Saturday, February 6, 2016

ပရီးမီးယားလိဂ်ပွဲစဉ် ၂၅

ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်
မန်စီးတီး နှင့် လက်စတာ (၆-၂-၂၀၁၆ ည ၇း၁၅ SkyNet 6,HD)
မန်စီးတီးအတွက် လက်စတာကို ကျော်တက်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး လက်စတာအတွက်လည်း အမှတ်ပေးဇယား မှာ ဆက်လက်ဦးဆောင်နိုင်ဖို့ အရမ်းအရေးကြီးတဲ့ပွဲပါ။ ဒီပွဲကို သရေကစားနိုင်ရင် လက်ကျန်ပွဲစဉ်တွေအတွက် လက်စတာအသင်း ရဲ့ ယုံကြည်မှုက အမြင့်ဆုံးအနေအထားကို ရောက်ရှိသွားပါလိမ့်မယ်။ လက်ရှိအချိန်မှာ မန်စီးတီးရဲ့ ခြေစွမ်းက တည်တည်ငြိမ်ငြိမ် ရှိပါတယ်။ ဒါပေမဲ့ ပေါက်ကွဲအားကောင်းတဲ့ ခြေစွမ်းမျိုးမဟုတ်သေးဘူး။ အဂွဲရိုး ကြံ့ခိုင်မှု မပြည့်သေးချိန်မှာ ဂိုးရဖို့အတွက်ကလည်း သူ့ကိုပဲ အားထားရသလိုဖြစ်နေတယ်။ ဒီဘရိုင်း မကစားနိုင်တာ မန်စီးတီးအသင်းအတွက် စိတ်ပျက်စရာဖြစ်ပြီး စတာလင်က ခြေမငြိမ်၊ ဒေးဗစ်ဆေးလ်ဗား၊ ယာယာတိုရေးတို့က အရင်လို ပုံစံမျိုးမဟုတ်သေးတာ တွေ့ရတယ်။ လက်စတာက အကောင်းဆုံးပုံစံကို ရရှိနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၂)ပွဲမှာ စတုတ်စီးတီး၊ လီဗာပူးလ်တို့ကို ဂိုးပြတ်နိုင်ပွဲတွေရခဲ့တယ်။ ပေးဂိုးမရှိသလို တိုက်စစ်ကလည်း ဂိုးတွေ သွင်းနိုင်ခဲ့တယ်။ လူအင်အားအရ မန်စီးတီးသာတာငြင်းလို့မရပေမယ့် လက်စတာက စုဖွဲ့မှုကောင်းပြီး ယုံကြည်မှုရှိလာတာ တွေ့ရတယ်။ အသင်းလိုက်ကစားပုံ အရမ်းကောင်းတဲ့အချိန်မှာ လူအင်အားကွာတာက ပြဿနာသိပ်မရှိတော့ဘူး။ နောက်တစ်ချက်က မန်စီးတီးအသင်းရဲ့ လက်ရှိ ခြေစွမ်းက လက်စတာလောက် မကောင်းသလို လက်စတာခံစစ်ကို မမီဘူး။ တန်ပြန်တိုက်စစ်နဲ့ ကစားမယ့် အသင်းတစ်သင်းအနေနဲ့ မန်စီးတီးခြေသာမှာကိုလည်း စိုးရိမ်စရာမရှိပါဘူး။ လက်စတာ သရေကစားနိုင်ပါလိမ့်မယ်။
ဆွမ်ဆီး နှင့် ခရစ္စတယ်ပဲလေ့စ် (၆-၂-၂၀၁၆ ည ၉း၃၀ SkyNet 3)
ဆွမ်ဆီးက အဲဗာတန်ကို အဝေးကွင်းမှာနိုင်ပြီး ၀က်စ်ဘ ရွန်းကိုလည်း အဝေးကွင်းမှာ သရေဆက်ကစားခဲ့တယ်။ ဒီပွဲက နည်းပြသစ်ဂူဒိုလင်ရဲ့ ပထမဆုံးအိမ်ကွင်းလိဂ်ပွဲစဉ်ပါ။ ပဲလေ့စ်အ သင်းကလည်း ခြေစွမ်းကျဆင်းနေပါတယ်။ ဆွမ်ဆီးအသင်း အိမ် ကွင်းမှာ ရလဒ်ကောင်းယူပါလိမ့်မယ်။
စတုတ်စီးတီး နှင့် အဲဗာတန် (၆-၂-၂၀၁၆ ည ၉း၃၀ SkyNet 1)
စတုတ်စီးတီးကွင်းမှာ အဲဗာတန်က ရုန်းကန်နေကြပါ။ အ မြဲတမ်းအခက်အခဲတွေ့လေ့ရှိတယ်။ သိပ်မကြာသေးခင်လည်း အိမ်ကွင်းမှာ အပြန်အလှန်ဂိုးတွေနဲ့ ရှုံးထားတာတွေ့ရတယ်။ အ ခုအချိန်မှာ စတုတ်ရလဒ်တွေကျနေပေမယ့် အဲဗာတန်ကလည်း စိတ်ပျက်စရာပါ။ စတုတ်ကိုပဲ ကြိုက်ပါတယ်။
အက်စတွန်ဗီလာ နှင့် နောဝစ်ခ်ျ (၆-၂-၂၀၁၆ ည ၉း၃၀ MUTV)
အက်စတွန်ဗီလာအသင်းက တန်းဆင်းရဖို့ သေချာသ လောက်ရှိနေတဲ့အသင်းပါ။ ဒီအချိန်အထိလည်း ရုန်းအားမရှိ၊ စိတ်ဓာတ်မရှိပါဘူး။ ဒါပေမဲ့ အခု ကစားရမယ့်နောဝစ်ခ်ျက ရှုံးပွဲ ဆက်နေတဲ့အသင်းပါ။ ဗီလာအနေနဲ့ အလှည့်အပြောင်းတစ်ခုလို ချင်တယ်ဆိုရင် အနိုင်ကစားရပါလိမ့်မယ်။ နိုင်ဖို့လည်းရှိပါတယ်။
လီဗာပူးလ် နှင့် ဆန်းဒါးလန်း (၆-၂-၂၀၁၆ ည ၉း၃၀ SkyNet 6,HD)
လီဗာပူးလ်က နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ နောဝစ်ခ်ျ တစ်သင်းတည်းကို ပွတ်ကာသီကာနဲ့ ကံကောင်းပြီး နိုင်ခဲ့တယ်။ ခြေစွမ်းက အားရစရာမရှိဘူး။ ဒါပေမဲ့ ဒီလိုအိမ်ကွင်းပွဲစဉ်မျိုးမှာ တော့ ဆန်းဒါးလန်းကို အနိုင်ရသင့်ပါတယ်။ လီဗာပူးလ်ကိုအား မရပေမယ့် ကပ်နိုင်သွားလောက်ပါတယ်။
စပါး နှင့် ၀က်ဖို့ဒ် (၆-၂-၂၀၁၆ ည ၉း၃၀ SkyNet 5)
စပါးက လက်ရှိ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံကို ပြသနေတဲ့အသင်းပါ။ နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲရခဲ့တယ်။ (၁၀)ဂိုးသွင်းတယ်၊ (၂)ဂိုးပဲ ပြန်ပေးရတယ်။ အ ရှိန်ကောင်းကောင်းနဲ့ စီးဆင်းနေပါပြီ။ ၀က်ဖို့ဒ်တားလို့ မရလောက် ပါဘူး။ စပါး နိုင်ပွဲဆက်ဦးမှာပါ။
နယူးကာဆယ် နှင့် ၀က်စ်ဘရွန်း (၆-၂-၂၀၁၆ ည ၉း၃၀ SkyNet 4)
နယူးကာဆယ်က ပရီးမီးယားလိဂ်မှာ အံဝင်ပြီးသား၊ ခြေ စွမ်းပြပြီးသားကစားသမားတွေဘက်ကို ပြန်ပြီး ဦးတည်လာတာ ကိုတွေ့ရတယ်။ ရှယ်လ်ဗီနဲ့ တောင်ဆန်တို့ကို ရလိုက်တာ အရမ်း ကောင်းပါတယ်။ ၀ိုင်နယ်လ်ဒမ်း၊ ဆစ်ဆိုကိုတို့အတွက်လည်း ကောင်းပါတယ်။ ဒီပွဲတော့ နယူးကာဆယ်နိုင်ကိုနိုင်ပါလိမ့်မယ်။
ဆောက်သမ်တန် နှင့် ၀က်စ်ဟမ်း (၆-၂-၂၀၁၆ ည ၉း၃၀ SkyNet 6,HD)
ပုံစံကောင်းပြနေတဲ့အသင်းနှစ်သင်းရဲ့ပွဲပါ။ ၀က်စ်ဟမ်းအ သင်းက အဝေးကွင်းမှာတောင် အသင်းကြီးတွေကို ဒုက္ခပေးနိုင် ခဲ့ပါတယ်။ ဘီလစ်ရဲ့အသင်းက မာကျောပြီး ကြံ့ခိုင်မှုကောင်းပါ တယ်။ ဆောက်သမ်တန် ခြေတက်နေတယ်ဆိုပေမယ့် ၀က်စ် ဟမ်း သရေခံကစားဦးမှာပါ။
Credit – eleven media group

No comments:

Post a Comment