Sunday, November 15, 2015

လီဗာပူးနဲ့ပွဲမတိုင်မီဒါဏ်ရာပြန်ကောင်းရန်အဂူရုမျှော်လင့်

မန်စီးတီးအသင်း၏ အာဂျင်တီးနားတိုက်စစ်မှုး အဂူရိုက သူသည်နိုဝင်ဘာ ၂၁ ရက်နေ့တွင် ကစားရန်ရှိသော မန်စီးတီး-လီဗာပူးပွဲတွင် ပါဝင်ကစားရန် ပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့သည်။

အဂူရိုသည် လက်ရှိအချိန်တွင် ဒဏ်ရာသက်သာလာပြီ ဖြစ်သဖြင့် အပေါ့စားလေ့ကျင့်ခန်းများ ပြုလုပ်နေပြီး သူ့အနေဖြင့် ဘောလုံးပြန်ကစားနိုင်ရန် များစွာစောင့်ဆိုင်းရတော့မည် မဟုတ်ဟု ပြောကြားခဲ့သည်။

"ကျွန်တော် အချိန်အကြာကြီး မစောင့်ရတော့ဘူးလို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှု အခြေအနေက အတော့်ကို ကောင်းနေပါပြီ။ နောက် ရက်သတ္တပတ်လောက်မှာ ကျွန်တော် ပြင်းပြင်းထန်ထန် လေ့ကျင့်နိုင်မှာပါ။

အဲဒီနောက် အသင်းဖော်တွေနဲ့ လေ့ကျင့်ပြီးရင် ကျွန်တော် အသင်းနဲ့အတူ ပြန်ကစားနိုင်ပါပြီ။ ကျွန်တော်ပစ်မှတ်ထားတာကတော့ လီဗာပူးနဲ့ပွဲပါပဲ"ဟု အဂူရိုက ပြောကြားခဲ့သည်။

အဂူရိုသည် ပြီးခဲ့သည့်လအတွင်းက အာဂျင်တီးနားနှင့် အီကွေဒေါတို့ ကစားခဲ့သောပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့ပြီး မန်စီးတီးအသင်း ကစားခဲ့သော နောက်ဆုံးပွဲစဉ် (၇)ပွဲကို လွဲချော်ခဲ့ရသည်။
အဂူရိုသည် ယခုနှစ်ရာသီ မန်စီးတီးအသင်းအတွက် ဂိုးအများဆုံးသွင်းသူအဖြစ် ၈ ဂိုး သွင်းယူပေးထားသည်။

Credit : Premier Eleven

No comments:

Post a Comment