Thursday, November 19, 2015

ဗီယင်နမ် U-21ပြိုင်ပွဲအချိန်ဇယားပြောင်းလဲ

မန်မာ့လက်ရွေးစင် ယူ-၂၁ အသင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်ဇယားကို ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် က ပြောင်းလဲရေးဆွဲခဲ့ပြီး မြန်မာအသင်းမှာ ပွဲဦးထွက် တောင်ကိုရီးယားယူ-၁၉ အသင်းနှင့် တွေ့ဆုံနေသည်။

နိုဝင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ သောင်နတ် အားကစားကွင်း၌ ကျင်းပမည့် ‘‘International U-21 Thanh Nien Newspaper Cup 2015’’ ပြိုင်ပွဲတွင် မြန်မာယူ-၂၁ အသင်းသည် အုပ်စု(ခ)၌ ဟောင်အန်းဂယ်လိုင် ယူ-၂၁ အသင်း၊ တောင်ကိုရီးယား ယူ-၁၉ အသင်းတို့နှင့် ကျရောက်နေခြင်းဖြစ်သည်။ အုပ်စု (က)တွင် ထိုင်းယူ-၂၁ အသင်း၊ စင်ကာပူ ယူ-၂၁ အသင်းနှင့် သန်နိုင်းယူ-၂၁ အသင်းတို့ ပါဝင်နေသည်။

မြန်မာအသင်းသည် မူလက နိုဝင်ဘာ ၂၀ ရက် အဖွင့်ပွဲစဉ်အဖြစ် ဗီယက်နမ်ကလပ် ဟောင်အန်းဂယ်လိုင်အသင်းနှင့် တွေ့ဆုံနေသော်လည်း ပြောင်းလဲ ရေးဆွဲထားသည့် အုပ်စုပွဲစဉ်အရ မြန်မာ ယူ-၂၁ အသင်းသည် နိုဝင်ဘာ ၂၂ ရက် မြန်မာ စံတော်ချိန် ညနေ ၄ နာရီတွင် ပွဲဦးထွက် တောင်ကိုရီးယား ယူ-၁၉ အသင်း၊ နိုဝင်ဘာ ၂၄ ရက် ညနေ ၆ နာရီခွဲတွင် ဗီယက်နမ်ကလပ် ဟောင်အန်းဂယ်လိုင် အသင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

နည်းပြချုပ် အဲရစ်ဝီလျံ တာဝန်ယူသည့် မြန်မာ ယူ-၂၁ အသင်းသည် အောက်တိုဘာ ၂၆ ရက်တွင် စခန်းသွင်းလေ့ကျင့်ခဲ့ပြီး ပြိုင်ပွဲမတိုင်မီ ပြည်တွင်းခြေစမ်းပွဲ သုံးပွဲကစားခဲ့ရာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့သည်။ ယူ-၂၁ အသင်းသည် ရန်ကုန်လူငယ်အသင်းကို ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းကို ၁-၀ ဂိုးနှင့် ဟံသာဝတီ ယူနိုက်တက်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဗီယက်နမ်ဖိတ်ခေါ် ယူ-၂၁ ပြိုင်ပွဲတွင် မြန်မာအသင်း၏ ပွဲစဉ်များကို ပြည်တွင်းရုပ်သံလိုင်းများမှ တိုက်ရိုက်ပြသပေးနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ ယူ-၂၁ အသင်း
ဂိုး- ဘုန်းသစ္စာမင်း၊ ဆန်းဆက်နိုင်

နောက်တန်း - ထိုက်ထိုက်အောင်၊ သိန်းဇော်၊ နိုင်လင်းထွန်း၊ နန်းဝေ မင်း၊ ရဲရင့်အာင်၊ စိုးမိုးထွန်း
အလယ်တန် - မျိုးကိုထွန်း၊ ရန်နိုင်ဦး၊ စွမ်းထက်အောင်၊ ကျော်ဇေယျ၊ မောင်မောင်လွင်၊ လှိုင်မျိုးအောင်၊ ဇင်ဖြိုးအောင်၊ အောင်မိုးသူ

ရှေ့တန်း - သန်းဇော်ဟိန်း၊ မောင် မောင်စိုး၊ သန်းပိုင်၊ ရှိုင်းသူရ

Credit : 7Day Daily
author-aungmyintmyat

No comments:

Post a Comment