ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဗလန်စီယာနဲ့ ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့လို့ သူ့ရဲ့ကစားသမားသက်တမ်း တစ်လျောက် သွင်းဂိုး (၅၀၀)ပြည့်သွားခဲ့ပါတယ်။ မက်ဆီဟာ အဲ့ဒီပွဲမှာ (၄၉၉)ဂိုးမြောက်ဂိုးကို (၂၉) မိနစ်မှာသွင်းယူခဲ့ပြီး (၅၀၀)ဂိုးမြောက်ဂိုးကို မိနစ် (၅၉)မိနစ်မှာသွင်းယူခဲ့တာဖြစ်ပါတယ်။ (၇၄)မိနစ်မှာ သူ့ရဲ့ (၃၇)ကြိမ် မြောက်ဟက်ထရစ်နဲ့ (၅၀၁)ဂိုးမြောက်ဂိုးကိုသွင်းခဲ့ပြီး မှတ်တိုင်သစ်တစ်ခုတင်နိုင်ခဲ့ ပါတယ်။
အသက် ၂၈နှစ်ရှိတဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်း အတွက် ပွဲပေါင်း (၆၃၇)ပွဲကစားပေးခဲ့ပြီး စုစုပေါင်း (၅၀၁)ဂိုး၊ ဂိုးရအောင်ဖန်တီးပေးမှု (၂၀၄) ကြိမ်၊ ဆုဖလား (၂၈)ဖလားနဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ဆုကို ၅ကြိမ် တိုင်တိုင်ရရှိထားတဲ့ အငြင်းပွားဖွယ်ရာမရှိ အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းတွေအတွက် သွင်းဂိုးပေါင်း (၄၈၅)ဂိုး နဲ့ ဂျူနီယာအဆင့်(အာဂျင်တီးနားယူ-၂၀နဲ့ ယူ-၂၃)ပြိုင်ပွဲတွေမှာ ၁၆ဂိုးသွင်းယူခဲ့လို့ အခုလို သွင်းဂိုး (၅၀၀)ဂိုးကျော်သွားခဲ့တာပါ။
၂၀၀၄-၀၅ရာသီမှာ ဘာစီလိုနာအသင်းနဲ့အတူ စီနီအသင်းမှာစတင်ပါဝင်ခွင့်ရတဲ့မက်ဆီ ဟာ ကလပ်အတွက် (၅၀၉)ပွဲမှာ (၄၃၆)ဂိုးသွင်းယူခဲ့ပေးခဲ့ပြီး တစ်ပွဲကို (၀.၈၆)ဂိုးနှုန်း သွင်းပေး ထားသူဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်မှာတော့ မက်ဆီဟာ ဘောလုံးလောကတစ်ခုလုံးရဲ့ စံချိန်တွေ ကိုချိုးယူနိုင်ခဲ့ပါတယ်။ ကလပ်နဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက် တစ်နှစ်ပတ်လုံးမှာ သွင်းဂိုး (၉၁)ဂိုးနဲ့ဟက်ထရစ်(၉) ကြိမ်အထိရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီ ၉၁ဂိုးမှာ ဘာစီလိုနာအတွက် (၇၉)ဂိုး နဲ့ အာဂျင်တီးနားအတွက် (၁၂)ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး တစ်ပွဲ ပျမ်းမျှ(၁.၃၂)ဂိုး အထိသွင်း ယူခဲ့တာပါ။ ဒါဟာ အနောက်ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်မှူးဟောင်း ဂတ်မူလာတင်ထား တဲ့ (၈၅)ဂိုးစံချိန်ထက်ပင် ၆ဂိုးပိုများခဲ့တာဖြစ်ပါတယ်။ ၂၀၀၆ခုနှစ်ကစပြီး ကမ္ဘာ့ဘောလုံးလောက မှာ နာမည်ကျော်ကြားလာပြီး ၂၀၀၉ ခုနှစ်မှာ အကောင်းဆုံးဆုစတင်ရရှိခဲ့တဲ့ မက်ဆီဟာ လက်ရှိ အချိန်မှာတော့ စံချိန်သစ်တွေ တစ်ခုပြီးတစ်ခုတင်ရင်း ဘောလုံးသမိုင်းတစ်လျောက်အကောင်း ဆုံးဆိုတဲ့ ဂုဏ်ပုဒ် အညီ နောက်ထပ်အောင်မြင်မှုတွေများစွာကိုရရှိဦးမှာတော့အသေအချာပါပဲ။
Credit - BBC Burmese
Thursday, February 4, 2016
ဟက်ထရစ်ဂိုး နဲ့အတူ မက်ဆီ သွင်းဂိုး ၅၀၀ ပြည့်ပြီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment