Monday, February 15, 2016

ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့်ဒိုင်ကို မန်စီးတီးနည်းပြ ဝေဖန်

 မန်စီးတီးနည်းပြ ပယ်လီဂရီနီ ပြင်းပြင်းထန်ထန် ဝေဖန်
စပါးအသင်းကို ပယ်နယ်တီ ကန်ခွင့်ပြုခဲ့သည့် ကွင်းလယ်ဒိုင် မက်ကလက်တန်ဘက်ကို မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း သိရသည်။

ယင်းပွဲတွင် စပါးနောက်ခံလူ ဒန်နီရို့စ်၏ ဖြတ်တင်ဘောကို မန်စီးတီး တောင်ပံကစားသမား စတာလင်က ပယ်နယ်တီ ဧရိယာအတွင်း တားဆီးရာတွင် လက်ထိသည်ဟု ကွင်းလယ်ဒိုင် မက်ကလက်တန်ဘက်က သတ်မှတ်ခဲ့ပြီး ပယ်နယ်တီ ကန်ခွင့်ပြုခဲ့သည်။

ယင်းပယ်နယ်တီကို စပါး တိုက်စစ်မှူး ဟာရီကိန်းက ကန်သွင်းပြီး ဦးဆောင်ဂိုးရခဲ့သည်။ ထို့နောက် မန်စီးတီး တိုက်စစ်မှူး အီဟီယာနာချို၏ သွင်းဂိုး၊ စပါးကွင်းလယ်လူ အဲရစ်ဆင်၏ သွင်းဂိုးများ ဖြစ်ပေါ်ခဲ့ပြီး စပါးအသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည်။

မန်စီးတီးနည်းပြ ပယ်လီဂရီနီက "ဒါဟာ လုံးဝ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပါ။ ဘောလုံးက စတာလင်ရဲ့ကျောကို အရင်ထိမှန်ပြီးမှ တံတောင်ဆစ်နဲ့ ထိမိခဲ့တာပါ။ စတာလင်က ဘောလုံးကို မြင်တောင် မမြင်ရပါဘူး"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ပယ်လီဂရီနီက စပါးနှင့် နှစ်ကျော့စလုံးကို ကွင်းလယ်ဒိုင်အဖြစ် မက်ကလက်တန်ဘက် တစ်ဦးတည်း တာဝန်ယူပြီး အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းကို စိတ်ပျက်မိကြောင်း၊ ပထမအကျော့ကလည်း လူကျွံဘော(၂)ဂိုးကို ခွင့်ပြုခဲ့ပြီး မိမိတို့ ရှုံးနိမ့်ခဲ့ရကြောင်း၊ ယခုပွဲတွင် ယင်းပယ်နယ်တီမှာ ပွဲကို အဆုံးအဖြတ် ပေးခဲ့ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ပွဲချိန်အတွင်း ပယ်လီဂရီနီက စတုတ္ထဒိုင်ထံ ချဉ်းကပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရာတွင်လည်း "ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုဖို့အတွက်ပါ"ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

Credit – Eleven Sports



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment