ဝက်စ်ဟမ်း ယူနိုက်တက် အသင်းသည် အဓိက ကွင်းလယ်ကစားသမား ဒီမီထရီ ပေယက်ကို စာချုပ်သစ် ချုပ်ဆိုလိုက်နိုင်ကြောင်း သိရသည်။
ပြင်သစ် လက်ရွေးစင် ပေယက်သည် တစ်ပတ်လုပ်ခ စတာလင်ပေါင် (၁၂၅၀၀၀)ထိ ရရှိမည့် (၅)နှစ် သက်တမ်း စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ပေယက်၏ စာချုပ်သည် (၂၀၂၀)ထိ ကျန်ရှိသေးသော်လည်း အသင်းက လုပ်ခလစာ တိုးမြှင့် ကမ်းလှမ်းကာ (၂၀၂၁)ထိ စာချုပ်လိုက်ခြင်း ဖြစ်သည်။ အမည်မဖော်ပြသည့် တရုတ်စူပါလိဂ် ကလပ်တစ်ခုက ယခုရာသီ ပရီးမီးယားလိဂ်တွင် အထူးတလည် ခြေစွမ်းပြနေသည့် ပေယက်ကို စတာလင်ပေါင် (၃၈)သန်းဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ဝက်စ်ဟမ်းက စာချုပ်သစ် အလျင်အမြန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
ပေယက်သည် နွေရာသီ ဈေးကွက်ကာလတွင် ပြင်သစ်ကလပ် အိုလံပစ်မာဆေးလ်မှ စတာလင်ပေါင် (၁၀)သန်း ဝန်းကျင်ဖြင့် လန်ဒန်သို့ ကူးပြောင်းလာသူ ဖြစ်သည်။ ဝက်စ်ဟမ်းမန်နေဂျာ ဆလာဗန် ဘီလစ်အတွက်မူ ပေယက်၏ စာချုပ်ကိစ္စကို လျင်မြန်စွာ ဖြေရှင်းနိုင်ခြင်းက အားတက်စရာ အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။ ပေယက်သည် လက်ရှိရာသီ ပြသနေသည့် ခြေစွမ်းကောင်းများကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းကြီးများ၏ စိတ်ဝင်စားမှုကိုလည်း ခံနေရသူလည်း ဖြစ်သည်။
Credit – Soccer Myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment