Sunday, February 21, 2016

စည်သူအောင် ခြောက်ပွဲပယ်ပြစ်ဒဏ် ပြည့်မြောက်

လက်ရွေးစင်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ် ပျက်ကွက်မှုကြောင့် ခြောက်ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရသည့် ရတနာပုံကွင်းလယ်လူ စည်သူအောင်သည် ယခုအခါတွင် ပွဲပယ်ပြစ်ဒဏ် ပြန်လည် ပြည့်မြောက်ကာ ဖေဖော်ဝါရီ ၂၁ ရက် (ယနေ့ညနေပိုင်း) ရတနာပုံနှင့် ဇွဲကပင်အသင်းပွဲစဉ်၌ ၂၀၁၆ ဘောလုံးရာသီ သူ၏ပထမဦးဆုံး ပွဲထွက်ခွင့်အဖြစ် ပါဝင်ကစားခဲ့သည်။ ယင်းပွဲတွင် စည်သူအောင်သည် ရတနာပုံအသင်းအတွက် ပွဲချိန် ၇၉ မိနစ်၌ အောင်သူ သွင်းယူပေးခဲ့သည့် ချေပဂိုးအား ပြစ်ဒဏ်ဘောမှတစ်ဆင့် ဖန်တီးပေးပို့နိုင်ခဲ့သည်။ အဆိုပါပွဲ၌ ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်းတို့သည် တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး တစ်ဂိုးစီသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။

Credit – Hyper Sports



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment