ်းစားနေတယ်လို့ သိရပါတယ်။ (၂၀၁၆) ဇန်နဝါရီလကုန်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ MerlionCupပြိုင်ပွဲမှာအိမ်ရှင်စင်ကာပူအသင်း၊ မြန်မာ့လက်ရွေးစင်အသင်း၊ ဂျပန်ကလပ် ယိုကိုဟားမား၊ တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာ တို့  ပါဝင်ယှဉ်ပြိုင်ရဖို့ စာရင်းပေးထားတယ်လို့  လည်းသိရပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment