Monday, February 8, 2016

အားကစားသတင်းတိုများ

မန်စီးတီးအသင်းဟာ တိုက်စစ်မှုး အဂူရို ရဲ့ စာချုပ် ကို ရာသီမကုန် ခင် မှ သက် တမ်းတိုးဖို့ လုပ် ဆောင် နေတယ် လို့ သိရပါတယ်။ အခြား မန်စီးတီး ကစားသမား တဦးဖြစ် တဲ့ ဇာဘလက် တာ က တော့ နည်းပြ သစ် ဂွာဒီယိုလာ ရဲ့ လက် ထက် မှာ အသင်းရှိ ကစားသမား အများအပြား စွန့်ခွာရမှာကို စိုးထိတ် မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။
လီဗာပူးနည်းပြ ယာဂင် က လော့ ဟာ ကျန်းမာရေးပြန် လည် သက်သာလာပြီဖြစ် ကာ တနင်္လာနေ့ ( ယ နေ့ ) မှာ လေ့ကျင့်ရေးကွင်းကို ပြန် လည် ရောက် ရှိလာနိုင် တယ် လို့ သတင်းရရှိပါတယ်။
ပရိသတ် တွေနဲ့ ကစားသမားဟောင်းတွေက အပြင်းအထန် ဝေဖန် ကန့်ကွက် ရှုတ် ချခဲ့တဲ့ အတွက် လီဗာပူး တာဝန် ရှိသူတွေဟာ လာမယ့်ရာသီ လက် မှတ် ဈေးနှုန်းတိုးမြင့်ဖို့ အစီအစဉ် ကို ပြန် လည် သုံးသပ် နေကြပြီ လို့ သိရပါတယ်။ ဒါပေမယ့် လီဗာပူး ပရိသတ်တွေက တော့ ပြောင်းလဲမှု မရရှိမခြင်း ဆက် လက် ဆန္ဒပြသွားမှာ ဖြစ်ပြီး ချဲလ်ဆီး ၊ မန်စီးတီး တို့နဲ့ ကစားမယ့် ပွဲစဉ် တွေမှာလည်း ဆန်းဒါးလန်းနဲ့ ပွဲကလို လုပ် ရပ် မျိုးတွေ လုပ် ဆောင် သွားဦးမယ် လို့ သိရပါတယ်။
အာဆင် နယ် အသင်းဟာ တိုက် စစ် မှုး ဆန်းချက် အတွက် ၅ နှစ် ခွဲ သက် တမ်းရှိပြီး စုစုပေါင်း ၀င် ငွေ ပေါင် ၅၁.၅ သန်း ရရှိမယ့် စာချုပ် သစ် အတွက် ဆွေးနွေးနေပြီလို့ သိရပါတယ်။
လက်စတာအသင်းဟာ ပြင် သစ် ရင်းနစ် အသင်းရဲ့ တောင် ပံ ကစားသမား ဒမ်ဘီလီ ( ၁၈ နှစ် ) ကို မန်ယူ ၊ ချဲလ်ဆီး ၊ အာဆင် နယ် အသင်းတို့နဲ့ အပြိုင် စိတ် ၀င် စားနေတယ် လို့ သိရပါတယ်။ ဒါ့အပြင် CSKA Moscow အသင်းရဲ့ ၂၃ နှစ် အရွယ် တိုက်စစ်မှုး မူဆာ ကိုလည်း နွေရာသီမှာ ပေါင် ၂၃ သန်းနဲ့ ကမ်းလှမ်းမယ် လို့လည်း သိရှိရပါတယ်။
နယူးကာဆယ် နည်းပြ မက္ကလာရင် ဟာ တရုတ် စူပါလိဂ် ( သို့ ) အ ရှေ့အလယ် ပိုင်းသို့ပြောင်းရွှေ့ဖို့ စိတ် ၀င် စားနေတဲ့ ကွင်းလယ်လူ တီအိုတီ ကို အသင်းမှာ ဆက် ရှိနေ စေ ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ဘောလုံးသတင်းအချက် အလက် တွေကို ခိုးယူဖော် ထုတ် နေတဲ့ Football Leaks ၀က် ဆိုက် က မန်ယူ ကစားသမားတွေရဲ့ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီက အကျိုးခံစားခွင့်တွေကို ထုတ် ဖော် ခဲ့ပါတယ်။ အဆိုပါ အကျိုးခံစားခွင့်တွေထဲမှာ ကစားသမားတဦးအနေဖြင့် ပရီးမီးယားလိဂ် ဖလားရရှိပါက ဘောနပ် ပေါင် ၂.၅ သန်း ၊ ချန်ပီယံလိဂ် ရရှိပါက ပေါင် ၅.၂၅ သန်း ကို အပိုဆုကြေးအ နေဖြင့် ရရှိမယ် လို့ ပါရှိခဲ့ပါတယ်။
ဘာစီလိုနာ အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ ဖာနန် ဒက် က နေမာ ဟာ စပိန်မြေမှာ ပျော် ရွှင် နေပြီး မန်စီးတီး ကို ပြောင်းရွှေ့နိုင် တယ် ဆိုတဲ့ ကောလဟာာလ တွေကို ငြင်းဆိုသွားခဲ့ပါတယ်။
ဘိုင်ယန်မြုးနစ် တိုက်စစ်မှုး လီဝန် ဒေါ့စကီး ဟာ အသင်းနဲ့ စာချုပ် သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပြီလို့ အေးဂျင့် ဖြစ် သူက ထုတ် ဖော် ပြောဆိုသွားခဲ့ပါတယ်။
ဗီလာ နည်းပြ ဂါဒီ ဟာ လက် စတာ အသင်းရဲ့ ယခုနှစ် ရာသီကြိုးစားအားထုတ် ပုံတွေကို အသင်းသားတွေ အတွက် စံနမူနာ ယူထားဖို့ တိုက် တွန်းသွားခဲ့ပါတယ်။ လက်စတာအသင်းဟာ ယမန်နှစ် က တန်းမဆင်းရ အောင် ရုန်းကန် ခဲ့ရ ပေမယ့် ယခုနှစ် မှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာမှာ ရပ် တည် နေခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဒဏ် ရာကြောင့် ကာလရှည် အနားယူနေရတဲ့ နောက် ခံလူ လုခ် ရှော ဟာ ယမန် နေ့ညက ပွဲစဉ် မှာ ဒဏ် ရာရရှိပြီး ကွင်းအတွင်းက ထွက် ခွာခဲ့ရတဲ့ ချဲလ်ဆီး နောက် ခံလူ ဇူးမား အတွက် တွစ် တာ မှ တဆင့် ဆုတောင်းစကားပြောဆိုသွားခဲ့ပါတယ်။ လုခ်ရှော ရဲ့တွစ်တာ ပိုစ့် အောက် မှာ ချဲလ်ဆီး ပရိသတ်တွေက ၀ိုင်းဝန်းချီးကျုးသွားခဲ့တယ် လို့လည်း သိရပါတယ်။
Credit – sport

No comments:

Post a Comment