ဝက်ဖို့ဒ် - မန်ယူ (စနေည ၇ နာရီ ၁၅ မိနစ်)
နောက်ဆုံးတွေ့ ဆုံမှု သုံးကြိမ်
ဝက်ဖို့ဒ် ၁-၄ မန်ယူ
မန်ယူ ၄-၀ ဝက်ဖို့ဒ်
ဝက်ဖို့ဒ် ၁-၂ မန်ယူ
မန်ယူတို့ ဆက်နိုင်ဖို့ များပြီး ဒီပွဲမှာ အဝေးကွင်းဆိုပေမယ့် နှစ်ဂိုးလောက် ရနိုင်တယ်။ သရေ မဖြစ်ဖို့အတွက်က ချေပဂိုးမပေးရဖို့ လိုပါတယ်။ ၂-၁ ဂိုးရလဒ် လောက်နဲ့ မန်ယူနိုင်နိုင်တယ်။
ဝက်စ်ဘရွန်း - အာဆင်နယ် (စနေည ၉ နာရီ ၃၀ မိနစ်)
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
အာဆင်နယ် ၄-၁ ဝက်စ်ဘရွန်း
ဝက်စ်ဘရွန်း ၀-၁ အာဆင်နယ်
အာဆင်နယ် ၁-၀ ဝက်စ်ဘရွန်း
အာဆင်နယ်တိုက်စစ်ဦးဆောင်ဂိုးတွေရနိုင်ပြီး ဝက်စ်ဘရွန်းတို့ ခံစစ်ကစားရနိုင်ပါတယ်။ အာဆင်နယ် ယမန်နှစ်ရလဒ် အတိုင်း ဂိုးမရနိုင်ပေမယ့် အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ နိုင်ခြေရှိပါတယ်။
အဲဗာတန် - အက်စ်တွန်ဗီလာ (စနေည ၉ နာရီ ၃၀ မိနစ်)
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
ဗီလာ ၃-၂ အဲဗာတန်
အဲဗာတန် ၃-၀ ဗီလာ
အဲဗာတန်၂-၁ ဗီလာ
ဗီလာတို့ အဝေးကွင်းငါးပွဲဆက်ရှုံးထားပြီး နိုင်ပွဲရဖို့ ခက် ပါဦးမယ်။ အဲဗာတန်အိမ်ကွင်းမှာ ခြေစွမ်းကောင်းပြီး နှစ်ဂိုးအသာ လောက်ရနိုင်တဲ့ ပွဲဖြစ်ပါတယ်။
ချဲလ်ဆီး - နော်ဝစ်ခ်ျ (စနေည ၉ နာရီ ၃၀ မိနစ်)
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
ချယ်လ်ဆီး ၀-၀ နောဝစ်ခ်ျ
နောဝစ်ခ်ျ ၁-၃ ချယ်လ်ဆီး
နောဝစ်ခ်ျ ၀-၁ ချယ်လ်ဆီး
ချယ်လ်ဆီးတို့ နိုင်ဖို့ များပေမယ့် လက်ရှိခြေစွမ်းအရ ဖိအားဝင် နေပြီး တိုက်စစ်ပိုင်း အိမ်ကွင်းမှာ အကောင်းကြီးမရှိနိုင်သေးပါဘူး။တစ်ဂိုးအသာနဲ့ ကပ်နိုင်(သို့မဟုတ်) ဂိုးမရှိသရေ မထင်မှတ် ဘဲလည်း ဖြစ်သွားနိုင်တယ်။
ဆွမ်ဆီး - ဘုန်းမောက် (စနေည ၉ နာရီ ၃၀ မိနစ်)
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
ဘုန်းမောက် ၃-၁ ဆွမ်ဆီး
ဆွမ်ဆီး ၁-၂ ဘုန်းမောက်
ဘုန်းမောက် ၁-၄ ဆွမ်ဆီး
ဆွမ်ဆီးအိမ်ကွင်းမှာ လေးပွဲဆက်တိုက်နိုင်ပွဲမရသေးပါဘူး။လက်ရှိခြေစွမ်းအရ ဘုန်းမောက် ကလည်း ဆက်တိုက်ရှုံးပြီး တန်း ဆင်းဇုန်မှာ ဖြစ်နေပါတယ်။ ဆွမ် ဆီးနိုင်မယ့်ပွဲဖြစ်ပါတယ်။
နယူးကာဆယ် - လက်စတာ (စနေည ၉ နာရီ ၃၀ မိနစ်)
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
လက်စတာ ၃-၀ နယူးကာဆယ်
လက်စတာ ၁-၀ နယူးကာဆယ်
နယူးကာဆယ် ၁-၀ လက်စတာ
လက်စတာတို့ နောက်ဆုံးအဝေးကွင်းမှာ ဝက်စ်ဘရွန်းကို နိုင်ပြီး လက်ရှိမှာလည်း အကောင်းဆုံးအနေအထားမှာ ရှိဆဲဖြစ်ပါ တယ်။ နယူးကာဆယ်အတွက် ခက်ခဲနိုင်ပြီး လက်စတာအနိမ့် ဆုံးတစ်ဂိုးအသာနဲ့ နိုင်သွားနိုင် တယ်။ သရေလည်း ဖြစ်နိုင်ခြေရှိ ပါတယ် ။
ဆောက်သမ်တန် - စတုတ်စီးတီး (စနေည ၉ နာရီ ၃၀ မိနစ်)
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
စတုတ် ၂-၁ ဆောက်သမ်တန်
စတုတ် ၂-၃ ဆောက်သမ်တန်
ဆောက်သမ်တန် ၁-၀ စတုတ်
စတုတ်တို့ ချယ်လ်ဆီးကို နိုင်ခဲ့ရာမှာ ဝေါ်လ်တာ၊ အာနိုတော်ဗစ်တို့ တိုက်စစ်ကိုသုံးခဲ့သလို ဒီပွဲ မှာလည်း ထပ်သုံးနိုင်ပါတယ်။ တန်ပြန်တိုက်စစ်နဲ့ တစ်ဂိုးအသာ (သို့မဟုတ်)အပြန်အလှန်သွင်း ဂိုးတွေနဲ့ ကပ်နိုင်သွားနိုင်ပါ တယ်။
မန်စီးတီး - လီဗာပူး (စနေည ၁၂ နာရီ)
နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်
လီဗာပူး ၂-၁ မန်စီးတီး
မန်စီးတီး ၃-၁ လီဗာပူး
လီဗာပူး ၃-၂ မန်စီးတီး
မန်စီးတီးတို့ ဇယားမှာ ဦးဆောင်ဖို့ အရေး အနိုင်ကစားမှာဖြစ်ပါတယ်။ ဒီရာသီ မန်စီးတီး အိမ်ကွင်းရလဒ်တွေ ကောင်းနေပြီး ဘွန်နီ၊ တိုရေး၊ စတာလင်တို့ ထပ်ပါလာနိုင်ပါတယ်။ မန်စီးတီး နှစ်ဂိုးလောက် ရနိုင်ပါတယ်။
Credit : 7Day Daily
No comments:
Post a Comment