ဝက်စ်ဟမ်း နှင့် လီဗာပူးလ်
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အိမ်ကွင်းပွဲမှာ အရံတွေကိုပဲ ပွဲထုတ်ခဲ့တယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်း (၄)ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ဖိအားလည်းရှိနေလို့ အခုပွဲမှာ အဓိက ကစားသမားအများစုနဲ့ ပွဲထွက်လာဖို့များတယ်။ ၀က်စ်ဟမ်းအသင်းကတော့ နည်းနည်း အကျဘက်ယိုင်နေတယ်။အဝေးကွင်းဖြစ်ပေမယ့် ၀က်စ်ဟမ်း ကို FA ဖလားမှာ သမိုင်းတစ်လျှောက်မရှုံးဖူးသေးတဲ့ လီဗာပူးလ်ကိုပဲ ရွေးချယ်ချင် တယ်။
လိဂ်ချန်ပီယံရှစ် ပွဲစဉ်(၂၉)ပွဲကြိုသုံးသပ်ချက်
MK ဒွန်းစ် နှင့် မစ်ဒယ်ဘရော့
မစ်ဒယ်ဘရော့က နောက်ပိုင်းခြေကျနေသလို၊ MK ဒွန်းစ် အသင်းကလည်း သိပ်တော့ ထူးမခြားနားပါပဲ။ သရေကျဖို့များ ပြီး အနိုင်ဆိုရင်တော့ မစ်ဒယ်ဘရော့ပဲဖြစ်လိမ့်မယ်။
ဂျာမန်ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
လေဗာကူဆင် နှင့် ၀ါဒါဘရီမင်
လေဗာကူဆင်က ဒုတိယရာသီဝက်မှာ အခြေအနေပို ကောင်းနေ တယ်။ ဒါပေမဲ့ ဂိုးရဖို့ ဟာနန်ဒက်ဇ်ကိုပဲ အားထားနေရတာက ရေရှည်မှာ အခက်အခဲတွေ့နိုင်တယ်။ ၀ါဒါဘရီမင်အသင်းကတော့ ပွဲကျပ်တွေကြား မှာ ခြေပါကျသွားဖို့များတယ်။ လေဗာကူဆင် အနိုင်သေချာတဲ့ပွဲပါ။
စတုဂတ် နှင့် ဒေါ့မွန်
စတုဂတ်အသင်း လတ်တလောမှာ နိုင်ပွဲဆက်ပြီး ဒီရာသီ ရဲ့အကောင်း ဆုံးပုံစံရနေတယ်။ ဘွန်ဒစ်လီဂါမှာလည်း တန်းဆင်းအန္တရာယ် နဲ့ ဝေးကွာနေ လို့ ဖလားပြိုင်ပွဲကို ဖိဖိစီးစီးကစားသွားဖို့ ရာခိုင်နှုန်းများနေတယ်။ ဒေါ့မွန် အသင်း မထင်မှတ်ဘဲ အရေးနိမ့်သွားနိုင်တယ်။
ပြင်သစ်ဖလား ရှုံးထွက်(၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်
စိန့်မယ်လို နှင့် ဂါဇီလက်
အဆင့်ချင်းကွာပေမယ့် ဂါဇီလက် အာရုံစိုက်ဖို့မရှိလို့ အိမ်ရှင်ကို ပိုကြိုက်တယ်။
ဂရန်ဗယ်လ် နှင့် ဘိုအန်းဘရက်ဆီ
အပျော်တမ်းကလပ် ဂရန်ဗယ်လ်အတွက် အခုအဆင့်က အမြင့်ဆုံး ပဲဖြစ်လိမ့်မယ်။
ဆိုးချော့စ် နှင့် မိုနာကို
မိုနာကိုက အခုဖလားပြိုင်ပွဲထက် အမှတ်ပေးပြိုင်ပွဲမှာ အဆင့်(၂)နေ ရာမြဲဖို့ပဲ ပိုအားစိုက်ဖို့များတယ်။ အိမ်ရှင်ဘက်က ရပ်တည်တာ ပိုကောင်းလိမ့်မယ်။
Credit – eleven sport
Tuesday, February 9, 2016
FA ဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment