ရီးရဲတိုက်စစ်မှုးကြီးက ဘာစီလိုနာ အသင်းရဲ့ ပင် နယ် တီ ကန်သွင်းမှုရဲ့ အ ကြောင်းအရင်းကို သိပါတယ် လို့ဆိုသွားခဲ့ပါတယ် ။
ဘာစီလိုနာ အသင်းဟာ ဆယ်လ်တာဗီဂို အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပင် နယ် တီ ကို မက်ဆီ က ကန်မသွင်းပဲ ထိုးပေးခဲ့ပြီး ပြေးဝင် လာတဲ့ လူးဝစ်ဆွာရက် က သွင်းယူသွားခဲ့ပါတယ် ။ ဆွာရက် ဟာ အဆိုပါပွဲမှာ hat-trick ရယူနိုင် ခဲ့ပြီး လာလီဂါဂိုးသွင်းရှင် စာရင်းမှာ ရိုနယ်လ်ဒို ထက် အသာရရှ်ခဲ့ပါတယ်။
ရိုးမားအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမတိုင် မီ မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ ရိုနယ်လ်ဒို က "သူတို့ ဘာလို့ ဒီလိုလုပ်တာလဲဆိုတာ ကျွန်တော်သိပါတယ် ။ ဒါလောက်ပဲပြောပါရ စေ" လို့ဆိုသွားခဲ့ပါတယ် ။
အဆိုပါပင် နယ် တီ အ ပေါ် ပြောဆိုသုံးသပ်ဝေဖန်မှု အမျိုးမျိုး ရှိခဲ့ပြီး လှပ ဆန်းကြယ်တဲ့ performance လို့ ဆိုကြသူတွေရှိသလို ပြိုင် ဘက် ကို မ လေးစားတဲ့အပြုအမူလို့လည်းအမည်တပ်ကြသူတွေရှိခဲ့ပါတယ်။
ဒါ့အပြင် မက်ဆီ က သူ့ရဲ့ အစဉ်အလာပြိုင် ဘက် အ ပေါ် အသင်းဖော် ဆွာရက် က အသာရရှိအောင် ကူညီပေးခဲ့တာလို့လည်း ဆိုကြသူတွေရှိခဲ့ပါတယ်။ ဘာကာ စတား နေမာက တော့ ဒီပင် နယ် တီ ကို သူ နဲ့ ကန်ဖို့ ဇာတ်တိုက်ထားကြတာဖြစ်ပြီး ဆွာရက် က အနီးမှာ ရှိနေလို့ ကန်သွင်းခဲ့တာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
Credit – sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment